အကောင်းဆုံးဖြစ်အောင် ကြိုးစားလျှက်ပါ
ပင်မ စာမျက်နှာ
သတင်း
ထားဝယ်ဒေသအတွင်း
သဘာဝ ပတ်ဝန်းကျင်
အခြားသတင်းများ
ဆောင်းပါး
သဘာဝ ပတ်ဝန်းကျင်
ထားဝယ်ဒေသဆောင်းပါး
အခြားဆောင်းပါး
ကာတွန်း
ပညာပေး
ဓါတ်ပုံ
ကဗျာ
သီချင်း
နည်းပညာ
စုပေါင်း စပ်ပေါင်း
မှတ်တရ
ဟာသ
ပေါက်ကရ ဘလော့ဂ်တွင် Post များ ပြန်တင်နေပါသည်။ အားလုံး ကျေးဇူးတင်ပါတယ်။
ကျနော်အကြောင်း
ပေါက်ကရ
ဘာဖြစ်လို့ ပေါက်ကရလို့ နာမည်ပေးတာလဲဆိုတော့ စလုပ်တဲ့အချိန်မှာ လုပ်လို့မတတ်လို့ ပေါက်ကရလျှောက်လုပ်ရင်းနဲ့ ဖြစ်လာလို့ ပေါက်ကရလို့ ဘလော့ဂ်နာမည်ပေးလိုက်တာပါ။ ဒီဘလော့ဂ်မှာ တင်တဲ့အကြောင်းအရာတွေက တခြားနေရာက ကော်ပီကူးပြီးတော့ မျှဝေပေးခြင်းသာ ဖြစ်ပါသည်။
View my complete profile
Photo Slite
April 5, 2010
နွေရယ်၊ ဥသြရယ်၊ ပန်းတောက်ရယ်၊ သင်္ကြန်ရယ်
8:50 PM
ကဗျာ
No comments
သမုဒ္ဒရာ ဝမ်းတထွာတဲ့
တထွာမို့လို့ တော်သေး
တတောင်ဆိုရင်တော့ဖြင့်
ဝမ်းရေးအတွက်
ရေကြည်ရာ မြက်နုရာ
နယ်မြေသစ်ကို ရှာ
ဇာတိမြေမှ ခွာ
အမိအဖကို ကန်တော့
ရင်ကို ကော့၍
သလွင့်ကို ဖြတ်
ဒေါနကို ကျော်
သောင်ရင်းကို ကူး
အနေထူးလို့
နှစ်သစ်တွေလည်း ကူးခဲ့ပြီ.....
ဤဒေသမှာ
မြန်မာသင်္ကြန်အငွေ့အသက်
တစက်ကလေးမှ မတွေ့ရပါလား
သူတို့ ရိုးရာဓလေ့က
တသက်မှာ မမေ့နိုင်စရာ
ဖျော်ကာ ပေါင်တာမှုန့်
ပါးကို သုပ်သတဲ့
ဒို့ယဉ်ကျေးမှုနဲ့ဆိုရင်
ပါး-ရှစ်စိတ်ခွဲပြီပါ......
ဒို့မြန်မာပြည်မှာ
လမ်းဆုံ လမ်းခွ
ရေသဘင်မဏ္ဍပ် အယိုင်းအကနှင့်
ငွေဖလား ပန်းတောက်ပန်းခိုင်နှင့်
သင်္ကြန်ဖူးဆာ အပြုံးမျက်နှာနှင့်
တူးပုံတေးသံ ဆိုကဟန်နှင့်
ရပ်ကွက်ချင်းပြိုင် တေးမြိုင်မြိုင်နှင့်
သင်္ကြန်ကားမြန် ရေပတ်ခံနှင့်
ပျော်ကြပါးကြ ခါနွေလှ.....
နှစ်ဟောင်းက အညစ်အကြေး
နှစ်သစ်မှာ ကင်းရှင်းစေဖို့
သက်ကြီးရွယ်အို ဦးခေါင်းလျှော်
မြေးငယ်တစု ဒါနပြု
ဇီဝိအသက် ငါးသက်စေ့
ဘေးမဲ့လွတ်ရာ မြကန်သာ
သက်ကြီးရွယ်အို ဖိုးဖွားအိုတို့
ပတီးကိုလွယ် မြေးကို တွယ်လျှက်
ကျောင်းကန် ဘုရား ကုသိုလ်ပွားပေါ့
ဥပုသ်သီတင်း စောင့်တည်ရင်း
သေမင်းအံတု ဒါနပြု.....
သင်္ကြန်ကာလ ခါနွေရက်
တရွတ် သစ်ပုတ်ပင်ရဲ့ ဇေယျာ
ရွက်ဝါတွေ မြေမှာ ခါတော့
အပင်အို ကိုင်းဖျားက
အကျင်ဖော် မဲ့ကင်း အဖော်သတင်းမဲ့ရှာတဲ့
နွေတေးကိုဆို အလွှမ်းပို
အဖော်လိုတဲ့
နွေပန်းချီထဲက (ဥသြရယ်).....
ကြုံရ ဆုံရ ဤဒေသမှာ
မြန်မာသင်္ကြန်အငွေ့အသက်
တစက်ကလေးမှ မတွေ့ရပါသလား
အေးမြတဲ့ မိဘအရိမ့်
အမှေးစက်ကာ နေချင်ရှာပေမဲ့
ဝမ်းရေးအတွက် ထွက်ခဲ့ညားလဲ
ဒို့များရိုးရာ အစဉ်အလာမပျက်
သင်္ကြန်ရက်ကို
အလွှမ်းကိုယ်စီ အတွေးကိုယ်စီနှင့်
ရော်ရီ မှန်းဆ အမွေးဌာနမှ
ရိုးရာဓလေ့ ဒို့ပျော်မွေ့တဲ့
မြန်မာ့သင်္ကြန် မြန်မာ့ဟန်ကို
မှန်းဆ မြင်ယောင်လွှမ်းမိ တကား.....။
မင်းစိုး
Email This
BlogThis!
Share to Twitter
Share to Facebook
Share to Pinterest
Newer Post
Older Post
Home
0 ဝေဖန်ပေးပြီးပြီ:
Post a Comment
Subscribe to:
Post Comments (Atom)
Social Profiles
Popular
Tags
Blog Archives
ပျက်အစဉ် ပြင်ခဏ
လောကသရဖူလျောင်းတော်မူ ဘုရားကြီး
တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ကနိုင်းတာကျေးရွာတွင် တည်ရှိသော လောကသရဖူလျောင်းတော်မူ ဘုရားကြီး ဖြစ်ပါတယ်။
တောင်သမန် မြလျှံအဆင်း တိမ်ထန်း သပြေညိုနှင့် ငါးခိုတဲ့အင်း ဆိုသည့်စကား မှန်သေးပါရဲ့လား
နိုင်ငံခြားသား ဧည့်သည်များ လာရောက် လည်ပတ်မှု အများဆုံး နေရာများတွင် ပါဝင်သော မန္တလေးမြို့တော်ရှိ နာမည်ကျော် ဦးပိန်တံတား တည်ရှိရာ တောင်သမန်အင...
ချောင်းထဲသို့အရောက် အမှိုက်စွန့်ပစ်နေရတဲ့ တာမွေသူများ
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ကြီး၏ စီးပွားရေး မြို့တော်ကြီးဖြစ်တဲ့ ရန်ကုန်တိုင်းဒေသကြီးမှာပါ။ လူတွေစည်ကားလှတဲ့ တာမွေအ၀ိုင်းနဲ့ မလှမ်း...
ပန်းချီကားများ
ဒီပန်းချီကားများကို ပဒုမ္မာ သူငယ်ချင်းတွေဆီကနေပြီး ကူးယူတင်ပြထားခြင်းဖြစ်ပါသည်။ အားလုံးကို ကျေးဇူးတင်ပါတယ်။
ဦးတေဇ ပိုင်ဆိုင်သောအဓိကလုပ်ငန်းများ
၁။ အဲပုဂံ (Air Bagan) မြန်မာနိုင်ငံ၏ ပထမဆုံးသော ပုဂ္ဂလိက လေကြောင်းလိုင်း ဖြစ်ပြီး ATR42-320, ATR72-500 နှင့် FOKKER-100 လေယာဉ်များ အပါအဝင်ေ...
ရှင်တောင့်ပုံ စေတီ
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့တွင် တည်ရှိသော ရှင်တောင့်ပုံ ဘုရားဖြစ်ပါတယ်။ ရှင်ကိုးရှင် သမိုင်းဝင် ဘုရားထဲက တခု အပါအဝင်ဖြစ်ပါ...
အောက်ခြေမှာ ခြစားတာ မရှိတော့ဘူး
ရိုက်မိ ရိုက်ရာ ဓါတ်ပုံများ
ကျွန်တော်နှင့် ကြယ်ကြွေသတို့သမီး
ရှိသမျှသစ်ပင်တွေအားလုံးတ၀ုန်းဝုန်းလဲ ပြိုနေတဲ့တောအုပ်ကို မီးလက်တစ်ဆုပ်နဲ့သာလှမ်းပက်လိုက်ပါတော့ တန်ခိုးရှင်ရယ်..... ရပ်တန့်ခြင်းနဲ့မခိုင်မာရင...
လေးဖြူရဲ့ စာမျက်နှာ ၁၅
Labels
Others
(5)
sexydance
(1)
ကဗျာ
(40)
ကာတွန်း
(29)
စုပေါင်း စပ်ပေါင်း
(6)
ထားဝယ်ဒေသအတွင်း
(5)
ထားဝယ်ဒေသဆောင်းပါး
(1)
ဓါတ်ပုံ
(13)
နည်းပညာ
(3)
ပညာပေး
(1)
မှတ်တရ
(3)
သဘာဝ ပတ်ဝန်းကျင်
(14)
သီချင်း
(10)
ဟာသ
(17)
အဓိကဖေါ်ပြလိုသော အရာများ
(2)
အခြားသတင်းများ
(6)
ဆောင်းပါး
(3)
Blog Archive
►
2012
(43)
►
November
(1)
►
September
(9)
►
August
(32)
►
January
(1)
►
2011
(7)
►
December
(4)
►
October
(1)
►
September
(1)
►
January
(1)
▼
2010
(14)
►
October
(1)
►
July
(2)
▼
April
(2)
သခင်
နွေရယ်၊ ဥသြရယ်၊ ပန်းတောက်ရယ်၊ သင်္ကြန်ရယ်
►
March
(2)
►
February
(4)
►
January
(3)
►
2009
(16)
►
December
(4)
►
November
(8)
►
September
(3)
►
July
(1)
►
2008
(72)
►
November
(3)
►
October
(6)
►
September
(2)
►
August
(28)
►
July
(28)
►
June
(1)
►
April
(1)
►
March
(1)
►
February
(2)
►
2007
(7)
►
December
(5)
►
November
(2)
0 ဝေဖန်ပေးပြီးပြီ:
Post a Comment