အကောင်းဆုံးဖြစ်အောင် ကြိုးစားလျှက်ပါ
ပေါက်ကရ ဘလော့ဂ်တွင် Post များ ပြန်တင်နေပါသည်။ အားလုံး ကျေးဇူးတင်ပါတယ်။

March 4, 2008

ရူးနေကျ စိတ်ကူး

နမ်းမိသော ထောင်ချောက်နဲ့ ဆင်းမိတဲ့ မီးပုံကရင်ခုန်သံ တူတယ်။နာရဖန်များတဲ့ အနာဟာ ကြာရင် မနာတတ်တော့တာ သဘာဝပဲ။ငါ့အကြိုက်ကို ဖဲ့ဖဲ့မြည်းနေတဲ့ ခေတ်ကြီးက လွယ်တယ်ဆိုတာ မရှိလို့အလွယ်တကူရတဲ့ လွယ်အိတ်ကို လွယ်ရမှာတောင် မလွယ်ချင်တော့ဘူး။ဘက်စကားများများပြောပြီး ဘက်မှားသူတွေရဲ့ ဟာသကလည်းမရယ်ရဘူး။ဓါးတွေရဲ့နောက်ကျော ဓါးစိုက်ခံရတာလည်း ဘာမှမဆန်းဘူး။လိပ်ပြာတွေက လိပ်ပြာမရှက်သလိုမျက်နှာတွေက မျက်နှာပြောင်တယ်။ဒေါင်လိုက်တက်ရမယ့်တောင်နဲ့ အလျားလိုက်ကူးရမယ့် ပင်လယ်ပဲ ပေးပါ။လျှောက်နေကျ လမ်းကလေးမူးနေရင် ထုံးစံအတိုင်းရူးနေကျ စိတ်ကူးတွေလည်းဟိုရောက်ဒီရောက်။ ။မြေလတ်မောင်မြင့်သူ(မဟေသီ...