အကောင်းဆုံးဖြစ်အောင် ကြိုးစားလျှက်ပါ
ပေါက်ကရ ဘလော့ဂ်တွင် Post များ ပြန်တင်နေပါသည်။ အားလုံး ကျေးဇူးတင်ပါတယ်။

January 19, 2011

ဧရာဝတီမော်ကွန်း

ကျောရိုးဆန့်  ဧရာဝတီဟာ
မာယာလည်းဆန်
ကဗျာလည်းဆန်
ဒါ...တို့ ရဲ့ သဏ္ဍာန်ပေါ့....။

သွန်းလောင်းခဲ့ တို့ သွေးချွေး
တို့ ဘိုးဘေးတို့ တည်ထောင်
မြန်မာ့လူ့ လောင်ဟာ သိမ်မွေ့ ခဲ့တယ်.....။

ဘိုးဘွားတို့  အစဉ်အလာက
ရိုးသားတဲ့ မြန်မာလို့ 
ကမ္ပည်းမော်ကွန်းပြု
တို့ ယဉ်ကျေးမှု ခိုင်မြဲခဲ့တယ်.......။

အမျိုး ဘာသာ သာသနာနဲ့ 
မညှိုးရောင်ဝါ ထိန်ထိန်ငြီး
တို့ ထီးတို့ နန်းလည်း တင့်ခဲ့ဖူးတယ်.....။

ဒီ..ဧရာဝတီ
စီးဆင်းနေသရွေ့ 
တို့ သွေးချင်းနောင်မယ်
ကူးယှက်နွယ်ပျော်မွေ့ 
တို့ ဓလေ့ ခိုင်မြဲဖို့ လိုတယ်.....။ ။

Chocolate city ဆိုက်မှ ကူးယူဖေါ်ပြခြင်း ဖြစ်ပါသည်။