တမ်းတမ်းတတ လွမ်းနေရခိုက်တိုင်းမှာတောင်
လှိုက်မောရှိုက်ဖို......နင့်...ကို ချစ်နေသေးရဲ့...
ညသန်းခေါင်ကြီးကလည်း...အူကြောင်ကြောင်နဲ့
ကိုယ့်ဘေးနားလာရပ်...မှောင်ရက်မတ်တပ်ကြီး....
ကော်ဖီခွက်လေးအရှေ့မှာ......ကဗျာတစ်စလေးနဲ့အတူ
ကိုယ်ကို...ကူပြီးလွမ်းပေးနေကြတယ်။
သောကြာအရပ်ကို လှမ်းငေးတော့...
ကြယ်စင်တွေ ဖွေးဖွေးဝေ့ဝေ့ပြေးလို့...ကိုယ့်ချစ်သူလေး
စာကြည့်စာပွဲလေးပေါ်မေးတင်...
ကိုယ့်ကို မလွမ်းဘဲ....၊
သင်ရိုးကျမ်းချက်တွေကိုသာ ကျေညက်အောင်
မှတ်သားလေ့ကျင့်နေပါကွယ်။
ဒီဆောင်းရက်စွဲတွေကို
ငါ...နင့် အပြုံးတစ်ပွင့်နဲ့တင်
ကျော်ဖြတ်ထားဝံ့တာပေါ့.....
ဒီလို...
တမ်းတမ်းတတ လွမ်းနေရခိုက်တိုင်းမှာတောင်
လှိုက်မောရှိုက်ဖို......နင့်...ကို ချစ်နေသေးရဲ့...
ဘုန်းသန့်ခန့်