
သေချာတာကတော့…..
မင်းကို ချစ်တယ်လို့ ပြောတဲ့ စကားလုံးတွေ
ညောင်နှစ်ပင် ညီလာခံ မဟုတ်ပါ။
သေချာတာကတော့…..
မင်းကိုသတိရတယ်လို့ ပြောတဲ့စကားလုံးတွေ
MRTV နှင့် MWD မဟုတ်ပါ။
သေချာတာကတော့…..
မင်းကိုလွမ်းတယ်လို့ ပြောတဲ့ စကားတွေ
နအဖ သတင်းစာရှင်းလင်းပွဲ မဟုတ်ပါ။
သေချာတာကတော့…..
ငါ့ရဲ့အတ္တကြောင့် အဓ္ဓမမှုမြောက်တဲ့ အချစ်တွေ
စုစုနွေးလဲ မကယ်နိုင်ပါ။
သေချာတာကတော့…..
တချိန်တုန်းက အချစ်ကို မခံစားတတ်ခဲ့ပေမယ့်
အခုတော့ အရူးအမူး အရသာခံနေတော့တာပဲ။
ဒေ၀ီ
၁၀၊ ၂၊ ၂၀၀၈



























