ရင်ခုန်သံ တူတယ်။
နာရဖန်များတဲ့ အနာဟာ ကြာရင် မနာတတ်တော့တာ သဘာဝပဲ။
ငါ့အကြိုက်ကို ဖဲ့ဖဲ့မြည်းနေတဲ့ ခေတ်ကြီးက လွယ်တယ်ဆိုတာ မရှိလို့
အလွယ်တကူရတဲ့ လွယ်အိတ်ကို လွယ်ရမှာတောင် မလွယ်ချင်တော့ဘူး။
ဘက်စကားများများပြောပြီး ဘက်မှားသူတွေရဲ့ ဟာသကလည်း
မရယ်ရဘူး။
ဓါးတွေရဲ့နောက်ကျော ဓါးစိုက်ခံရတာလည်း ဘာမှမဆန်းဘူး။
လိပ်ပြာတွေက လိပ်ပြာမရှက်သလို
မျက်နှာတွေက မျက်နှာပြောင်တယ်။
ဒေါင်လိုက်တက်ရမယ့်တောင်နဲ့ အလျားလိုက်ကူးရမယ့် ပင်လယ်ပဲ ပေးပါ။
လျှောက်နေကျ လမ်းကလေးမူးနေရင် ထုံးစံအတိုင်း
ရူးနေကျ စိတ်ကူးတွေလည်း
ဟိုရောက်ဒီရောက်။ ။
မြေလတ်မောင်မြင့်သူ
(မဟေသီ မဂ္ဂဇင်း။ အမှတ် ၂၇၈၊ ဖေဖော်ဝါရီ၊ ၂၀၀၈ ခုနှစ်)
0 ဝေဖန်ပေးပြီးပြီ:
Post a Comment