အကောင်းဆုံးဖြစ်အောင် ကြိုးစားလျှက်ပါ
ပေါက်ကရ ဘလော့ဂ်တွင် Post များ ပြန်တင်နေပါသည်။ အားလုံး ကျေးဇူးတင်ပါတယ်။

July 21, 2008

Apple


ကုမ္ပဏီအမည်ပေးဖို့ Steve Job တစ်ယောက် သုံးလတိုင်တိုင် စဉ်းစားမရခဲ့ပါဘူး။ စီးပွားရေးလုပ်ငန်းကြီးတစ်ခုလည်း ဖြစ်လာစေချင်တယ်။ ကုမ္ပဏီအသစ်လည်း ဖြစ်နေတယ်။ ဖြစ်ချင်တော့ ကုမ္ပဏီရယ်လို့ တည်ထောင်ဖွဲ့စည်းပြီးခဲ့ပြီ။ တရားဝင် စာရွက်စာတမ်းတွေနဲ့တကွ ရုံးဌာနတွေကို မလျှောက်ရသေးတာသာ ရှိတာ ဝန်ထမ်းတွေလည်း ခန့်အပ်ထားခဲ့ပြီ။ ဒါပေမယ့် နာမည်ကလည်း စဉ်းစားမရ။ အဲဒီလိုနဲ့နေရင်း တစ်နေ့တော့ သူ့ဝန်ထမ်းကို ခေါ်ပြီးပြောတယ်။ တကယ်လို့ ဒီနေ့ ငါးနာရီမှာ ကျွန်တော့်ကို အကောင်းဆုံး အမည်ပေးနိုင်တဲ့လူရှိရင် အဲဒီနာမည်နဲ့ ကျွန်တော်လိုင်စင်လျှောက်လိုက်တော့မယ်ဗျာ။

ဒါပေမယ့် ကံဆိုးချင်တော့ ညနေ ငါးနာရီသာ ထိုးသွားရော။ ဘယ် လူတစ်ယောက်ကြောင်တစ်မြီးကမှ သူလိုချင်တဲ့အကောင်းဆုံးအမည်ကို စဉ်းစားမပေးနိုင်ခဲ့ဘူး။

အဲဒီအချိန်မှာ နာမည်လာပေးနိုး လာပေးနိုးနဲ့ စတိဗ်ဂျော့ဘ်တစ်ယောက် 'ပန်းသီး' တစ်လုံးကို ထိုင်စားရင်း စောင့်နေခဲ့တယ်။ ကံကောင်းချငတော့ သူ့ကုမ္ပဏီအတွက် အကောင်းဆုံးအမည်ကို စဉ်းစားလို့ ရသွားခဲ့တယ်။ အဲဒီမှာ 'Apple' ဖြစ်လာခဲ့တယ်။

0 ဝေဖန်ပေးပြီးပြီ: