အကောင်းဆုံးဖြစ်အောင် ကြိုးစားလျှက်ပါ
ပေါက်ကရ ဘလော့ဂ်တွင် Post များ ပြန်တင်နေပါသည်။ အားလုံး ကျေးဇူးတင်ပါတယ်။

December 31, 2011

စက်ရုံစွန့်ပစ်ရေ ပတ်ဝန်းကျင်ထိခိုက်မှု ပိုမိုဖြစ်ပေါ် စေဟုဆို

မြန်မာနိုင်ငံအတွင်း အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းများ၊ စက်မှုဇုန်များ ကျယ်ကျယ်ပြန့်ပြန့်ပေါ်ထွန်းလာခြင်းကြောင့် သဘာဝပတ်ဝန်းကျင်နှင့် ကျန်းမာရေးကို ထိခိုက်မှုများ ပိုမိုဖြစ်ပေါ်လာနိုင်ကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော စိမ်းရောင်စို Activities အဖွဲ့အတွင်းရေးမှူး ဦးမောင်မောင်ဦးက သုံးသပ် ပြောကြားသည်။ အထင်ကရ စက်မှုလက်မှုလုပ်ငန်းများနှင့် အိမ်တွင်းစက်မှုလုပ်ငန်း၊ အသေးစား စက်ရုံထွက် စွန့်ပစ်ပစ္စည်းများ မှာ မြေထု၊ လေထု၊ ရေထုကို ညစ်ညမ်းခြင်းတို့ ဖြစ်ပေါ်ရာတွင် အဓိကသက်ရောက်ကြောင်း၊ အဓိကအနေဖြင့် ယင်းစက်ရုံများ အနီးနေထိုင်သော ဒေသခံများ၏...

December 15, 2011

ဧရာဝတီတိုင်းဒေသကြီး ငါးနှစ်စီမံကိန်းဖြင့် သစ်တောသုံးမျိုး စိုက်ပျိုးမည်

ဧရာဝတီတိုင်း ဒေသကြီးအတွင်း သဘာဝ ဘေးအန္တရာယ် ကာကွယ် လျှော့ချရေးနှင့် စိမ်းလန်းရေး တို့အတွက် ဂျာမနီ နိုင်ငံမှ ထောက်ပံ့မှုဖြင့် တောသုံးမျိုးကို ငါးနှစ်အတွင်း စိုက်ပျိုးသွားရန် စီစဉ်လျက်ရှိကြောင်း သစ်တော သယံဇာတ ပတ်ဝန်းကျင် ဖွံ့ဖြိုး တိုးတက်ရေးနှင့် ထိန်းသိမ်းရေးအသင်း (FREDA) ဒုတိယ ဥက္ကဋ္ဌ ဦးအုန်းက The Voice Weekly သို့ ပြောကြားသည်။ မြန်မာနိုင်ငံအတွင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းနိုင်ရေးနှင့် ဘေးအန္တရာယ်များ လျော့နည်းလာစေရန် နိုင်ငံတကာ ထောက်ပံ့ရာတွင် ဂျာမနီနိုင်ငံမှ အထောက်အပံ့ဖြင့် ဧရာဝတီတိုင်း ဒေသကြီးတွင် အစုအဖွဲ့ပိုင် သစ်တော (Community Forest)၊ ကျေးရွာ...

December 1, 2011

ထားဝယ် ရေနက်ဆိပ်ကမ်း ပြောင်းရွှေ့ရွာများ ဝန်းကျင်တွင် ရှားပါးတိရစ္ဆာန်များ တွေ့ဟုဆို

မြန်မာနိုင်ငံတွင် အထူးစီမံကိန်းအဖြစ် အကောင်အထည် ဖော်လျက်ရှိသည့် ထားဝယ် ရေနက်ဆိပ်ကမ်းအတွက် ပြောင်းရွှေ့ရမည့် နဘုလယ် ဒေသနှင့် ဘဝါရွာ အနီးတစ်ဝိုက်ရှိ တောများအတွင်း မြန်မာ့ ရှားပါးတိရစ္ဆာန်များ ဖြစ်သော ကြံ့သူတော်များနှင့် လိပ်ကြေးခေါ် (အမြီးရှည်လိပ်) များ တွေ့ရှိရကြောင်း ယင်း ရေနက်ဆိပ်ကမ်း သဘာဝပတ်ဝန်းကျင်နှင့် ပတ်သက်၍ သုတေသန ပြုလုပ်လျက် ရှိသည့် ထားဝယ် ဒေသခံများက ပြောကြားသည်။ "ဒီနှစ်ထဲ ဘဝါရွာမှာ ကြံ့သူတော် နှစ်ကောင်နဲ့ လိပ်ကြေး သုံးကောင် မိတယ်" ဟု ဒေသခံများက The Voice Weekly သို့ ပြောဆိုသည်။ ယခုနှစ် မိုးရာသီအတွင်း လိပ်ကြေးသုံးကောင်ကို ဖမ်းဆီး ရရှိခဲ့ကာ...

အင်းတော်အင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် အလှအပများ ဖော်ထုတ်ရန်လို

မြန်မာနိုင်ငံ၌ တတိယမြောက် အကြီးဆုံးအင်း ဖြစ်သော စစ်ကိုင်းတိုင်း ဒေသကြီး အင်းတော် မြို့နယ်ရှိ အင်းတော်အင်းအား သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် အလှအပများအား ထိန်းသိမ်းစောင့်ရှောက် ဖော်ထုတ်သင့်ကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်များက ပြောကြားသည်။ ယင်း အင်းတော်အင်းသည် အင်းတော်မြို့ အနောက်မြောက်ဘက် တစ်မိုင်ခန့် အကွာ၌ တည်ရှိပြီး အရှေ့ဘက်တွင် ကသာမြို့၊ အနောက်ဘက်တွင် ဗန်းမော်နှင့် ဖောင်းပြင်မြို့တို့ တည်ရှိကြောင်း၊ ယင်းနေရာများရှိ သဘာဝပတ်ဝန်းကျင် အလှအပများကို မပျက်စီးဘဲ တည်တံ့စေရန် ထိန်းသိမ်းသင့်ပြီး ဇီဝမျိုးစုံ မျိုးကွဲများ လာရောက် ကျက်စားလျက်...

October 7, 2011

မြစ်ဆုံစီမံကိန်း ပြန်လည် သုံးသပ်ရန် နိုင်ငံတော် သမ္မတ၏ အကြံပေးပုဂ္ဂိုလ် ပြောကြား

မြန်မာနိုင်ငံ၏ အသက်သွေးကြောဖြစ်ပြီး လူပေါင်း ၂၇ သန်းကျော် မှီခိုနေရသည့် ဧရာဝတီမြစ် မြစ်ဆုံတွင် လက်ရှိ တည်ဆောက်လျက် ရှိသော မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းအား တည်ဆောက်သင့်၊ မဆောက်သင့် ပြန်လည်သုံးသပ်ရန် လိုအပ်ကြောင်း နိုင်ငံတော် သမ္မတ၏ စီးပွားရေး အကြံပေး ဒေါက်တာ ဦးမြင့်မှ The Voice Weekly နှင့် တွေ့ဆုံစဉ် ပြောကြားသည်။ "ဆရာကတော့ မြစ်ဆုံ စီမံကိန်းကို ဆက်မလုပ်စေချင်ဘူး၊ သမ္မတကိုလည်း ပြောထားပြီးပြီ" ဟု ဦးမြင့်က ဆိုသည်။ ဧရာဝတီမြစ်သည် မြန်မာနိုင်ငံ၏ အသက်သွေးကြော ဖြစ်သည့်အတွက် ယင်းကဲ့သို့ စီမံကိန်းကြီးအား မလုပ်သင့်ကြောင်း၊ အခြားနိုင်ငံတကာ အဖွဲ့အစည်းများ ဖိတ်ခေါ်၍...

September 30, 2011

မြစ်ဆုံစီမံကိန်း နိုင်ငံအတွက် လျှပ်စစ်ဓာတ်အား ၁၀ ရာခိုင်နှုန်း ရရှိမည် ဟုဆို

မြန်မာနိုင်ငံ၏ အသက်သွေးကြော ဖြစ်သော ဧရာဝတီမြစ်၏ မြစ်ဆုံတွင် ဆက်လက် တည်ဆောက်မည့် ဧရာဝတီ မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်း ပြီးစီးပါက လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၁၈,၀၀၀ ထုတ်လုပ်နိုင်မည် ဖြစ်သော်လည်း နိုင်ငံအတွက် လျှပ်စစ်ဓာတ်အား ၁၀ ရာခိုင်နှုန်း (၁၈၀၀ မဂ္ဂါဝပ်) ကိုသာ Free Power အဖြစ် ရရှိမည် ဖြစ်ကြောင်း အမှတ်(၁) လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဇော်မင်းက စက်တင်ဘာလ ၁၁ ရက်နေ့တွင် နေပြည်တော်ရှိ မီးရထားဝန်ကြီးဌာန ဝန်ကြီးရုံး၌ ပြုလုပ်သော မီဒီယာများနှင့်...

January 19, 2011

ဧရာဝတီမော်ကွန်း

ကျောရိုးဆန့်  ဧရာဝတီဟာ မာယာလည်းဆန် ကဗျာလည်းဆန် ဒါ...တို့ ရဲ့ သဏ္ဍာန်ပေါ့....။ သွန်းလောင်းခဲ့ တို့ သွေးချွေး တို့ ဘိုးဘေးတို့ တည်ထောင် မြန်မာ့လူ့ လောင်ဟာ သိမ်မွေ့ ခဲ့တယ်.....။ ဘိုးဘွားတို့  အစဉ်အလာက ရိုးသားတဲ့ မြန်မာလို့  ကမ္ပည်းမော်ကွန်းပြု တို့ ယဉ်ကျေးမှု ခိုင်မြဲခဲ့တယ်.......။ အမျိုး ဘာသာ သာသနာနဲ့  မညှိုးရောင်ဝါ ထိန်ထိန်ငြီး တို့ ထီးတို့ နန်းလည်း တင့်ခဲ့ဖူးတယ်.....။ ဒီ..ဧရာဝတီ စီးဆင်းနေသရွေ့  တို့ သွေးချင်းနောင်မယ် ကူးယှက်နွယ်ပျော်မွေ့  တို့ ဓလေ့ ခိုင်မြဲဖို့ လိုတယ်.....။ ။ Chocolate city ဆိုက်မှ ကူးယူဖေါ်ပြခြင်း ဖြစ်ပါသ...