မေတ္တာရွှေဘုံ နန်းမှာ
သစ္စာ စိန်စီထားတဲ့ သဲပုလ္လင်ထက်က သခင်
မာနသိက္ခာ ခဝါချလျှက် ဦးထိပ်ပန်ဆင်
သက်လျာခင့်ကို ချစ်ပန်းသစ္စာ
ဆင်မြန်းစေချင်
အကျင်နာချစ်မိုး စေဖြိုးဝေလျှံ
အပယ်ခံ နှလုံးသားမဖြစ်လိုညားလဲ
ရှုမညီးဖွယ်ရာ သခင်မျက်နှာကြောင့်
ရွှေဘဝင်တော် ညှိုး မနွမ်းရအောင်
မသွေတိမ်းရှောင် ဆောင်ကျဉ်းပါလှည့်
အနက်ရှိုင်းဆုံး စံအိမ်ထက်ဝယ်
ကတိ သစ္စာ ကမ္ဗည်းတင်လျှက်
သခင့်အလိုကျ စေညွန်းရာကို
မျက်ရည်ပုလဲ လည်ဆွဲပမာ
ယုံကြည်မျက်နှိး အချစ်တန်ခိုးဖြစ်
ထွေးပိုက် လှည့်မည် သခင်
သဒ္ဓါ...
April 10, 2010
April 5, 2010
နွေရယ်၊ ဥသြရယ်၊ ပန်းတောက်ရယ်၊ သင်္ကြန်ရယ်
သမုဒ္ဒရာ ဝမ်းတထွာတဲ့
တထွာမို့လို့ တော်သေး တတောင်ဆိုရင်တော့ဖြင့် ဝမ်းရေးအတွက် ရေကြည်ရာ မြက်နုရာ နယ်မြေသစ်ကို ရှာ ဇာတိမြေမှ ခွာ အမိအဖကို ကန်တော့ ရင်ကို ကော့၍ သလွင့်ကို ဖြတ် ဒေါနကို ကျော် သောင်ရင်းကို ကူး အနေထူးလို့ နှစ်သစ်တွေလည်း ကူးခဲ့ပြီ..... ဤဒေသမှာ မြန်မာသင်္ကြန်အငွေ့အသက် တစက်ကလေးမှ မတွေ့ရပါလား သူတို့ ရိုးရာဓလေ့က တသက်မှာ မမေ့နိုင်စရာ ဖျော်ကာ ပေါင်တာမှုန့် ပါးကို သုပ်သတဲ့ ဒို့ယဉ်ကျေးမှုနဲ့ဆိုရင် ပါး-ရှစ်စိတ်ခွဲပြီပါ...... ဒို့မြန်မာပြည်မှာ လမ်းဆုံ...
Subscribe to:
Posts (Atom)