အကောင်းဆုံးဖြစ်အောင် ကြိုးစားလျှက်ပါ
ပေါက်ကရ ဘလော့ဂ်တွင် Post များ ပြန်တင်နေပါသည်။ အားလုံး ကျေးဇူးတင်ပါတယ်။

September 14, 2012

စည်သွတ်စက်ရုံမှ ထွက်ရှိတဲ့ ရေဆိုးတွေကြောင့် ပတ်ဝန်းကျင် ညစ်ညမ်းနေ

မိတ္ထီလာစက်မှုဇုန်မှာရှိတဲ့ စည်သွတ်စက်ရုံတစ်ရုံတွင် ထွက်ရှိတဲ့ ရေဆိုးတွေကို လူနေရပ်ကွက်အတွင်းမှာပဲ စီးဆင်းမှု မရှိတဲ့ မြောင်းကြီး (အကျယ် ၇ ပေခန့်) တူးပြီး ကန့်သတ်မဲ့ စွန့်ပစ်ထားတယ်လို့ သိရပါတယ်။

အဆိုပါ ရေဆိုးမြောင်းကြောင့် ပတ်ဝန်းကျင်မှာ နေထိုင်ကြတဲ့ ပြည်သူအများ (အခြေခံပညာကျောင်း တစ်ကျောင်း အပါအဝင်) မှာ ကိုယ်စိတ်နှစ်ပါး ဆင်းရဲခြင်းဒဏ်ကို ခံနေရတယ်လို့ မြို့ခံတွေက Myanmar News Now ကို ပြောပါတယ်။

မိုးခပ်သည်းသည်းရွာလိုက်ပြီဆိုရင် နဂိုကမြေနိမ့်လို့ ရေဝင်တဲ့အိမ်တွေမှာ ရွံရှာစရာကောင်းတဲ့အပြင် ကျန်းမာရေးကို ကောင်းကောင်းကြီး ဒုက္ခပေးမည် ရေဆိုးများ ကျဆင်းမသွားမချင်း စိတ်ဆင်းရဲခြင်းကြီးစွာနဲ့ နေနေရကြောင်း ရေဆိုးမြောင်းဘေးမှာ နေထိုင်သူတဦးကလည်း ပြောပါသည်။

အရှည် ၃ - ဖာလုံလောက်နဲ့ အကျယ် ၇ ပေလောက်ရှိတဲ့ မြောင်းထဲက ဒီရေဆိုးတွေဟာ စီးဆင်းသွားခြင်း မဟုတ်ပဲ နေရာမှာတင် အောင်းနေတာဖြစ်တဲ့အတွက် ဒီရေဆိုးပမာဏဟာ ပတ်ဝန်းကျင်မှာရှိနေတဲ့ အများပြည်သူသုံးစွဲနေတဲ့ မြေအောက်ရေအပေါ် ဘယ်လောက်အတိုင်းအတာထိ ဆိုးကျိုးသက်ရောက်နေပြီလဲ၊ ဘယ်လောက်အတိုင်းအတာထိ ဆက်ပြီးဆိုးကျိုးတွေပေးနိုင်သေးလဲ ဆိုတာတွေအပေါ် လူ လူချင်း စာနာထောက်ထားသောအားဖြင့် လေ့လာသုံးသပ်ပြီး ကောင်းမွန်သော နည်းလမ်းများဖြင့် အများပြည်သူ ကိုယ်စိတ်နှစ်ပါး ဆင်းရဲခြင်းမှ လွတ်ကင်းရအောင် ဆောင်ရွက်နိုင်သူ၊ ဆောင်ရွက်ပိုင်ခွင့်ရှိသူ မည်သူမဆို အမြန်ဆုံးဆောင်ရွက်ပေးကြပါရန် မေတ္တာရပ်ခံကြောင်း မြို့ခံများက Myanmar News Now ကို ပြောပါတယ်။

Myanmar News Now မှ ကူးယူဖေါ်ပြ။

0 ဝေဖန်ပေးပြီးပြီ: