အကောင်းဆုံးဖြစ်အောင် ကြိုးစားလျှက်ပါ
ပေါက်ကရ ဘလော့ဂ်တွင် Post များ ပြန်တင်နေပါသည်။ အားလုံး ကျေးဇူးတင်ပါတယ်။

April 10, 2010

သခင်

မေတ္တာရွှေဘုံ နန်းမှာ
သစ္စာ စိန်စီထားတဲ့ သဲပုလ္လင်ထက်က သခင်
မာနသိက္ခာ ခဝါချလျှက် ဦးထိပ်ပန်ဆင်
သက်လျာခင့်ကို ချစ်ပန်းသစ္စာ
ဆင်မြန်းစေချင်
အကျင်နာချစ်မိုး စေဖြိုးဝေလျှံ
အပယ်ခံ နှလုံးသားမဖြစ်လိုညားလဲ
ရှုမညီးဖွယ်ရာ သခင်မျက်နှာကြောင့်
ရွှေဘဝင်တော် ညှိုး မနွမ်းရအောင်
မသွေတိမ်းရှောင် ဆောင်ကျဉ်းပါလှည့်
အနက်ရှိုင်းဆုံး စံအိမ်ထက်ဝယ်
ကတိ သစ္စာ ကမ္ဗည်းတင်လျှက်
သခင့်အလိုကျ စေညွန်းရာကို
မျက်ရည်ပုလဲ လည်ဆွဲပမာ
ယုံကြည်မျက်နှိး အချစ်တန်ခိုးဖြစ်
ထွေးပိုက် လှည့်မည် သခင်

သဒ္ဓါခင်

0 ဝေဖန်ပေးပြီးပြီ: