တစတစချင်း ချည်းနင်းဝင်လာတဲ့ အမှောင်
နောက်ဆုံးစကားတစ်ခွန်းပြောဖို့ အားယူနေတဲ့
ကြွေလုဆဲဆဲ သစ်ရွက်ကလေးရဲ့
နောက်ဆုံးအချိန်
ဘယ်သူမှ မနှောက်ယှက်ကြပါနဲ့
အေးအေးလူလူ ကြွေဆင်းလိုက်ဖို့
လက်ကျန်ခွန်အားလေး ပျောက်သွားမှာစိုးလို့ပါ
အနာတရတွေများလွန်းတော့
အမှတ်တရ ဆိုတာတွေတောင် မသိချင်တော့တာ
ခွင့်လွတ်ကြပါ
သစ်ရွက်ကလေးရဲ့ဇျာပနမှာ
သူဖြတ်သန်းခဲ့တဲ့ ပုံရိပ်တွေရဲ့
ဇာတ်ဝင်ခန်း တစ်ချို့ရယ်
ငိုရှိုက်သံ တချို့ရယ်
သူမရှိတော့တဲ့နောက် အမှတ်တရကျန်နေခဲ့မဲ့
ဖုန်မှုန့်လေးတွေရယ်
အရေးအသား တစ်ချို့ရယ်
အလွမ်းသီချင်းတစ်ပုဒ်ကို ရေးဖွဲ့နေကြလေရဲ့။
August 21, 2008
Subscribe to:
Post Comments (Atom)
0 ဝေဖန်ပေးပြီးပြီ:
Post a Comment