အကောင်းဆုံးဖြစ်အောင် ကြိုးစားလျှက်ပါ
ပေါက်ကရ ဘလော့ဂ်တွင် Post များ ပြန်တင်နေပါသည်။ အားလုံး ကျေးဇူးတင်ပါတယ်။

November 7, 2009

သီချင်းစာသားလေး တခုပါပဲ

ကဲ.......... သီချင်းဆိုကြရအောင်...

(မျောလွင့် နေတဲ့ တိမ်~~စိတ္တဇဆန်တဲ့ ဒီမိုးများ~~~ရွာနေတုန်း~~ငါချမ်းလို
တုန် မိုးသည်းတဲ့ ညတွေမှာ~~~ ချဲတွက်နေ တညလုံး~~ ချဲမပေါက်တဲ့ ငါတော့ရူး)

ဝေးခဲ့ပြီ…… အတိုးပေးပြီးငါကပိုက်ဆံချေးမလို့ …..သံဓိဏ္ဌာန်ချထားခဲ့တာဘဲ…….ငါ မင်းဆီကများရမလားလို့ 
ငါကြည့်တဲ့ ဇာတ်ကားတွေ…ဗိုက်ပူမ က ငှားသွား….ငါ့ရဲ့ ရုပ်ရှင်တွေကာတွန်းခွေအဖြစ်နဲ့  ပြန်ရ…
ငါ့အဖေ၀ယ်သိမ်းထားတဲ့ဟာတွေ….အဖေသိရင်သေပါပြီ…အဖေသိရင်တော့ သေပါပြီဗျာ
ဒီဒိုင်ရာရီကိုရေးသား….မင်းနဲ့ ငါနဲ့ ပျော်ရွှင်မြူး…ဆပ်စလူးထ ပေါင်းလဲမနဲပါဘူး

သူများဆ်ီမှာ အကြွေးတင်နေတာ…ဘယ်လိုပြန်ဆပ်ရမလဲ… မသိတော့ဘူး
မင်းလိုချင်တဲ့ ၂ လုံးဂဏန်း..ငါ့ဘက်ကမပေးနိုင်….ယုံကြည်စွာမျှော်လင့်ခဲ့
ငါတို့ နှစ်ယောက်တော့ မဝေးနိုင်…..ဘာကြောင့် ဒီနံပတ်ကမထွက်ရတာလဲ
ငါ့ဦးနှောက်ကမတွေးနိုင်…ဒီနေ့ အထိမမေ့နိုင်..ငါ ချဲထိုးဆဲပဲယနေ့တိုင်
ငါ့အခန်းနံရံတွေပေါ်မှာ..ချဲဂဏန်းတွေကပ်ထားဆဲ
ငါ့ နှလုံးသွေးလည်ပတ်မှုကတော့ ဒီနေ့ကစပီး ရပ်တန့်ခဲ့
ပါတ်လည်ရော…စီးရီးရော..ဘိုးတော်ဂဏန်းရော…အစုံပါပဲ
ဒါလဲမပေါက်ဘူး…. ကုန်တာပါပဲ


(မျောလွင့်နေတဲ့တိမ်~~စိတ္တဇဆန်တဲ့ဒီမိုးများ~~~ရွာနေတုန်း~~ငါချမ်းလို
့တုန် မိုးသည်းတဲ့ညတွေမှာ~~~ ချဲတွက်နေ တညလုံး~~ ချဲမပေါက်တဲ့ငါတော့ရူး)


တိုက်ဆိုင်လိုက်တာများကွာ…ဖေဖေါ်ဝါရီ ၉ ရက်~~~
ဆိုးချက်က ရင်နင့်စရာ….တောင်ငူကိုသွားခဲ့… စောင်ထူထူခြုံရင်းနဲ့…အမှောင်ထူထူဖြတ်ခဲ့
ဗလောင်ဆူတဲ့ရင်ခွင်နဲ့ ပေါ့………….
မင်းက Chelsea ကိုအထင်ကြီးတာလား….Ferguson ကိုမက်မောတာလား
မကြားချင်ရင်လဲ နားပိတ်ထားလိုက်…ငါကတော့ ဒါကိုဆက်ပြောမှာဘဲ
မင်းအပေါင်းအသင်းတွေလာလာကြပ်တဲ့ …၂ လုံးဂဏန်းတွေနဲ့ တင်ပြာရာခပ်ခဲ့
ဟိုအရင်ကတော့ ဒါဟာအမှတ်တမဲ့..ခုတော့ အပေါင်ဆိုင်ဆိုတာ ထဲငါဟာရောက်ခဲ့
နားလည်ပေးပါ..ပရိတ်သတ်ကြီးရယ်…ဘောလုံးပွဲလေးလောင်းတဲ့ဟာက
အပြစ်မဲ့တာလို့ မပြောချင်..မုသာဝါဒါကြူးလွန်ခဲ့…
တစ်လုံးပြား၂၀ ဆိုတာ….မဟုတ်ပါဘူး..ညာတာ..

တကယ်က…နှစ်လုံးသရေ...ဒိုင်နဲ့ ပေါင်းပြီးလောင်းတဲ့အချိန်ကြတော့
ရဲကငါ့ကိုဆွဲဆိ..ထောင်ကျခဲ့ တာ ၄ နှစ်..ပျော်လို့ ထပ်ပီးနေတာ ၃နှစ်
အဖြစ်အပျက်တွေပြန်လည်တွေးရင်း.အိမ်ပြန်ခဲ့ပါတော့ကွာ ငါ့အချစ်
တောင်းပန်တယ်ကွာ..တလောကလုံးဗျောင်းဆံနေတာဘဲ
ဘောလုံးပွဲဒိုင်ကိုင်တယ်ဆိုတာကတော့ လုက်ဇာတ်မဟုတ်ပါဘူး ပရိပ်သတ်ကြီးရယ်


(မျောလွင့်နေတဲ့တိမ်~~စိတ္တဇဆန်တဲ့ဒီမိုးများ~~~ရွာနေတုန်း~~ငါချမ်းလို
့တုန် မိုးသည်းတဲ့ညတွေမှာ~~~~ ချဲတွက်နေ တညလုံး~~ ချဲမပေါက်တဲ့ငါတော့ရူး)


၁၉၉၇ ဒီဇင်ဘာလ၁ရက်ကောင်းကင်ပြာပြာကြီးရဲ့အောက်မှာ
အမွဲဇယားကိုစတင်ခဲ့
အဲဒီနေ့က အပူးမထွက်ပါ……….
ဒီဇင်ဘာ ၈ ရက်…နှလုံသားကိုဓာတ်လိုက်ပြီ ..တလုံးပဲလွဲသွားတယ်……………
ဖေဖော်ဝါရီ ၁၄ ရက်~~သူပေးတဲ့လက်စွပ်မောင်းကွင်းလေးကို
လမ်းထိပ်က ဒေါ်ကြွက်မဆ်ီမှာ သွားပေါင်ခဲ့~~~ဘယ်တော့မှ ပြန်မရွေးနိုင်ခဲ့
ဧပြီ ၁၀ ရက်ကျွန်တော့် မွေးဂဏန်းလေးထွက်သွားတယ် အိုး....အို....အရူးအမူးပဲ
မေလ၂၃ ဘ၀တသက်စာချဲထိုးစားတော့မယ်လို့ လေထဲတိုက်အိမ်ဆောက်ခဲ့ဘူးတာပဲပျော်မြူးခဲ့
တညလုံးမအိပ်ပဲချဲတွက်ခဲ့ တဘ၀လုံးဆိတ်သုန်းမွဲရောပဲ
ပေးလိုက်ရတာဆွဲကြိုးနဲ့ ပြန်ရလိုက်တာအကြွေးဇယားပဲ
အောက်တိုဘာ ၁၆ ရက်ပျော်ရွှင်ရတဲ့နေ့တွေရှိသလို ထမင်းတွေလည်းငတ်ခဲ့
ပြန်ပေါက်လိုက် ပါသွားလိုက်နဲ့ အကြွေးနွံထဲနစ်ခဲ့
ဖေဖော်ဝါရီ ၉ ရက် ကျွန်တော့်ဘ၀ကွဲပျက်………ကျွန်တော့်ဘ၀ကွဲပျက်


(မျောလွင့် နေတဲ့တိမ်~~စိတ္တဇဆန်တဲ့ ဒီမိုးများ~~~ရွာနေတုန်း~~ငါ
ချမ်းလို့တုန် မိုးသည်းတဲ့ညတွေမှာ~~~ ချဲတွက်နေ တညလုံး~~ ချဲမပေါက်တဲ့ငါတော့ ရူး)


မိုးတွေရွာတုန်းမှာ~~နားခိုစရာဟာတကယ်မဲ့လို့~~~ငါတရောက်ထဲလျှောက်တယ်..အိုလမ်းများဟာ
မှားယွင်းတဲ့ လမ်းတွေမှာ….ချဲထိုးတာ ငါပျော်ခဲ့~~~~ ချဲပေါက်ဖို့
တကယ်ခက်ခဲ…လွဲမှားတဲ့ ဘ၀ကြီးကို
သိခဲ့ရနောက်မှာလေ~~~~ အမှားများပြန်ပြင်တုန်းမှာ….အားလုံးနဲ့ ငါကဝေး
အူး…..အူး….အူး..အူး….အူး….အူး… အူး
အာ….အာ…အာ…အား.. အား….
(ကျွန်တော့်ကိုကြည့်မရလို့တဲ့....ခွေး ၃ ကောင်လိုက်လို့ 
ထွက်ပြေးလိုက်ရတာ…ပုဆိုးကိုပြဲရော)
အူး…..အူး….အူး..အူး….အူး….အူး
ပန်….ပန်….ပန်… ပန်…ပန်….ပန်
ပန်…ပန်



ဒီသီချင်း စာသားလေးကိုတော့ အီးမေးလ်မှ တဆင့် ရလို့ ပြန်ပြီးတော့ ဖော်ပြလိုက်တာပါ..။ အားလုံးကို ကျေးဇူးတင်ပါတယ်။


မူရင်းသီချင်းလေးကို နားထောင်လိုက်နော်.........



0 ဝေဖန်ပေးပြီးပြီ: