အကောင်းဆုံးဖြစ်အောင် ကြိုးစားလျှက်ပါ
ပေါက်ကရ ဘလော့ဂ်တွင် Post များ ပြန်တင်နေပါသည်။ အားလုံး ကျေးဇူးတင်ပါတယ်။

August 10, 2012

ခေတ်သစ် အဖော်မွန်


Facebook မှ ကူးယူဖေါ်ပြ။

သူ့တာဝန် အရေး(၃) ပါး



Facebook မှ ကူးယူဖေါ်ပြ

အမျိုးတွေနာမည်နဲ့ ပြောင်းလိုက်ပြီ



Facebook မှ ကူးယူဖေါ်ပြ

မြစ်ဆုံစီမံကိန်းက စက်ယန္တရားတွေ ပြန်ပို့မယ်

ဧရာဝတီ မြစ်ဆုံ ရေအားလျှပ်စစ်ထုတ်လုပ်ရေး စီမံကိန်းမှာ အသုံးပြုတဲ့ တရုတ် စက်ပစ္စည်းနဲ့ ယန္တရားတွေကို တရုတ်နိုင်ငံကို ပြန်လည်ပို့ဆောင်ဖို့အတွက် မနေ့တုန်းက နေပြည်တော်မှာ ပြုလုပ်တဲ့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် အစည်းအဝေးက ဆုံးဖြတ်လိုက် ပါတယ်။

အခုလို ဆုံးဖြတ်လိုက်တာကို ကြည့်ခြင်းအားဖြင့် သမ္မတ ဦးသိန်းစိန် ကြေညာထားတဲ့အတိုင်း ၂ဝ၁၅ ခုနှစ်အတွင်းမှာ လုံးဝ ဆက်မလုပ်ဘူးဆိုတဲ့ သဘောရှိပါတယ်။

မြစ်ဆုံရေကာတာ ဆက်လုပ်ခွင့်ရမယ့် အခြေအနေ မရှိတာကြောင့် စက်ယန္တရားတွေကို ဆက်ထားရင် ကုန်ကျစရိတ်များမှာမို့လို တရုတ်နိုင်ငံကို ပြန်သယ်သွားခွင့်ပြုဖို့ စီပီအိုင် ကုမ္ပဏီက မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကို တင်ပြခဲ့ပါတယ်။

မနေ့တုန်းက နေပြည်တော်မှာ စက်မှုဝန်ကြီး ဦးစိုးသိန်းက ဦးဆောင်ပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် အစည်းအဝေးမှာ ဆုံးဖြတ်ချက် ပေးလိုက်တာ ဖြစ်တယ်လို့ အမှတ် ၁ လျှပ်စစ် ဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူ ရေအားလျှပ်စစ် စီမံရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကြီးစိုးက ပြောပါတယ်။

မြစ်ဆုံရေကာတာ စီမံကိန်းကို တရုတ်နိုင်ငံပိုင် စီပီအိုင် ကုမ္ပဏီနဲ့ အမှတ် (၁) လျှပ်စစ် ဝန်ကြီးဌာနတို့ လွန်ခဲ့တဲ့ ၆ နှစ်က လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။

မြစ်ဆုံရေကာတာကို လက်ရှိအစိုးရ လက်ထက်မှာ မလုပ်ဖို့ကို သမ္မတဦးသိန်းစိန်က ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက ကြေညာခဲ့ပါတယ်။

BBC မှ ကူးယူဖေါ်ပြ။

ကွန်ပြူတာစစ်ပွဲ (အပိုင်း-၁)

"သတင်းတွေကို ထုတ်ပြန်တဲ့အခါမှာ တယောက်နဲ့တယောက် လက်ဦးမှု အရင်လိုချင်ကြတယ်ပေါ့နော်။ အင်တာနက် စစ်ပွဲလို့ ခေါ်တယ်။ Cyber War ရဲ့ အဓိက ဦးတည်ချက်က အဲဒါပဲခင်ဗျ။"

မေး။ ။ "အင်တာနက် စစ်ပွဲတွေ ဘယ်တုန်းကလောက် စဖြစ်တာလဲ၊ အဲဒါလေး ပြောပြပေးပါအုံး။"
ဖြေ။ ။ "Cyber War တကယ်စဖြစ်တာက ၉၉ ခုနှစ် နောက်ပိုင်းလောက်မှာ ဖြစ်တာ။ ကိုရီးယားနဲ့ တရုတ်၊ နောက် အမေရိကန် တွေနဲ့ ပတ်သက်ပြီးတော့ cyber war စဖြစ်လာတာ ခင်ဗျ။ များသောအားဖြင့် ဖြစ်တာ နှစ်ခု ရှိတယ်။ တခုက သူတို့ အင်ဖော်မေးရှင်း (သတင်းအချက်အလက်တွေ)ကို ကိုယ်က သွားပြီးတော့ ဖျက်ဆီးချင်တာ။ နောက်တခုကျတော့ အဲဒီ imaformation တွေကို တခြားလူတွေ access လုပ်လို့ မရအောင်လုပ်တာ ဆိုပြီး နှစ်မျိုး ရှိတယ်ခင်ဗျ။"

မေး။ ။ "access လုပ်လို့ မရအောင် ဆိုတာက-"
ဖြေ။ ။ " ကျနော်တို့ သတင်းအချက်အလက်တွေကို တဘက်လူက ဖတ်လို့၊ သုံးလို့ မရတော့အောင်၊ ကျနော်တို့ရဲ့ ဆာဗာကို တဘက်လူတွေ ဖွင့်လို့မရအောင်၊ အလုပ်ရှုပ်သွားအောင် လုပ်တဲ့ဟာမျိုး တခုရှိတယ်။ နောက်တခုကျတော့ တချို့ရဲ့ web site ထဲကို ခွင့်ပြုချက်မရဘဲနဲ့ ဝင်ပြီးတော့မှ သူ့အထဲက information တွေကို ဝင်ပြင်တာ။ တရားဝင် မဟုတ်တဲ့နည်းနဲ့ ဝင်ပြင်တာဆိုပြီး နှစ်ခု ရှိတယ်။ "

မေး။ ။ "ကိုရီးယားတို့၊ အမေရိကားတို့၊ တရုတ်တို့ အစိုးရပိုင်းတွေက ဝင်ပြီး ပတ်သက်တာတွေ လည်း ရှိလာတယ်။ အဲဒီလို ရှိတဲ့အထဲမှာ ထင်ရှားတဲ့ ဥပမာလေးတခုလောက် နည်းနည်း ပြောပြပေးပါလား။"
ဖြေ။ ။ "အစိုးရပိုင်းက တရားဝင်ပါလား ဆိုတော့ တရားဝင် မပါဘူး ခင်ဗျ။ ဥပမာအားဖြင့်- အမေရိကန်က ပင်တဂွန်က ဆာဗာထဲကို တရုတ်ပြည်က ဖောက်ပြီးတော့ သတင်းအချက်အလက်တွေ ထုတ်ယူသွားတာတွေ ရှိတယ်။ ဒါပေမဲ့ အဲဒါမျိုးကို တရုတ်ပြည် အစိုးရက တရားဝင် လုပ်သွားတာလား ဆိုတော့ မဟုတ်ဘူး။ အစိုးရအတွင်းမှာ လျှို့ဝှက်ဖွဲ့စည်းထားတဲ့ cyber army group ဆိုတာမျိုးတွေ ရှိတတ်တယ်။ အဲဒါမျိုးတွေကတဆင့် သူတို့ ဝင်ပြီးတော့မှ သတင်းအချက်အလက်တွေ ယူတာ ရှိတယ်။ cyber war ဆိုတာ နိုင်ငံအချင်းချင်း တရားဝင် recognize လုပ်ထားတာမျိုးတော့ မဟုတ်ဘူး။ ဒါပေမဲ့ အဲဒါမျိုးကို သူတို့က cyber war လို့ ခေါ်တာ ခင်ဗျ။"

မေး။ ။ "အစိုးရသုံးနေတဲ့ ဝဘ်ဆိုဒ်တွေထဲ ဝင်ပြီးတော့ နှောင့်ယှက်တာကျတော့ cyber war ထဲ ဝင်သွားပြီနော်။"
ဖြေ။ ။ "ဟုတ်ကဲ့၊ ဥပမာအားဖြင့်- ရခိုင်ကိစ္စမှာဆိုရင် ဗမာပြည်မှာကျတော့ ဗမာလူငယ်တွေ လုပ်ထားတဲ့ BHG ပေါ့။ Blink Hacker Group ပေါ့။ တော်တော် တော်ပါတယ်။ သူတို့ ဖွဲ့စည်းထားတာ။ သူတို့ကနေပြီးတော့ ရခိုင်မှာ ဖြစ်နေတဲ့အရေးကို အသိအမှတ်မပြုလို့ ဆိုပြီးတော့ ဘင်္ဂလားဒေ့ရှ် အစိုးရ ဝဘ်ဆိုဒ်ထဲ ဝင်ပြီးတော့မှ ဘယ်လို ဘယ်လိုတွေ ဖြစ်နေပါတယ် ဆိုပြီးတော့မှ တရားမဝင် ဝင်ပြီးတော့ ရေးတာပေါ့။ အဲဒီလို ဖြစ်ရင်းကနေပြီးတော့မှ ဘင်္ဂလားဒေ့ရှ်မှာ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတွေ ရှိတယ်။ ဘင်္ဂလားဒေ့ရှ် cyber army လို့ ခေါ်တယ်။ BCA ပေါ့။ ဒါပေမဲ့ အဲဒါမျိုးကို မေးရင် အစိုးရက support လုပ်နေတာလား ဆိုတော့ မဟုတ်ဘူး။ သူတို့ဖာသာ သူတို့ ရပ်တည်နေတာ။ သူတို့ရဲ့လူမျိုးရေးစိတ်ဓာတ်နဲ့ သူတို့ဖာသာသူတို့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတွေ။ ဗမာ BHG ကနေသွားပြီးတော့ သူတို့ရဲ့ အစိုးရ ဝဘ်ဆိုဒ်တွေကို သွားလုပ်တဲ့အချိန်မှာ BCA ကနေပြီးတော့မှ ဒီက ဝဘ်ဆိုဒ်တွေကို ပြန်ပြီးတော့ လုပ်တာ။ အဲဒီတော့ ဘာဖြစ်သွားလဲဆိုတော့ မြန်မာပြည်က ဝဘ်ဆိုဒ် တော်တော်များများက အသက်မဝင်ဘူး။ အသက်မဝင်ဘူးဆိုတာက သတင်းအချက်အလက်တွေက အသေဖြစ်နေတယ်။ အဲဒီတော့ သူတို့မှာ လုံခြုံရေးအားနည်းတယ်။ ဆာဗာတွေက လုံခြုံမှု မရှိဘူး။ အဲဒီတော့ အလွယ်တကူ တိုက်ခိုက်လို့ ရသွားတယ်။ ဒါပေမဲ့ BHG ကနေ ပြန်တိုက်တဲ့အခါကျတော့ ဘင်္ဂလားဒေ့ရှ်က တော်တော် အထိနာသွားတယ်။"

မေး။ ။ "ဥပမာလေး တခုလောက် ပြောပြပေးပါနော်။ တိုက်ခိုက်တာ တခု။"
ဖြေ။ ။ "ဥပမာအားဖြင့် ဘင်္ဂလားဒေ့ရှ်က BCA က ဘာကို တိုက်ခိုက် သွားသလဲဆိုတော့ - myanmar.gov.mn အဲဒါကို သူက ဒိပြင်လူတွေ ဝင်လို့မရအောင် သူက ---- နဲ့ တိုက်သွားတယ်။ အဲဒီတော့ ဘာဖြစ်သွားလဲဆိုတော့ myanmar.gov.mn မှာ နေ့စဉ်သတင်းတွေ ထုတ်ပြန်ပေးနေတာ ရှိတယ်။ အဲဒီလို တိုက်ခိုက်သွားတဲ့အတွက် သတင်းအချက်အလက်တွေ ထုတ်ပြန်လို့ မရတော့ဘူး။ တကယ် အင်ဖော်မေးရှင်း လိုအပ်တဲ့နေရာတွေကို ထုတ်လို့ မရတော့ဘူး။ အဲဒါမျိုးတွေ ဖြစ်သွားတယ်။ နောက်တခုကျတော့ commercial ဆိုဒ်တွေ ရှိတယ်။ ဥပမာ aungmyanmaronline.com တွေရှိတယ်။ အဲဒီတွေမှာကျတော့ မဟုတ်က ဟုတ်က သတင်းတွေ လုပ်သွားတယ်။ အဲဒီမှာ သူတို့က ဆိုင်း (sign) လေးထားသွားတယ်။ ဒီဟာကို သူတို့ hack လုပ်သွားပါတယ်ဆိုတာကို။"

မေး။ ။ "ဒီဟာမျိုးတွေကို ခြေရာခံလိုက်မယ်ဆိုရင် လွယ်သလား။"
ဖြေ။ ။ "လွယ်ပါတယ် ခင်ဗျ။ များသောအားဖြင့် hacker တွေက လုပ်ပုံလုပ်နည်း နှစ်မျိုးရှိတယ်။ တချို့ လုပ်သွားတာကို လူမသိစေချင်တဲ့ သဘောမျိုးရှိတယ်။ တချို့က လုပ်သွားတာကို လူသိစေချင်တဲ့ သဘောမျိုးရှိတယ်။ ဥပမာအားဖြင့် ဘင်္ဂလားဒေ့ရှ် ကိစ္စမှာဆိုရင် BHG က လူသိစေချင်တဲ့ ဟာမျိုးနဲ့ လုပ်သွားတယ်။ သူတို့အဖွဲ့ကို ဘယ်လို ဆက်သွယ်လို့ရတယ်ဆိုတာပါ ထားသွားတယ်။ တချို့ hack လုပ်တဲ့ ဟာတွေကျတော့ cyber war "

VOA မှ ကူးယူဖေါ်ပြ။

ဒါမှ မီဒီယာသမားကွာ...



ခေါင်းစဉ်ကို ကိုယ်ဘာသာကိုယ် ပေးလိုက်တာပါ။ Facebook မှ ကူးယူဖေါ်ပြသည်။

ကော့သောင်း ကျောက်မီးသွေးသုံး စက်ရုံ စမ်းသပ်လည်ပတ်ပြီး ရပ်နားထား

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့ပေါ်ရှိ ကျောက်မီးသွေး လောင်စာသုံး လျှပ်စစ်ဓါတ်အားပေး စက်ရုံကို သြဂုတ်လ ၆ ရက်နှင့် ၇ ရက်နေ့များက စတင်စမ်းသပ် လည်ပတ်ခဲ့ပြီးနောက် ပြန်လည် ရပ်နားထားလိုက်ရကြောင်း ဒေသခံများက ပြောသည်။

လျှပ်စစ်ဓါတ်အား ၈ မဂ္ဂါဝပ်ထုတ်လုပ်မည့် အဆိုပါစက်ရုံ စတင်လည်ပတ်ရာမှ ထွက်ပေါ်လာသည့် ကျယ်လောင်သံများ ကြောင့် အနီးဝန်းကျင်ရှိ နေအိမ်များ တုန်ခါခြင်းနှင့် စာသင်ကျောင်းမှ ကလေးငယ်များ ကြောက်လန့် ထွက်ပြေးခြင်းများ အပြင် အနံ့အသက်ဆိုးများကိုလည်း ရှူရှိုက်ရသည်ဟု သန်းဖြိုးသူ ကုမ္ပဏီ လိမိတက် ပိုင်ဆိုင်သည့် စက်ရုံရှိရာ ရွှေပြည်သာ ရပ်ကွက်နေသူတို့က ပြောသည်။

“၆ ရက်နေ့ ၁၂ နာရီလောက်မှာ သူတို့ မီးစက် တအားနှိုးလိုက်တဲ့အခါတော့လေ လေယာဉ်တွေ ပျက်ကျလာသလိုသလို၊ တခါတည်း လေယာဉ် ငါးစီးလို ဒီစက်က၊ ကလေးတွေကလည်း ထွက်ပြေးကြတယ်ရှင့်” ဟု စက်ရုံနှင့် ပေ ၃ဝ အကွာ တွင် နေထိုင်သည့် အမျိုးသမီးကြီးတဦးက ပြောသည်။

ရွှေပြည်သာရပ်ကွက်မှ ကျောင်းသားမိဘတဦးကလည်း “တခါမှ မကြားဖူးတော့ ကျောင်းက ကလေးတွေ စာသင်ရင်းနဲ့ ဟိုက ထွက်ပြေး၊ ဒီက ထွက်ပြေးနဲ့ မိဘတွေဆီ ထွက်ပြေးကြ။ ဆရာ ဆရာမတွေကလည်း ထိန်းသိမ်းလို့ မနိုင်တော့ ဘူးလေ” ဟု ပြောသည်။

စက်ရုံနှင့် ၁၅ ပေအကွာတွင် နေထိုင်သည့် ဈေးသည် တဦးကလည်း “စက်ရုံက မီးခိုးတွေနဲ့ ပြာမှုန့်တွေ ဖြစ်လာတဲ့ ဟာက မိုးသေးသေးလေး ကျလာသလိုပဲ။ မျက်စိထဲ ဝင်တယ်။ ညှော်တဲ့ အညှော်က ပိုဆိုးသေးတယ်ရှင့်” ဟု ပြောသည်။

သို့သော် စက်ရုံမှ တာဝန်ရှိသူ တဦးကမူ ၎င်းတို့စက်ရုံကြောင့် ပတ်ဝန်းကျင်အား အနှောက်အယှက် မဖြစ်နိုင်ကြောင်း စက်ရုံမလည်ပတ်မီက ပြောဆိုခဲ့သည်။ “ဆိုးကျိုး သိပ်မရှိနိုင်ဘူး၊ ဘာဖြစ်လို့လဲ ဆိုတော့ လူတွေနဲ့ မနီးဘူးလေ။ ပင်လယ် ကမ်းစပ်မှာ သွားလုပ်ထားတယ်။ တရုတ်က နည်းပညာက တော်တော်ကောင်းတယ်” ဟု မဇ္ဈိမအားပြောခဲ့ဖူးသည်။

“အဲဒီက ထွက်လာတဲ့ အညစ်အကြေးတွေကို စွန့်ပစ်လို့ ရတယ်။ စက်ရုံက အငွေ့ နည်းနည်းပါးပါး ထွက်မယ်။ ထွက်တဲ့ အငွေ့တွေကိုလည်း စုပ်ယူဖို့ သစ်ပင်တွေ စိုက်ထားတယ်။ စစ်တဲ့ ကတော့ကြီး သုံးခု ရှိတယ်။ အဲဒီတော့ ပြင်ပကို အနှောက်အယှက် မရှိနိုင်တော့ဘူး” ဟု သူက ဆိုသည်။

ဒေသခံများကမူ စက်ရုံအနီးတွင် ထင်းရှူးပင် ၃၀ ခန့်သာ စိုက်ပျိုးထားရှိပြီး မီးခိုးခေါင်းတိုင် အမြင့်မှာလည်း ပေ ၄၀ ခန့်သာရှိသည်ဟု ပြောဆိုကြသည်။

ထိုစက်ရုံ စတင် လည်ပတ်ခြင်းကို ကန့်ကွက်ဆန္ဒပြရန် သက်ဆိုင်ရာသို့ တင်ပြခဲ့သော်လည်း ပယ်ချခဲ့ရကြောင်း ဆန္ဒပြရန် ဦးဆောင်သူ တဦးက ပြောသည်။ “ငြင်းပယ်လိုက်တဲ့ အကြောင်းကို မြို့နယ်ရဲကနေ မနေ့က ကျနော့်ဆီ စာလာပေးတယ်။ အင်အား အရမ်းများသွားတယ်။ လုံခြုံရေး ၁ဝ ယောက်လောက်ပဲ ပေးနိုင်တယ်ဆိုတော့” ဟု ဒီမိုကရက်တစ်ပါတီ (မြန်မာ)မှ တနင်္သာရီတိုင်း စည်းရုံးရေးမှူး ဦးသန်းထွန်း က ပြောသည်။

သြဂုတ်လ ၆ ရက်နေ့က ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ပြုရန် ဒေသ အာဏာပိုင်ထံသို့ တင်ပြရာတွင် ခန့်မှန်း လူဦးရေ သောင်းဂဏန်းထိ တင်ပြခဲ့ကြောင်း ဦးသန်းထွန်း က ပြောသည်။

စက်ရုံ လည်ပတ်ခြင်းကြောင့် ရွှေပြည်သာနှင့် အေးရိပ်ငြိမ်ရပ်ကွက်တွင် နေထိုင်သူများက အဆိုးဆုံး ခံစားရမည် ဖြစ်ပြီး စက်ရုံကို ရွှေ့ပြောင်းပေးရန်အတွက် စုပေါင်း လက်မှတ်ရေးထိုးကာ သမ္မတထံ ထပ်မံတင်ပြသွားမည်ဟု ပြောသည်။

နှစ်ရက်တာ စမ်းသပ်လည်ပတ်ပြီးနောက် ပြန်လည်ရပ်ဆိုင်းလိုက်ရခြင်းနှင့် ပတ်သက်၍ စုံစမ်းမေးမြန်းရန်အတွက် စက်ရုံတာဝန်ရှိသူထံ မဇ္ဈိမက ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရရှိခဲ့ပေ။

မဇ္ဈိမ သတင်းဌာနမှ ကူးယူဖေါ်ပြ။