အကောင်းဆုံးဖြစ်အောင် ကြိုးစားလျှက်ပါ
ပေါက်ကရ ဘလော့ဂ်တွင် Post များ ပြန်တင်နေပါသည်။ အားလုံး ကျေးဇူးတင်ပါတယ်။

October 6, 2008

ပြောနေမြဲ ပြောနေဆဲ မြောင်းထဲမှာ

ပြောနေကျ စကားလုံးထက်
အတွေးအခေါ်တချို့ တူးဖေါ်ကြည့်ဖို့
စာသားတချို့ရှိတဲ့ မိုးတိမ်နဲ့ရင်ဘတ်ချင်းထိဆက်ရမယ်
ဟိုတစ်ခေါက်ကတွေ့ခဲ့တဲ့ အရေးသားဟာ
သူ့အိပ်မက်မဟုတ်ပြန်ဘူးတဲ့
မြောင်းထဲက ရုန်းထွက်နေလက်တဖက်နဲ့
ကမ္ဘာသစ်တစ်ခု စတင်မယ်ဆိုတဲ့အသံဟာ
မြောင်းထဲမှာပဲ ပြန်ကြားနေရတယ်
ခုလဲပြောနေပြန်ပြီ
ငါ့အိမ်လေးပြိုသွားပြီတဲ့
အသံလာရာဘက်ကိုကြည့်တော့ ခေါက်ရိုးကျိုးနေပြီ
နဂိုကလဲ ဒီအတိုင်း
ခုလဲ ဒီလိုပါပဲ
ပြောနေကျစကားလုံးပါပဲ
မြောင်းထဲမှာ နစ်နေတုန်းတဲ့။ ။

janndoone

0 ဝေဖန်ပေးပြီးပြီ: