မိဘမသင်ပေးတဲ့ ပညာ
မေ့မရတဲ့ နိုဝင်ဘာ ၁၉
သံချေးတက်နေတဲ့ ငါ့ရဲ့အတွေး
ခေတ်နောက်ကျခဲ့တဲ့ ငါ့စတိုင်လ်
အသက်ရှူလျက်နဲ့ သေနေသောသူမို့
အထီးကျန်တဲ့ ငါ့ရဲ့နှလုံးသား
အိုး… အလွမ်းတွေနဲ့ မဆုံးတတ်တော့ပါလား။
စာကြည့်ဘို့ ကြိုးစားတော့ မင်းဟာငါ့ကိုမူးယစ်စေ
ကဗျာရေးဘို့ ကြိုးစားတော့ ကာယာမညီတဲ့ မင်တံ
ကက်ဆက်နားထောင်ဘို့ ကြိုးစားတော့ မင်းရဲ့တေးသံချိုလေး
အိပ်ဘို့ ကြိုးစားတော့ အစိမ်းလတ်လတ် ခြောက်ခြားည
ည ၁၀ နာရီကျော်တော့ ငါ့ဝိဉာဉ်ဟာ ပျောက်ကွယ်
မနက်မိုးလင်းတော့ ကွက်လပ်ကမ္ဘာကြီး
အိုး… ငါဘာဆက်လုပ်ရမှာလဲ……
အိုး… ငါဟာ အလွမ်းသည် ဖြစ်နေရောပေါ့။
ဒေ၀ီ
0 ဝေဖန်ပေးပြီးပြီ:
Post a Comment