အကောင်းဆုံးဖြစ်အောင် ကြိုးစားလျှက်ပါ
ပေါက်ကရ ဘလော့ဂ်တွင် Post များ ပြန်တင်နေပါသည်။ အားလုံး ကျေးဇူးတင်ပါတယ်။

September 12, 2012

သဘာဝဓာတ်ငွေ့ လုံလောက်စွာ ရရှိမည်ဆိုပါက ရန်ကုန်မြို့မှ ရေနံချောင်း၊ ချောက်စသည့် ဒေသများသို့ သွားရာ လမ်းတစ်လျှောက်တွင် သဘာဝဓာတ်ငွေ့ အရောင်းဆိုင်များ ဖွင့်လှစ်မည်

ရန်ကုန်မြို့တွင်းရှိ သဘာဝဓာတ်ငွေ့ အရောင်းဆိုင်တစ်ဆိုင်အား တွေ့မြင်ရစဉ်
မြန်မာနိုင်ငံတွင် သဘာဝ ဓာတ်ငွေ့အရောင်းဆိုင် ဖွင့်လှစ်မှု အနေဖြင့် ၄၅ ဆိုင် ဖွင့်လှစ်ထားပြီး ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် တွင် ပြည်ပသို့တင်ပို့မည့် ရွှေသဘာဝ ဓာတ်ငွေ့စီမံကိန်းမှ သဘာဝဓာတ်ငွေ့များ ရရှိပါက ရန်ကုန်မြို့မှ သဘာဝဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းရာ လမ်းတစ်လျှောက်တွင် သဘာဝဓာတ်ငွေ့ အရောင်းဆိုင်များ ဖွင့်လှစ်သွားနိုင်မည် ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြပါသည်။


စွမ်းအင်ဝန်ကြီးဌာနမှ ရန်ကုန်မြို့တွင် သဘာဝဓာတ်ငွေ့အရောင်းဆိုင် ၄၁ ဆိုင်ဖွင့်လှစ်ထားပြီး ချောက်၊ ရေနံချောင်းနှင့် မန္တလေးမြို့များ၌ ငါးဆိုင်ဖွင့်လှစ်ထားသည်။

“ဆိုင်တွေ ထပ်မဖွင့်နိုင်တဲ့ အဓိကအချက်ကတော့ ပြည်တွင်းက မော်တော်ကားတွေအတွက် သုံးနေ တဲ့သဘာဝဓာတ်ငွေ့က အထွက်နှုန်းကျလာလို့ နိုက်ထရိုဂျင်ပါတဲ့ သဘာဝဓာတ်ငွေ့ကိုသန့်စင်ပြီးအသုံးပြု နေရလို့ပါ။ ရွှေသဘာဝဓာတ်ငွေ့က ရမယ့်ဓာတ်ငွေ့ကတော့ နိုက်ထရိုဂျင်မပါဝင်လို့ တိုက်ရိုက် အသုံးပြုနိုင် ပါတယ်” ဟု စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ရှင်းလင်းပြော ကြားပါသည်။

စွမ်းအင်ဝန်ကြီးဌာနမှ သဘာဝဓာတ်ငွေ့ အသုံးပြုခွင့်ပေးအပ်ထားသည့် မော်တော်ယာဉ် အစီးရေ ၂၇၄၇၂စီးအတွက် သဘာဝဓာတ်ငွေ့ အရောင်းဆိုင် ၄၆ ဆိုင်ဖြင့် လစဉ် ကုဗပေ သန်း ၆၀၀ ခန့် ဖြန့်ဖြူး ရောင်းချပေးနေပြီး ညောင်တုန်း၊ အဖျောက်၊ ရေနံချောင်း၊ ချောက်၊ သာကြီးတောင်နှင့် လက်ပံတိုရေနံမြေ များမှ အဓိကထုတ်ယူနေသည်။

အဆိုပါ ရေနံမြေများမှ ထုတ်ယူနေသည့် သဘာဝဓာတ်ငွေ့များ မှာ ထုတ်ယူမှုကာလကြာမြင့်လာ သည်နှင့်အမျှ အထွက်နှုန်းလျော့ ကျမှုများ ရှိနေကြောင်း၊ ညောင် တုန်းရေနံမြေနှင့် အဖျောက် ရေနံ မြေမှာ အထွက်နှုန်း ဆိုးရွားစွာ ကျဆင်းလာနေပြီး ညောင်တုန်းရေနံ မြေမှာ ယခင်တစ်ရက်လျှင် သ ဘာဝဓာတ်ငွေ့ ကုဗပေ သန်း ၁၂၀ ခန့်ထွက်ရှိသော်လည်း လက်ရှိ၌ တစ်ရက်လျှင် ကုဗပေသန်း ၆၀ မှ ၈၀ အကြားသာ ထွက်ရှိပြီး အဖျောက် ရေနံမြေမှာ ယခင်တစ်ရက်လျှင် ကုဗပေသန်း ၁၁၀ ခန့်ထွက် ရှိသော်လည်း လက်ရှိတွင် တစ်ရက်လျှင် ကုဗပေ ရှစ်သန်းမှ ၁၀ သန်းဝန်းကျင်သာ ထွက်ရှိကြောင်း သိရှိရပါသည်။

မော်တော်ယာဉ်များတွင် စီအန်ဂျီ သဘာဝဓာတ်ငွေ့သုံးယာဉ်အဖြစ် ပြောင်းလဲတပ်ဆင်ခြင်း အား၂၀၀၈ ခုနှစ်မှ စတင်ရပ်ဆိုင်းခဲ့ပြီး ထိုသို့ရပ်ဆိုင်းခဲ့သဖြင့် တရားမ၀င် စီအန်ဂျီ ပြောင်းလဲမှုများ ပေါ်ပေါက်ခဲ့သည်။ စွမ်းအင်ဝန်ကြီး ဌာနမှ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေး နှစ်တွင်မြန်မာနိုင်ငံမှရရှိမည့် ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းမှရရှိမည့် သဘာဝဓာတ်ငွေ့ဖြင့် ၂၀၁၃ ခုနှစ် တွင် စီအန်ဂျီ သဘာဝဓာတ်ငွေ့သုံးယာဉ်အဖြစ် ပြောင်းလဲတပ်ဆင်ခြင်း ကို ပြန်လည်ခွင့်ပြုမည် ဖြစ်သည်။

Eleven Media Group မှ ကူးယူဖေါ်ပြ။

0 ဝေဖန်ပေးပြီးပြီ: