အကောင်းဆုံးဖြစ်အောင် ကြိုးစားလျှက်ပါ
ပေါက်ကရ ဘလော့ဂ်တွင် Post များ ပြန်တင်နေပါသည်။ အားလုံး ကျေးဇူးတင်ပါတယ်။

August 28, 2008

ချစ်သူ…………

နေပါစေတော့ ချစ်သူ…………
ရင်နာအောင်လုပ်ရက်ပြီးမှတော့ အားနာမှု
စာနာမှုဆိုတာ မလိုတော့ပါဘူး

ရှိပါစေတော့ ချစ်သူရယ်…….
ငါခံစားရအောင်လုပ်ပြီးမှ
စိတ်မကောင်းလိုက်တာဆိုတဲ့ စကားကိုခဏခဏ
မပြောပါနဲ့

မတည်နိုင်တဲ့ ကတိတွေအကြိမ်ကြိမ်ပေးပြီး
ငါ့ကိုမျှော်လင့်ချက်တွေနဲ့ရူးရအောင်
ဘာလို့လုပ်ရက်တာလဲ

နင်နဲ့ပတ်သတ်ပြီးထားခဲ့တဲ့ ငါ့ကတိတွေကိုတော့
ငါ့အသက်ထက်ပိုမြတ်နိုးတယ်ဆိုတာ
နင်သိအောင်မကြိုးစားတော့ပါဘူး…….


ပဒုမ္မာဝဘ်ဆိုက်ကနေပြီး ကူးယူတင်ပြထားပါတယ်.

0 ဝေဖန်ပေးပြီးပြီ: