အကောင်းဆုံးဖြစ်အောင် ကြိုးစားလျှက်ပါ
ပေါက်ကရ ဘလော့ဂ်တွင် Post များ ပြန်တင်နေပါသည်။ အားလုံး ကျေးဇူးတင်ပါတယ်။

October 21, 2008

October 19, 2008

ကျွန်တော်နှင့် ကြယ်ကြွေသတို့သမီး

ရှိသမျှသစ်ပင်တွေအားလုံးတ၀ုန်းဝုန်းလဲ ပြိုနေတဲ့တောအုပ်ကို မီးလက်တစ်ဆုပ်နဲ့သာလှမ်းပက်လိုက်ပါတော့ တန်ခိုးရှင်ရယ်.....ရပ်တန့်ခြင်းနဲ့မခိုင်မာရင် လှဲပြီးသာနေလိုက်ချင်တာ ကျွန်တော့်ရဲ့သဘာဝပါ.....သူ့ကိုမြတ်နိုးမိကတည်းက ကိုယ့်ကိုကိုယ်မင်နီပြန်တားရင်းရင်ထဲမှာရဲဗလောင်းခတ်နေခဲ့ပြီပဲ......ငါဟာမငိုတတ်ပေမယ့် ဝမ်းနည်းစရာရှိရင်တော့ ၀မ်းနည်းတတ်တဲ့သာမာန်လူငယ်ပါ.....ငါ့ကိုခေါ်ပါ..... မိန်းကလေး.....မင်းခေါ်ရင်တောင်နဲ့တိမ်ကို ငါကျော်ပြီးလိုက်ခဲ့ချင်ပါတယ်......ဘာမှမထူးခြားတဲ့ပုံမှန်ဖြစ်ရပ်တွေနဲ့ပဲ ကျွန်တော့်ဘ၀လေးအက်ကြောင်းထပ်နေတယ်.....ကျွန်တော်ကသူ့ကိုချစ်တယ်..... သူကသိတောင်မသိဘူး.....ဒီလိုနဲ့ပဲ...

October 13, 2008

မွေးရပ်မြေရဲ့ အကြောင်း

ဒီစာကိုတော့ သူငယ်ချင်းတစ်ယောက်က အီးမေးလ်ကို ပို့ပေးလိုက်လို့ ပေါက်ကရဘလော့ဂ်လေးမှာ တင်ပြပေးထားပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်..။ ကမ္ဘာအနှံ့က “ရွှေ” .. တံဆိပ်လော်စပီကာတွေ ကူပါ ကယ်ပါ တကြော်ကြော်အော်နေရတဲ့ ကျွန်တော်ရဲ့ မွေးရပ်မြေအကြောင်းနဲ့ ခင်ဗျားတို့ နားထဲကို သံရည်ပူ လောင်းပါရစေ။ ဆရာဝန်တွေက ဆေးရောင်း အင်ဂျင်နီယာတွေက ဈေးရောင်း တော်သူတွေအကုန် ဘေးဂျောင်း လူငယ်တွေ အကုန် အတွေးစောင်း ခွင်ရှာနိုင်မှ သူဌေးလောင်း ဖြစ်နိုင်မယ်။ အစိုးရကအစ သူခိုးဓားပြတွေဆို ပေါင်းစားတတ်ရင်တော့ မိုးကျရွှေကိုယ် တိုင်းပြည်တစ်ခုလုံး ပိုးကျနေလို့ သူများဆီမှာ ကျွန်ခံဖို့ Go ကြပေဗျို့။ ညာဥ့်ငှက်မလေး...

October 10, 2008

October 9, 2008

ချစ်သောသူသို့.........

နေထွက်ရာကို မျက်နှာမှုထားခိုက်မှာတောင်ငါ့ “မြောက်အရပ်ဟာ မီးလျှံတွေနဲ့ တငွေ့ငွေ့ပူနေတုန်း.....”ချစ်ခြင်းဆိုတာဝမ်းတစ်လုံးကောင်းပြီး ခေါင်းမခဲချင်သူတွေရဲ့မိုးပေါ်ထောင်ပစ်တဲ့ မြားချက်တွေပါပဲလေ။ဖြစ်နိုင်ခဲ့မယ်ဆိုရင်...“သိုးဆောင်းဂစ်တာတစ်လက်ရဲ့ မှတ်တမ်း” ကိုမင်းဖတ်ကြည့်ပါ........ ချစ်သူ......ငါတို့ အိပ်မက်ဆိုတာ တခါတခါပိုပြီးစိတ်ကူးညဥ့်နက်လာတတ်ရဲ့.......ဘေးဆွဲချထားပြီးသား လူတစ်ဦးရဲ့မီးလွင်အိပ်မက်ဟာ မင်းအကြောင်းတွေချည်းပါပဲ...၀တ်မှုန်။စကားလုံးကြားမှာ နစ်မြူးစိတ်ကူးပုံရိပ်လေးပွားယူတတ်ရုံနဲ့တင်လုံလောက်နစ်မူးနေတတ်ကြရဲ့လေ.......ကိုယ်ချစ်တဲ့သူကို ပင်ထက်ပန်းလိုတရေးရေးကြည့်ငေးမြင်ခွင့်...

October 6, 2008

ပြောနေမြဲ ပြောနေဆဲ မြောင်းထဲမှာ

ပြောနေကျ စကားလုံးထက်အတွေးအခေါ်တချို့ တူးဖေါ်ကြည့်ဖို့စာသားတချို့ရှိတဲ့ မိုးတိမ်နဲ့ရင်ဘတ်ချင်းထိဆက်ရမယ်ဟိုတစ်ခေါက်ကတွေ့ခဲ့တဲ့ အရေးသားဟာသူ့အိပ်မက်မဟုတ်ပြန်ဘူးတဲ့မြောင်းထဲက ရုန်းထွက်နေလက်တဖက်နဲ့ကမ္ဘာသစ်တစ်ခု စတင်မယ်ဆိုတဲ့အသံဟာမြောင်းထဲမှာပဲ ပြန်ကြားနေရတယ်ခုလဲပြောနေပြန်ပြီငါ့အိမ်လေးပြိုသွားပြီတဲ့အသံလာရာဘက်ကိုကြည့်တော့ ခေါက်ရိုးကျိုးနေပြီနဂိုကလဲ ဒီအတိုင်းခုလဲ ဒီလိုပါပဲပြောနေကျစကားလုံးပါပဲမြောင်းထဲမှာ နစ်နေတုန်းတဲ့။ ။janndo...