အကောင်းဆုံးဖြစ်အောင် ကြိုးစားလျှက်ပါ
ပေါက်ကရ ဘလော့ဂ်တွင် Post များ ပြန်တင်နေပါသည်။ အားလုံး ကျေးဇူးတင်ပါတယ်။

October 9, 2008

ချစ်သောသူသို့.........

နေထွက်ရာကို မျက်နှာမှုထားခိုက်မှာတောင်
ငါ့ “မြောက်အရပ်ဟာ မီးလျှံတွေနဲ့ တငွေ့ငွေ့ပူနေတုန်း.....”
ချစ်ခြင်းဆိုတာ
ဝမ်းတစ်လုံးကောင်းပြီး ခေါင်းမခဲချင်သူတွေရဲ့
မိုးပေါ်ထောင်ပစ်တဲ့ မြားချက်တွေပါပဲလေ။

ဖြစ်နိုင်ခဲ့မယ်ဆိုရင်...
“သိုးဆောင်းဂစ်တာတစ်လက်ရဲ့ မှတ်တမ်း” ကို
မင်းဖတ်ကြည့်ပါ........ ချစ်သူ......
ငါတို့ အိပ်မက်ဆိုတာ တခါတခါ
ပိုပြီးစိတ်ကူးညဥ့်နက်လာတတ်ရဲ့.......
ဘေးဆွဲချထားပြီးသား လူတစ်ဦးရဲ့
မီးလွင်အိပ်မက်ဟာ မင်းအကြောင်းတွေချည်းပါပဲ...၀တ်မှုန်။
စကားလုံးကြားမှာ နစ်မြူး
စိတ်ကူးပုံရိပ်လေးပွားယူတတ်ရုံနဲ့တင်
လုံလောက်နစ်မူးနေတတ်ကြရဲ့လေ.......
ကိုယ်ချစ်တဲ့သူကို ပင်ထက်ပန်းလို
တရေးရေးကြည့်ငေးမြင်ခွင့် ရရုံလေးကို
ပျော်ပျော်မြူးရွှင်ရင်း လက်တွေဘ၀နဲ့
တစစဝေးသွားကြရဲ့....
ပြောမပြဖြစ်တဲ့ စကားတွေက များလွန်းလှပါတယ်ကွယ်။
ညထက်မှာ ထ ကနေတဲ့ လမင်းပက်လက်ကောင်းကင်ကြီးတောင်
ငါတို့ရဲ့ တေးကို မသိသလိုနဲ့ ချောင်မှာ ကွေးငိုလို့....
အင်းပေါ့လေ...ငါတို့ အညတြတွေ ဆိုတာကလည်း
စင်ပေါ်တက်ကဖို့ကို သိပ်ရွံမုန်းကြတာကိုးကွဲ့...
ဒီလိုနဲ့ပေါ့....
ငါဟာလည်း.........မင်းကိုငေးရင်း
မင်းအတွက် ကဗျာတွေရေးရင်း
မင်းနဲ့ ဝေးခဲ့ရပြီလားကွယ်။
ဒီနေ့ လကွယ်ညတဲ့လား...........
“လင်းဝေနဲ့ ငါ ဂစ်တာတီးရဦးမယ်။”

ဘုန်းသန့်ခန့်

0 ဝေဖန်ပေးပြီးပြီ: