ကြယ်တွေတောင်ခစားရတဲ့ခင်တွယ်သူရဲ့ အပြုံးကိုကဗျာတစ်ပုဒ်နဲ့ ပုံဖေါ်ရင်းအရိုးဆုံးနှလုံးအိမ်မှာ ထွင်းထုထားတယ်…..လောကဓံတွေ... နိယာမတွေနောက်မလွှဲသာလိုက်နေလဲငှက်ကလေးရဲ့အိမ်ပြန်ချိန်ရောက်ရင်ဖွဲ့နွဲ့မရတဲ့ အနက်ရှိုင်းဆုံးထဲမှာသူ့ရင်ခွင်ဆီပြန်ချင်တာ ဘယ်သူမှမမြင်တဲ့အနာတစ်ခုပါ….."ကိုငှက်ကြီး" ရဲ့ ''မငြိမ်းသောမီး'' ထဲအကြိမ်ကြိမ်... အခါခါခုန်ဆင်းရင်းအိမ်မက်မက်တဲ့ညတိုင်း''အလုပ်များတယ်'' ဆိုတဲ့ သူ့ကိုဖွေရှာရင်းငါ့မနက်ခင်းတိုင်းက ခရမ်းရောင်အပြည့်နဲ့ပေါ့…..ဝေးနေတဲ့ရာသီမှာ လက်သီးကိုဆုတ်ရင်းတင်းခဲ့ရတဲ့ ''မာန်'' ကတို့ထိကစားတဲ့ မျက်လုံးဝိုင်းတွေထဲတသောသောကြွေကျတော့ဖွေရှာမိတဲ့အဓိပ္ပါယ်ကအလွမ်းပါတဲ့...