အကောင်းဆုံးဖြစ်အောင် ကြိုးစားလျှက်ပါ
ပေါက်ကရ ဘလော့ဂ်တွင် Post များ ပြန်တင်နေပါသည်။ အားလုံး ကျေးဇူးတင်ပါတယ်။

November 12, 2012

ချောင်းထဲသို့အရောက် အမှိုက်စွန့်ပစ်နေရတဲ့ တာမွေသူများ


ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ကြီး၏ စီးပွားရေး မြို့တော်ကြီးဖြစ်တဲ့ ရန်ကုန်တိုင်းဒေသကြီးမှာပါ။ လူတွေစည်ကားလှတဲ့ တာမွေအ၀ိုင်းနဲ့ မလှမ်းမဝေးမှာ တည်ရှိနေတဲ့ ရန်ကုန်မြစ်နဲ့ ချိတ်ဆက်နေတဲ့ ပုဇွန်တောင် ငမိုးရိပ်ချောင်းအနားမှာ နေထိုင်နေကြတဲ့ အိမ်ယာသူ၊ အိမ်ယာသားများရဲ့ နေ့စဉ်ကြုံတွေ့နေရတဲ့ ဖြစ်စဉ်လေး တစ်ခုကို ဤတစ်ပတ် စာဖတ်သူများထံ မျှဝေပေးလိုက်ပါတယ်။

အမှိုက်သိမ်းကားဆိုတာ ဘယ်လို ပုံစံမျိုး မသိ၊ မမြင်ဖူးကြတဲ့ ထိုအိမ်ယာဝန်းထဲမှ အမှိုက်စွန့်ပစ်သူများမှတော့ အိမ်ယာဝန်းမှ တာဝန်ရှိသူများ ချိတ်ဆွဲထားတဲ့ “အမှိုက်များကို ချောင်းထဲသို့ ရောက်အောင် သွန်ပါ” ဆိုတဲ့ စာတန်းလေးကို တာဝန်သိတတ်သူများအဖြစ် လိုက်နာ ဆောင်ရွက်နေကြသည်မှာ နှစ်နှင့် ချီ၍ ကြာရှိနေခဲ့ပါပြီ။

အိမ်ယာဝန်းမှ တာဝန်ရှိသူတစ်ဦးရဲ့ အဆိုအရတော့ “ကျွန်တော်တို့က စည်ပင်သာယာမှ တာဝန်ရှိသူများနှင့် စကားပြောပြီးပါပြီ။ ဒါပေမယ့် သူတို့က အမှိုက်ကား မလောက်ငှသည်က တစ်ကြောင်း၊ အိမ်ယာဝန်းထဲ လာဖို့ အခက်အခဲရှိသည်က တစ်ကြောင်း အစရှိသည့် အကျိုးအကြောင်းတို့ကြောင့် ဒီအိမ်ယာဝန်း စတင် တည်ဆောက်ခဲ့တဲ့ လွန်ခဲ့သော ဆယ်စုနှစ်ကတည်းက အမှိုက်သိမ်းစနစ်ဆိုတာ ဒီမှာ မရှိခဲ့တာပါ။ အမှိုက်တွေကို ချောင်းနားမှာ လာလာစွန့်ပစ်ကြလို့ အနံ့အသက် မကောင်းသည့် အတွက်ကြောင့် “အမှိုက်များကို ချောင်းထဲသို့ ရောက်အောင် သွန်ပါ” ဆိုတဲ့ ဆိုင်းဘုတ်ကို ချိတ်ဆွဲပေးထားတာပါ။ နည်းလမ်း မရှိတော့ဘူးလေ"ဟု ပြောကြားခဲ့ပါတယ်။

အိမ်ယာဝင်းအတွင်း အနံ့အသက် ကင်း အမှိုက် ရှင်းသွားသော်လည်း ချောင်းထဲမှာ နေ့စဉ်နှင့်အမျှ မျှော စီးဆင်းနေတဲ့ လူထောင်ပေါင်းများစွာ လွှင့်ပစ်ထားသော အမှိုက်သရိုက်တွေကတော့ နာမည်ကျော် ငမိုးရိပ်ချောင်းရဲ့ သဘာဝအလှကို ပျက်စီးစေသလို၊ မြို့ပြ အဂါင်္ရပ်နှင့်အတူ သဘာဝ ပတ်ဝန်းကျင်ကိုပါ ထိခိုက်စေပါတယ်။

အိမ်ယာဝင်းထဲသို့ လာရောက်လည်ပတ်ကြတဲ့ နိုင်ငံခြားသားများမှလည်း ထိုမြင်ကွင်းကို တွေ့တိုင်း နှာခေါင်းရှုံ့ချသည့်အတွက်ကြောင့် ဤကဏ္ဍမှာ ရေးသားတင်ပြလိုက်ပါတယ်။

Myanmar ICT Facebook

September 24, 2012

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အလေးထားဖို့လို

မြို့ပြစီမံကိန်းတွေကို အကောင်အထည် ဖော်ရာမှာဖြစ်ဖြစ် အထူးစီးပွားရေးဇုန်တွေကို အကောင်အထည် ဖော်ရာမှာဖြစ်ဖြစ် သဘာဝပတ်ဝန်းကျင်နဲ့ မြို့ပြစိမ်းလန်း စိုပြည်ရေး ထိခိုက်မှုရှိ မရှိ အလေးအနက် တွက်ချက်စဉ်းစားပြီးမှသာ စီမံကိန်းတွေကို အကောင်ထည်ဖော်သင့်ကြောင်း ပညာရှင် ဆွေးနွေးပွဲ တစ်ခုက တောင်းဆို လိုက်ပါတယ်။

ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေဂုံတိုင်၊ တော်ဝင်နှင်းဆီခန်းမမှာ မနေ့က ကျင်းပခဲ့တဲ့ အစိမ်းရောင်ကွန်ရက် ပညာရှင်များ စုပေါင်းဆွေးနွေးပွဲမှာ ၈၈ မျိုးဆက်ကျောင်းသားတွေ၊ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာရှင်တွေနဲ့ မြန်မာနိုင်ငံ အနှံ့အပြားက မြေယာရှုခင်း၊ ပန်းကွင်းနဲ့ သစ်သီးဝလံ ပန်းမန်လုပ်ငန်းရှင်တွေက တောင်းဆို လိုက်ကြတာ ဖြစ်ပါတယ်။

တာဝန်ရှိသူတွေ အနေနဲ့ မြို့ပြစီမံကိန်းတွေကို အကောင်ထည်ဖော်ရာမှာ မြို့ပြစိမ်းလန်းစိုပြည်ရေးအတွက် အလေးနက်ထား စဉ်းစားသင့်ပုံနဲ့ ပတ်သက်ပြီး ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ကိုဂျင်မီက RFA ကို အခုလို ပြောပါတယ်။

"မြို့ပြတည်ဆောက်တဲ့နေရာမှာ ပထမဦးဆုံး မြို့ပြစိမ်းလန်းစိုပြေရေးကို ပထမဦးဆုံး ဦးစားပေးရမယ်။ အဲဒီစိမ်းလန်းစိုပြေရေးရဲ့ ဗဟိုချက်ကနေ စဉ်းစားပြီးတော့ လုပ်ကိုင်ရမယ်။ ဘာဖြစ်လို့လဲဆိုတော့ စက်မှုခေတ်ရဲ့ဒဏ်တွေကို ကျွန်တော်တို့ ခံခဲ့ရပြီး ပြီ။ အိုဇုန်းလွှာပေါက်တာလည်း ဒါစက်မှုခေတ်ရဲ့ ဒဏ်တွေပဲ။ သဘာဝပတ်ဝန်းကျင်ကို ကျွန်တော်တို့ ထိန်းသိမ်းရမယ်"

ဒီအခမ်းနားကို ရန်ကုန်မြို့ မင်းဓမ္မလမ်း မင်းဓမ္မပန်းကွင်း လုပ်ငန်းရှင်များအဖွဲ့က အဓိက စီစဉ်တာဖြစ်ပြီး ကိုဂျင်မီ၊ ကိုကိုကြီး (စမ်းချောင်း) တို့ အပါအ၀င် ၈၈ မျိုးဆက် ကျောင်းသားတွေ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လွတ်တော်အမတ်တွေ၊ (FREDA) အဖွဲ့က ဦးအုန်း အပါအ၀င် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်တွေ၊ နိုင်ငံအနှံ့က မြေယာရှုခင်းနဲ့ သစ်ပင်ပန်းပင် လုပ်ငန်းရှင်တွေ တက်ရောက်ခဲ့ကြပါတယ်။

မကြာခင်ကတော့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက မင်းဓမ္မပန်းကွင်း လုပ်ငန်းရှင်တွေကို နေရာရွှေ့ပြောင်းဖို့ ဖိအားပေးနေတယ်လို့ သိရပါတယ်။

RFA မှ ကူးယူဖေါ်ပြ။

September 15, 2012

ထိုသုံးဦး

ထင်ရှားသော ခေါင်းဆောင်မှု သီအိုရ တစ်ရပ်အရ အဖြစ်အပျက် အပြောင်းအလဲ ကြီးကြီးမားမားများနှင့် အတူ ခေါင်းဆောင်များ ပေါ်ထွက်လာတတ်သည့်အတိုင်း မြန်မာ့သမိုင်းတွင် အပြောင်းအလဲ ထူးထူးခြားခြား ဖြစ်ပေါ်နေချိန် ယနေ့အခါ သမယတွင် ခေါင်းဆောင်သုံးဦး ထင်ထင်ရှားရှား ပေါ်ထွက်လာသည်။ ထိုခေါင်းဆောင်သုံးဦး၏ ဥာဏ်အမြော်အမြင်၊ လုပ်ဆောင်ချက် များနှင့် သူတို့အကြား ဆက်ဆံရေး၊ ပူးပေါင်း ဆောင်ရွက်မှုတို့သည် နိုင်ငံ၏ ပစ္စုပ္ပန်ကိုသာမက မဝေးလှသည့် အနာဂတ်၊ ခပ်ဝေးဝေး အနာဂတ်ကိုပါ ဖော်ဆောင် ပဲ့ကိုင်သွားလိမ့်မည်။

သမ္မတကြီး ဦးသိန်းစိန်
ယခင် အစိုးရလက်ထက်က ၀န်ကြီးချုပ် ဖြစ်ခဲ့သော ဦးသိန်းစိန် သမ္မတအဖြစ် တက်လာစအချိန်တွင် စောင့်ကြည့်ရဦးမည် ဟူသော ထင်မြင်မှုများ ရှိခဲ့သော်လည်း လပိုင်းအကြာ၌ ရင်သပ် ရှုမောရသော ပြုပြင် ပြောင်းလဲရေးများ ဆက်တိုက် ပြုလုပ်ခဲ့ပြီး နိုင်ငံတွင်း သာမက တစ်ကမ္ဘာလုံးက အသိအမှတ် ပြုရသော ပြုပြင်ပြောင်းလဲရေး ခေါင်းဆောင် အဖြစ် ပေါ်ထွက် လာခဲ့သည်။

ယိုင်တိုင်တိုင် စီးပွားရေးကို ထောင်မတ်ရန်၊ နိုင်ငံရေးစနစ်ကို ဗဟိုဦးစီးစနစ်မှ ဒီမိုကရေစီ စနစ်သို့ ကူးပြောင်းရန်၊ ပြည်တွင်း ငြိမ်းချမ်းရေးမှသည် တစ်နိုင်ငံလုံး စည်းလုံး ညီညွတ်ရန်၊ နိုင်ငံတကာတွင် မြန်မာ့ဂုဏ်သိက္ခာ တက်အောင် ဆောင်ရွက်ရန် တို့သည် မြန်မာနိုင်ငံကို ဦးသိန်းစိန် တစ်ပြိုင်တည်း ဦးဆောင် ချီတက်ရသည့် အဓိက ပန်းတိုင်များ ဖြစ်ပြီး တစ်ခုချင်းစီပင် ဖြစ်မြောက်အောင် လုပ်ဆောင်ရန် မလွယ်လှသည့် ရည်မှန်းချက်များဖြစ်သည်။

စွမ်းရည်မြင့် လူသား အရင်းအမြစ်များ ရှားပါးမှု၊ ရိုးသားခြင်း ကြိုးစားခြင်းတို့ကို တန်ဖိုး ထားသော်လည်း လက်တွေ့ ကျင့်သုံးမှု အားနည်းသော လူ့အဖွဲ့အစည်း၊ အားနည်းသော ၀န်ထမ်း အဖွဲ့အစည်း၊ ပြောင်းလိုသူနှင့် မပြောင်းလိုသူ၊ ပြောင်းနေမှန်း မသိသူတို့အကြား လွန်ဆွဲပွဲ စသော စိန်ခေါ်မှုကြီးများ ရှိနေသည့်ကြားမှ အထက်ပါ ပန်းတိုင်များသို့ ချီတက်ရသည်မှာ ဧရာမ တာဝန်ပင် ဖြစ်သော် လည်း နိုင်ငံအရွေ့ တစ်ခုသို့ အချိန်တိုအတွင်း ရောက်ခဲ့သည်မှာ သမ္မတကြီး ဦးသိန်းစိန်၏ ခေါင်းဆောင်မှုနှင့် ဇွဲနပဲ တို့ကြောင့် ဖြစ်သည်။

ရိုးသားခြင်း၊ အခြားသူတို့ အမြင်ကို နားစိုက် ထောင်ခြင်း၊ ပြုပြင် ပြောင်းလဲရေး သန္နိဋ္ဌာန် မြင့်မားခြင်းတို့မှာ အများ အသိအမှတ် ပြုရသော ဦးသိန်းစိန်၏ ထူးခြားသည့် စရိုက် လက္ခဏာများ ဖြစ်ပြီး ပြည်တွင်းတွင်လည်း ယုံကြည် ကိုးစားခံရမှု အထူးပင် မြင့်တက် နေခဲ့သည်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်း
ယခင် အစိုးရ လက်ထက်က နံပါတ်သုံး နေရာတွင် ရှိခဲ့သော သူရဦးရွှေမန်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဖြစ်လာသောကြောင့် ဘေးသို့ ရောက်သွားသည်ဟု ထင်မြင်သူ အချို့ ရှိခဲ့သော်လည်း ယင်းမှာ စနစ်သစ်တွင် လွှတ်တော်၏ ကြီးမားသော အခန်းကဏ္ဍကို အမှတ်တမဲ့ ဖြစ်နေသောကြောင့် ဖြစ်သည်။

အမေရိကန် ပြည်ထောင်စုတွင်လည်း ကျင့်သုံးသည့် သမ္မတစနစ်တွင် အုပ်ချုပ်ရေး မဏ္ဍိုင်နှင့် ဥပဒေပြုရေး မဏ္ဍိုင်တို့ အပြန်အလှန် ထိန်းညှိ ခြင်းဖြင့် ဒီမိုကရေစီကို ထိန်းသိမ်းထားသလို နိုင်ငံကိုလည်း ချောမွေ့စွာ လည်ပတ်စေသည်။ အထူးသဖြင့် ဗဟို ဦးစီးစနစ်မှ ကူးပြောင်းစ နိုင်ငံတို့တွင် အုပ်ချုပ်ရေး မဏ္ဍိုင်မှာ အားကောင်းမြဲ ဖြစ်သည့်အတွက် လွှတ်တော်ပါ လိုက်ပါ အားကောင်းလာမှ ဖွဲ့စည်းပုံ အခြေခံ ဥပဒေက ရည်ရွယ်သည့် အပြန်အလှန်ထိန်းညှိခြင်း (Checks and Balance) အထ မြောက်မည်။ ထိုသို့ အထမြောက်မှသာ သမ္မတစနစ် အသက်ဝင်ကာ ဒီမိုကရေစီ ခိုင်မာ အားကောင်းလာမည်။

သမ္မတ စနစ်၏ လွှတ်တော်ကဲ့သို့ လွှတ်တော်မျိုး မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးချိန်မှစကာ မပေါ်ဖူး သေးခြင်း၊ မြန်မာနိုင်ငံ၏ ဥပဒေ အများအပြားမှာ အိုမင်း ဟောင်းနွမ်း ခေတ်မမီခြင်းကြောင့် ပြင်ဆင် အသစ်ရေးဆွဲရန် လိုခြင်းတို့ကြောင့် လွှတ်တော် အသက်ဝင်ရန် လိုအပ်ခြင်း ဖြစ်သည်။ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်းက လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် ရဲရဲဝံ့ဝံ့ ဆောင်ရွက်ကြရန် အစဉ်တစိုက် ဆော်သြခဲ့ သလို အခြေအနေ ကောင်းများ ဖန်တီးပေးခဲ့သောကြောင့် လွှတ်တော် ကိုယ်စားလှယ်များ တစတစ ပြောရဲဆိုရဲ ရှိလာကာ လွှတ်တော် စတင် အသက်ဝင်လာခဲ့သည်။ ယခုနောက်ပိုင်းလွှတ်တော်အရှိန် ရလာချိန် အရေးပါသော အချိုးအကွေ့များတွင်လည်း ဦးရွှေမန်း၏ ခေါင်းဆောင်မှုမှာ အရာရောက်ခဲ့သောကြောင့် သူသည်လည်း ပြုပြင်ပြောင်းလဲရေး ထိပ်တန်း ခေါင်းဆောင် (Reformist Figure) အဖြစ် အသိအမှတ် ပြုခံလာရသည်။

ဒေါ်အောင်ဆန်းစုကြည်
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ငြိမ်းချမ်းရေး နိုဘယ်လ် ဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် တောင်အာဖရိက သမ္မတဟောင်း နယ်လ်ဆင်မင်ဒဲလား နောက်ပိုင်းတွင် အကျော်ကြားဆုံးသော နိုင်ငံတကာ ခေါင်းဆောင်နေရာကို ရရှိထားခဲ့သည့် ပုဂ္ဂိုလ်ဖြစ်သည်။ မြန်မာ့အရေးနှင့် ပတ်သက်သည့် သူ၏အမြင်၊ အတွေးတို့သည် နိုင်ငံတကာ အသိုက်အ၀န်း၊ အထူးသဖြင့် စက်မှုအင်အားကြီး နိုင်ငံတို့ကို သြဇာ လွှမ်းမိုးသည်။ ကြားဖြတ် ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က တစ်နေရာမှ လွဲလျှင် နေရာအားလုံးရရှိကာ အောင်ပွဲခံနိုင်ခဲ့ခြင်းမှာ ဒေါ်အောင်ဆန်းစုကြည်၏အား အဓိက (Aung San Suu Kyi Factor) ဟု မြန်မာ့နိုင်ငံရေး သုတေသီများက အကဲဖြတ် ခဲ့သည်အထိ ပြည်တွင်းတွင်လည်း ထောက်ခံမှု အားကောင်းခဲ့သည်။

မူလက အလုပ်သဘော နိုင်ငံရေး ဖြစ်စဉ် (Formal Political Process) တွင် မပါဝင်ဘဲ ရှိနေခဲ့သည့် ဒေါ်အောင်ဆန်းစုကြည် သည် ရွေးကောက်ပွဲ အနိုင်ရကာ လွှတ်တော် ကိုယ်စားလှယ် ဖြစ်လာ ချိန်တွင် ထိုဖြစ်စဉ် ထဲသို့ ၀င်ရောက်လာခဲ့ပြီး ယင်းဖြစ်ရပ်တစ်ခု တည်းကပင် မြန်မာ့နိုင်ငံရေး မျက်နှာစာ၏ အလှည့်အပြောင်း တစ်ရပ် ဖြစ်လာခဲ့သည်။ ရွေးကောက်ပွဲ ရလဒ်အရ လွှတ်တော် အတွင်းတွင် ဒုတိယနေရာ အများဆုံးရ ပါတီ၏ ခေါင်းဆောင် ဖြစ်လာခဲ့သလို လွှတ်တော်ကော်မတီ တစ်ရပ်၏ ဥက္ကဋ္ဌလည်းဖြစ်လာ ခဲ့သည်။ လွှတ်တော်တွင်း ဒေါ်အောင်ဆန်းစုကြည် ၀င်ချိန်မှ စကာ လွှတ်တော်ကို ပြည်သူလူထု စိတ်ဝင်စားခြင်း ပိုမို မြင့်တက်လာပြီး မြန်မာ့လွှတ်တော်သည် ကမ္ဘာ့လွှတ်တော်များ အနက် နိုင်ငံတကာ စိတ်ဝင်စားခြင်း အခံရဆုံး လွှတ်တော် တစ်ရပ်ဖြစ်လာသည်။

သုံးဦးသုံးဖလှယ်
မြန်မာနိုင်ငံတွင် Democratic Institutions (ဒီမိုကရေစီ အစဉ်အလာ၊ လုပ်ထုံးလုပ်နည်း၊ အဖွဲ့အစည်းများ) ဖြစ်တည်စ ရှိနေသေး သောကြောင့် ပုဂ္ဂိုလ် (Individual) ကို အခြေပြု နေရသေးပေရာ မြန်မာ့ ပြုပြင် ပြောင်းလဲရေးသည် ခေါင်းဆောင်များ အပေါ်တွင်သာ မူတည်နေ ရဦးမည်။ သက်တမ်းရ လာသည် နှင့်အမျှ Institutions များ ပုံပေါ်လာသည့် အချိန်တွင်မူ မည်သူတက်တက် ထို Institutions များအတိုင်း လိုက်ပါ လုပ်ဆောင်ခြင်းဖြင့် နိုင်ငံကို ရှေ့သို့ တွန်းနိုင်မည်။ ထို့ကြောင့် ခေါင်းဆောင်သုံးဦး တစ်ဦးနှင့်တစ်ဦး ဆက်ဆံရေး၊ ပူးပေါင်း ဆောင်ရွက်ရေးသည် Institutions များ ပုံပေါ်လာရေး၊ ထိုမှတစ်ဆင့် အနာဂတ် နိုင်ငံတော်တို့အတွက်များစွာ အဓိကကျသည်။

သမ္မတကြီး ဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်း၊ NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ သုံးဦးလုံးသည် သူတို့၏ ဆိုင်ရာ ဆိုင်ရာ အရေးကြီး အခန်းကဏ္ဍ များကို ပါဝင်ထမ်းဆောင်ခြင်းဖြင့် ပြုပြင် ပြောင်းလဲရေးတွင် ရှေ့ဆုံးမှ ပါဝင်နေကြသူများ ဖြစ်သည် (Role Play)။ ယင်းတို့၏ တာဝန်များသည် စနစ်သစ်၏ သဘောအရ အချို့ နေရာများတွင် အပြိုင်အဆိုင် (Competitive) ဖြစ်သကဲ့သို့ မြင်ရသော် လည်း အမှန်တကယ်တွင် စနစ် အောင်မြင်စွာ လည်ပတ်စေရန် အပြန်အလှန် အားဖြည့် ကူညီရေး (Competitive) ပင်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးသိန်းစိန်တို့ ပထမဦးဆုံး အကြိမ် တွေ့ဆုံ အပြီးတွင် ပြည်တွင်း ရင်ကြားစေ့ရေး အခန်းသစ် ဖွင့်လှစ်နိုင်ခဲ့ ကာ ပြုပြင် ပြောင်းလဲရေးများ ပို အရှိန်မြန်လာသလို နိုင်ငံတကာ ပံ့ပိုးမှုများ ရောက်ရှိ လာခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲဝင် နိုင်ခဲ့ခြင်း၊ ၀င်ခဲ့ခြင်း၊ လွှတ်တော် ကိုယ်စားလှယ် ဖြစ်လာခြင်းတို့မှာ ယင်းတို့နှစ်ဦး တွေ့ဆုံခြင်းမှ အစပျိုးခဲ့ပြီး တစ်ဦးနှင့် တစ်ဦး အပြန်အလှန် လေးစားမှု ပြသခဲ့သည်။ ကျရာ တာဝန်တို့ကို ထမ်းဆောင်ရာတွင် အပြန်အလှန် ထိန်းညှိကြသည့် အုပ်ချုပ်ရေး မဏ္ဍိုင် အစိုးရနှင့် ဥပဒေပြုရေး မဏ္ဍိုင်တို့ကို ကိုယ်စားပြုထားသည့် လွှတ်တော်တို့အကြား ပွတ်တိုက်မှု ရှိမည်မှာ ဓမ္မတာ ဖြစ်သော်လည်း ဓမ္မတာကို ကျော်လွန် မသွားစေရန် မဏ္ဍိုင်နှစ်ရပ် ကိုယ်စားပြု သမ္မတကြီး ဦးသိန်းစိန်နှင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်းတို့ကို ယခင် အစိုးရ လက်ထက်က လက်တွဲ လုပ်ကိုင်ခဲ့သည့် ဆက်ဆံရေးက အကူအညီ ပေးသည်။

ဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ သည်လည်း ယခု လွှတ်တော်တွင်းတွင် လွှတ်တော် ကိုယ်စားလှယ် များအဖြစ် အတူတကွ လက်တွဲ အလုပ်လုပ်နေပြီး ဒေါ်အောင်ဆန်းစုကြည် အားသန်သည့် တရား ဥပဒေ စိုးမိုးရေး ကော်မတီ ဥက္ကဋ္ဌအဖြစ် တာဝန်ယူ နိုင်ရန် ဦးရွှေမန်းက လမ်းခင်း ပေးခဲ့သလို ဒေါ်အောင်ဆန်းစုကြည် ကလည်း လက်ခံခဲ့သည်။

ကိုယ်တိုင် အသွင်ကူးပြောင်း
နိုင်ငံအသွင် ကူးပြောင်းရေးကို ဦးဆောင် နေသည့် ယင်းတို့ သုံးဦး ကိုယ်တိုင်သည်လည်း အသွင် ကူးပြောင်းရေး ကာလကို ဖြတ်ကျော် နေရ သည်။ ဦးသိန်းစိန်သည် ယခင် အစိုးရ လက်ထက်က ၀န်ကြီးချုပ်ဖြစ် ခဲ့ပြီး ဆုံးဖြတ်ချက်များကို အကောင်အထည် ဖော်သည့် နေရာ (Manager) မှ တာဝန် ယူခဲ့သော်လည်း ယခုအချိန်တွင် သမ္မတ အဖြစ် ပန်းတိုင် အပါအ၀င် အဓိက ဆုံးဖြတ်ချက်များကို ချမှတ်သလို အကောင်အထည် ဖော်သည့်နေရာ (Leader + Manager) ကို ယူနေရသည်။

ဦးရွှေမန်း သည် ယခင် အစိုးရ လက်ထက်က အုပ်ချုပ်ရေးတွင် ထိပ်တန်း နေရာမှ ပါခဲ့ပြီး ယခုအချိန်တွင် အုပ်ချုပ်ရေး မဏ္ဍိုင်ကို ထိန်းညှိမည့် ဥပဒေပြု ရေး မဏ္ဍိုင်ကို ဦးဆောင်နေရသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ယခင်က မူဝါဒ ချမှတ်ရေး ဖြစ်စဉ်တွင် မပါခဲ့သော်လည်း ယခုအချိန် တွင် လွှတ်တော် ကိုယ်စားလှယ် အဖြစ်လည်းကောင်း၊ လွှတ်တော်တွင်း ဒုတိယ အင်အား အကြီးဆုံး ပါတီ၏ ခေါင်းဆောင်အဖြစ် လည်းကောင်း မူဝါဒ ချမှတ်ရေး ဖြစ်စဉ်တွင် ပါဝင် ပတ်သက်နေသည်။

စနစ်သစ် တည်ဆောက်စ အရေးကြီး ကာလတွင် ထိုပုဂ္ဂိုလ်ကြီး သုံးဦး၏ အခန်းကဏ္ဍမှာ ယင်းတို့အကြား ပူးပေါင်း ဆောင်ရွက် ခြင်း၊ အပြန်အလှန် ထိန်းညှိခြင်းဖြင့် ယင်းတို့သုံးဦး မျက်နှာလွှဲ သွားချိန်၊ အနားယူသွားချိန်တွင် ဆက်လက် တည်ရှိနေမည့် ကြာရှည်ခံ နိုင်ငံတော်သစ် တည်ဆောက်ရေး၊ ဒီမိုကရေစီ ယဉ်ကျေးမှု တည်ဆောက်ရေး၊ နောင်လာနောက်သားများအား အစဉ်အလာ ကောင်းများ အမွေပေးခဲ့ရေးတို့ ဖြစ်သည်။

The Voice မှ ကူးယူဖေါ်ပြ။

September 14, 2012

စည်သွတ်စက်ရုံမှ ထွက်ရှိတဲ့ ရေဆိုးတွေကြောင့် ပတ်ဝန်းကျင် ညစ်ညမ်းနေ

မိတ္ထီလာစက်မှုဇုန်မှာရှိတဲ့ စည်သွတ်စက်ရုံတစ်ရုံတွင် ထွက်ရှိတဲ့ ရေဆိုးတွေကို လူနေရပ်ကွက်အတွင်းမှာပဲ စီးဆင်းမှု မရှိတဲ့ မြောင်းကြီး (အကျယ် ၇ ပေခန့်) တူးပြီး ကန့်သတ်မဲ့ စွန့်ပစ်ထားတယ်လို့ သိရပါတယ်။

အဆိုပါ ရေဆိုးမြောင်းကြောင့် ပတ်ဝန်းကျင်မှာ နေထိုင်ကြတဲ့ ပြည်သူအများ (အခြေခံပညာကျောင်း တစ်ကျောင်း အပါအဝင်) မှာ ကိုယ်စိတ်နှစ်ပါး ဆင်းရဲခြင်းဒဏ်ကို ခံနေရတယ်လို့ မြို့ခံတွေက Myanmar News Now ကို ပြောပါတယ်။

မိုးခပ်သည်းသည်းရွာလိုက်ပြီဆိုရင် နဂိုကမြေနိမ့်လို့ ရေဝင်တဲ့အိမ်တွေမှာ ရွံရှာစရာကောင်းတဲ့အပြင် ကျန်းမာရေးကို ကောင်းကောင်းကြီး ဒုက္ခပေးမည် ရေဆိုးများ ကျဆင်းမသွားမချင်း စိတ်ဆင်းရဲခြင်းကြီးစွာနဲ့ နေနေရကြောင်း ရေဆိုးမြောင်းဘေးမှာ နေထိုင်သူတဦးကလည်း ပြောပါသည်။

အရှည် ၃ - ဖာလုံလောက်နဲ့ အကျယ် ၇ ပေလောက်ရှိတဲ့ မြောင်းထဲက ဒီရေဆိုးတွေဟာ စီးဆင်းသွားခြင်း မဟုတ်ပဲ နေရာမှာတင် အောင်းနေတာဖြစ်တဲ့အတွက် ဒီရေဆိုးပမာဏဟာ ပတ်ဝန်းကျင်မှာရှိနေတဲ့ အများပြည်သူသုံးစွဲနေတဲ့ မြေအောက်ရေအပေါ် ဘယ်လောက်အတိုင်းအတာထိ ဆိုးကျိုးသက်ရောက်နေပြီလဲ၊ ဘယ်လောက်အတိုင်းအတာထိ ဆက်ပြီးဆိုးကျိုးတွေပေးနိုင်သေးလဲ ဆိုတာတွေအပေါ် လူ လူချင်း စာနာထောက်ထားသောအားဖြင့် လေ့လာသုံးသပ်ပြီး ကောင်းမွန်သော နည်းလမ်းများဖြင့် အများပြည်သူ ကိုယ်စိတ်နှစ်ပါး ဆင်းရဲခြင်းမှ လွတ်ကင်းရအောင် ဆောင်ရွက်နိုင်သူ၊ ဆောင်ရွက်ပိုင်ခွင့်ရှိသူ မည်သူမဆို အမြန်ဆုံးဆောင်ရွက်ပေးကြပါရန် မေတ္တာရပ်ခံကြောင်း မြို့ခံများက Myanmar News Now ကို ပြောပါတယ်။

Myanmar News Now မှ ကူးယူဖေါ်ပြ။

September 12, 2012

သဘာဝဓာတ်ငွေ့ လုံလောက်စွာ ရရှိမည်ဆိုပါက ရန်ကုန်မြို့မှ ရေနံချောင်း၊ ချောက်စသည့် ဒေသများသို့ သွားရာ လမ်းတစ်လျှောက်တွင် သဘာဝဓာတ်ငွေ့ အရောင်းဆိုင်များ ဖွင့်လှစ်မည်

ရန်ကုန်မြို့တွင်းရှိ သဘာဝဓာတ်ငွေ့ အရောင်းဆိုင်တစ်ဆိုင်အား တွေ့မြင်ရစဉ်
မြန်မာနိုင်ငံတွင် သဘာဝ ဓာတ်ငွေ့အရောင်းဆိုင် ဖွင့်လှစ်မှု အနေဖြင့် ၄၅ ဆိုင် ဖွင့်လှစ်ထားပြီး ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် တွင် ပြည်ပသို့တင်ပို့မည့် ရွှေသဘာဝ ဓာတ်ငွေ့စီမံကိန်းမှ သဘာဝဓာတ်ငွေ့များ ရရှိပါက ရန်ကုန်မြို့မှ သဘာဝဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းရာ လမ်းတစ်လျှောက်တွင် သဘာဝဓာတ်ငွေ့ အရောင်းဆိုင်များ ဖွင့်လှစ်သွားနိုင်မည် ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြပါသည်။

September 10, 2012

မဂ္ဂါဝပ်နှင့် လူရှစ်ထောင်ကျော်တို့၏ အနာဂတ်


သတင်း ဆောင်းပါး - မင်းထက်စံ

မြို့တော် သက်တမ်း ခြောက်နှစ်ကျော် လာပြီဖြစ်သော နေပြည်တော်၏ အရှေ့ဘက် မိုင် ၃၇ မိုင်ခန့် (၆၀ ကီလိုမီတာ) အကွာတွင် ‘လျှပ်စစ်စွမ်းအားဖြင့် ခေတ်မီဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော်သစ်ဆီသို့’ ဟူသော အပြာရောင် စာတမ်းကြီးကို ထင်ရှားစွာ တွေ့မြင်ရမည် ဖြစ်သည်။ ကွန်ကရစ် ကျောက်နံရံကြီးများကိုလည်း အခိုင်အမာ တည်ဆောက်ထားသည်။

၂၃၇ ဧကကျော်ရှိသည့် တညင်းကုန်းအုတ်စက်ရုံကို မြေတစ်ဧကလျှင် တစ်လငှားရမ်းခကျပ် ၇၄၀၀၀ ကျော်ဖြင့် Mother Industrial ကုမ္ပဏီလီမိတက်သို့ စက်မှုဝန်ကြီးဌာနမှ တင်ဒါမခေါ်ဘဲ လုပ်ကိုင်ခွင့်ပေး

၂၃၇ ဧကကျော် ကျယ်ဝန်းသည့် တညင်းကုန်းအုတ်စက်ရုံကို မြေတစ်ဧကလျှင် တစ်လငှားရမ်းခ ကျပ် ၇၄၀၀၀ ကျော်ဖြင့် စက်မှုဝန်ကြီးဌာနမှ Mother Industrial ကုမ္ပဏီလီမိတက်သို့ လုပ်ကိုင်ခွင့်ပြုခဲ့ကြောင်း စက်မှုဝန်ကြီးဌာနနှင့် Mother Industrial တို့ လက်မှတ်ရေးထိုးချုပ်ဆိုသည့် သဘောတူစာချုပ်ပါ အချက်များအရ သိရသည်။

August 28, 2012

အမည်မည်းစာရင်း (Black List ) အဖြစ် သတ်မှတ်ထားခံထားရသော ပြည်ပရောက် မြန်မာနိုင်ငံသား ၆၁၆၅ ဦးအနက် ၂၀၈၂ ဦးကို စာရင်းမှ ပယ်ဖျက်

ပြည်ပရောက် မြန်မာနိုင်ငံသားများအနက် အမည်မည်း စာရင်း (Black List ) သတ်မှတ်ခံထားရသည့် ၆၁၆၅ ဦးအနက် ၂၀၈၂ ဦးကို စာရင်းမှ ပယ်ဖျက်ပေးလိုက်ကြောင်း သြဂုတ်လ ၂၈ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြခဲ့ပါသည်။

ထိုသို့ ပယ်ဖျက်ပေးလိုက်သည့် နည်းတူ မြန်မာနိုင်ငံသို့ ပြန်လာနိုင်ရေး အတွက်လည်း ခွင့်ပြုပေးသွားမည် ဖြစ်ကြောင်း သိရပါသည်။

ယခင်အစိုးရလက်က နိုင်ငံတော်၏ အမျိုးသား အကျိုးစီးပွားကို ကာကွယ် စောင့်ရှောက်နိုင်ခြင်း အလို့ငှာ ကုမ္ပဏီများ၊ နယ်ပယ် အသီးသီးမှ လူပုဂ္ဂိုလ်များ၊ သတင်းမီဒီယာ သမားများ အပါအ၀င် အချို့အား အကြောင်း အမျိုးမျိုးကြောင့် အမည်မည်း စာရင်း (Black List ) သတ်မှတ်ရေးသွင်းခဲ့ပြီး ကန့်သတ်မှုများ ဆောင်ရွက်ထားရှိခဲ့သော်လည်း ယခုအခါ ပြောင်းလဲလာသော ခေတ်စနစ်နှင့်

အညီ ဖြေလျော့မှုများ ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်သည်ဟု သတင်းတွင် ဖော်ပြခဲ့ပါသည်။ အမည်မည်း စာရင်း (Black List )မှ ပယ်ဖျက်ပေးလိုက်သော ၂၀၈၂ ဦးတွင် မည်သူများ ပါဝင်သည်ဆိုသော အသေးစိတ်ကိုမူ ထုတ်ပြန်ခဲ့ခြင်း မရှိပေ။

Eleven Media Group မှ ကူးယူဖေါ်ပြ။

August 23, 2012

ထိုင်းဝန်ကြီးချုပ် မြန်မာနိုင်ငံသို့ စက်တင်ဘာတွင် လာရောက်မည်

ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စယင်လပ်ရှင်နာဝပ်သည် မြန်မာနိုင်ငံသို့ ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် ပတ်သက်သောကိစ္စများ ဆက်လက်ဆွေးနွေးရန်နှင့် နှစ်နိုင်ငံသဘောတူထားသည့်ကတိက၀တ်များကို ဆက်လက်ဆွေးနွေးရန် စက်တင်ဘာလအတွင်း လာရောက်မည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်ကို ကိုးကားကာ သည်နေရှင်းသတင်းစာက ဖော်ပြသည်။

ထိုင်းဝန်ကြီးချုပ်သည် မြန်မာနိုင်ငံ၊ နေပြည်တော်သို့ နှစ်ရက်တာလာရောက်မည်ဖြစ်ပြီး ရက်အတိအကျကိုမူ ပြောဆိုထားခြင်း မရှိသေးပေ။ ဇူလိုင်လအတွင်းက ထိုင်းနိုင်ငံသို့ လာရောက်ခဲ့သော နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ခရီးစဉ်အတွင်း နှစ်ဦးသဘောတူခဲ့သည့် ထားဝယ် ရေနက်ဆိပ်ကမ်းနှင့် ပတ်သက်သည့်သဘောတူညီချက် ၃ ရပ်၏ နောက်ဆက်တွဲကိစ္စရပ်များ ဆွေးနွေးသွားမည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

7 Days News Journal Facebook

August 22, 2012

ကမ္ဘာတစ်ဝန်းရှိ ရာသီဥတု အဆိုးရွားဆုံး ခံစားရမည့် ထိပ်ဆုံး ၁၀ နိုင်ငံ စာရင်းတွင် မြန်မာနိုင်ငံမှာ ဒုတိယနေရာ ရောက်ရှိနေပြီး အာရှမှ ခြောက်နိုင်ငံပါဝင်

ကမ္ဘာတစ်ဝန်းရှိ ရာသီဥတု ဆိုးရွားမှုများကို ခံစားရမည့်နိုင်ငံများ စာရင်းတွင် မြန်မာနိုင်ငံအနေဖြင့် ဒုတိယနေရာတွင် ရပ်တည်နေကြောင်း မြန်မာ့စွမ်းအင် လိုအပ်ချက်စစ်တမ်းတွင် ဖော်ပြထားပါသည်။


သြဂုတ်လ ၁၇ ရက်နေ့က နေပြည်တော်တွင် ကျင်းပသည့် The National Seminar Wrokshop on Energy, Enviroment and Climate Change တွင် အဆိုပါ မြန်မာ့စွမ်းအင် လိုအပ်ချက်စစ်တမ်းကို ဆွေးနွေး ခဲ့ကြခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။

အဆိုပါအခမ်းအနားတွင် “ဂျာမန် စောင့်ကြည့်ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုအန္တရာယ်အညွှန်းကိန်း မှ မြန်မာနိုင်ငံသည် ကမ္ဘာတစ်ဝန်းရှိ ရာသီဥတုဆိုးရွားမှုများကို ခံစားရမည့်နိုင်ငံများတွင် ထိပ်ဆုံးမှ သုံးနိုင်ငံ အတွင်း ပါဝင်နေသည်ဟု ဆိုပါသည်” ဟု မြန်မာ့စွမ်းအင် လိုအပ်ချက်စစ်တမ်းကို ပြောကြားရာတွင် ထည့်သွင်း ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

အာရှဖွံ့ဖြိုးမှုဘဏ်မှလည်း အရှေ့တောင်အာရှ ဒေသ (အထူးသဖြင့် မြန်မာနိုင်ငံ)သည် ရာသီဥတု ပြောင်းလဲခြင်းနှင့် လိုက်လျောညီထွေစွာ နေထိုင်နိုင်ရန် လိုအပ်သည့်ဒေသများ တွင် ပါဝင်ကြောင်းကိုလည်း ဖော်ပြထားသည်ဟု အဆိုပါ စစ်တမ်းတွင် ရေးသားထားသည်။

ကမ္ဘာတစ်ဝန်းရှိ ရာသီဥတုဆိုးရွားမှုများကို ခံစားရမည့်နိုင်ငံများ စာရင်းတွင် ထိပ်ဆုံး၌ ရပ်တည်နေသည့် နိုင်ငံမှာ ဘင်္ဂလားဒေ့ရှ်ဖြစ်ပြီး ဒုတိယ နေရာတွင် မြန်မာနိုင်ငံမှ ရပ်တည်နေခြင်း ဖြစ်သည်။

ရာသီဥတုဆိုးရွားမှုများကို ခံစားရမည့်ထိပ်ဆုံး ၁၀ နိုင်ငံစာရင်းတွင် အာရှမှ ခြောက်နိုင်ငံဖြင့် အများ ဆုံးပါဝင်နေပြီး အမေရိကအလယ်ပိုင်းမှ နှစ်နိုင်ငံ၊ ကာရေဘီယံကျွန်းစု မှ နှစ်နိုင်ငံပါဝင်ကြောင်း သိရသည်။

မြန်မာနိုင်ငံအနေဖြင့် မာလာ မုန်တိုင်း၊ နာဂစ်မုန်တိုင်းအပါအ၀င် ခံစားခဲ့ရသည့် ရာသီဥတုဖောက်ပြန် ဆိုးရွားမှုအရ ထိခိုက်ခဲ့သည့်ဖြစ်စဉ်များ နှစ်အပိုင်းအခြားလိုက်ခံစားရလျက်ရှိသည်။ ဂျာမန်စောင့်ကြည့် ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုအန္တရာယ် ညွှန်းကိန်းတွက်ချက်ရာတွင် နှစ်အလိုက်ခံစားခဲ့ရသည့် ရာသီဥတုဘေး အန္တရာယ်များကို အခြေခံတွက်ချက် ထားခြင်းဖြစ်ကြောင်း သိရသည်။

ယခု ၂၀၁၂ ခုနှစ် မိုးစပါးစိုက် ရာသီတွင်လည်း မြန်မာနိုင်ငံအနေဖြင့် ရာသီဥတု ဖောက်ပြန်မှုဒဏ်ကို ပြင်းထန်စွာခံစားရသည့် အနေအထားရှိ နေကြောင်း၊ မြန်မာနိုင်ငံအထက်ပိုင်း ဒေသများဖြစ်သည့် မန္တလေးနှင့်စစ်ကိုင်းတိုင်း ဒေသကြီးတို့တွင် ဆိုးရွားစွာ မိုးခေါင်မှုဒဏ်ကြောင့် စိုက်ပျိုးရေး လုပ်ငန်းများ ထိခိုက်လျက်ရှိပြီး မြန်မာနိုင်ငံ အောက်ပိုင်းဒေသများဖြစ်သည့် ဧရာဝတီ၊ ရန်ကုန်၊ ပဲခူးတိုင်း ဒေသကြီးများနှင့် မွန်၊ ကရင်ပြည် နယ်တို့တွင်မူ မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းသည့် ဒဏ်ကြောင့် ရေကြီးနစ်မြုပ်မှုဒဏ်ကို ပြင်းထန်စွာခံ စားရလျက်ရှိကြောင်း သိရသည်။

ရာသီဥတု ဒဏ်အများဆုံး ခံစားရသည့် နိုင်ငံများစာရင်း

၁။ ဘင်္ဂလားဒေ့ရှ်
၂။ မြန်မာ
၃။ ဟွန်ဒူးရပ်စ်
၎။ နီကရာဂွါ
၅။ ဟေတီ
၆။ ဗီယက်နမ်
၇။ ဒိုမီနီကန်
၈။ ပါကစ္စတန်
၉။ မြောက်ကိုရီးယား
၁၀။ ဖိလစ်ပိုင်

Eleven Media Group မှ ကူးယူဖေါ်ပြ။

August 16, 2012

ရှင်တောင့်ပုံ စေတီ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့တွင် တည်ရှိသော ရှင်တောင့်ပုံ ဘုရားဖြစ်ပါတယ်။ ရှင်ကိုးရှင် သမိုင်းဝင် ဘုရားထဲက တခု အပါအဝင်ဖြစ်ပါတယ်။


ရှင်တောင့်ပုံ စေတီ


ရှင်တောင့်ပုံ ဘုရား


ရှင်တောင့်ပုံ စေတီပေါ်ကနေပြီး သရက်ချောင်းမြို့ကို တွေ့ရစဉ်


August 14, 2012

ထားဝယ်ရေနက်ဆိပ်ကမ်း သိပ်အရေးကြီး

တနင်္သာရီတိုင်းဒေသ၏ ထားဝယ်မြို့ရှိ ရေနက်ဆိပ်ကမ်းစီမံကိန်းအပေါ် ပြည်သူ့လွှတ်တော်၌ ဦးသိန်းညွှန့်က ယနေ့ထိတိုင်အောင် လိပ်ခဲတည်းလဲ ဖြစ်နေရသည့် အကျိုးအမြတ်ကိစ္စနိုင်ငံသား ကုမ္ပဏီက မည်သို့အခန်းကဏ္ဍမည်မျှ စွမ်းဆောင်နိုင်သလဲနှင့် သဘာဝပတ်ဝန်းကျင် အလုပ်သမားများ၏အလုပ်အကိုင်ရရှိရေး အလားအလာများအား ပြည်သူ့လွှတ်တော်သို့ မေးမြန်းရာ ရထားပို့ဆောင်ရေး ဒုတိယ၀န်ကြီး သူရဦးအောင်လွင်မှ လွှတ်တော် ရှေ့မှောက်တွင် ပြောကြားခဲ့သည်မှာကြား သိခဲ့ရသော်လည်း တွက်ချက်မှုအရ စီမံကိန်းသက်သက် မဟုတ်စေဘဲ အကျိုးခံစားမှုအရ နိုင်ငံနှင့် နိုင်ငံသားများအတွက် ဟုဆိုချင်ပါသည်။

၁။ ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် သဘောတူညီချက်က ဘာလဲ။ တကယ်ဖြစ်လာမှာလား။ ဒီစီမံကိန်းနဲ့ ပတ်သက်ပြီး ၂၀၁၀ နိုဝင်ဘာလ (၁) ရက်နေ့တွင် စတင်ဆောင်ရွက်ခဲ့သည်မှာ ပို့ဆောင်ရေးဝန်ကြီးဌာန မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နှင့် ထိုင်းနိုင်ငံ အီတာလျှံထိုင်းအများပိုင်ကုမ္ပဏီလီမီတက်တို့ဟာ ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် စက်မှုဇုန်ရေနက်ဆိပ်ကမ်းတို့အတွက် လက်မှတ်ထိုးခဲ့ရာ မှန်ကန်ကြောင်းဆိုခဲ့ ပါသည်။ ဒီစီမံကိန်းများကို ၂၀၁၁ ခုနှစ်၊ ဇန်န၀ါရီလမှာ ပြဋ္ဌာန်းခဲ့တာ မြန်မာအထူး စီးပွားရေးဇုန်ဥပဒေ ထားဝယ်စီးပွားရေး ဇုန်ဥပဒေတို့နှင်အညီ ကြပ်မတ်ဆောင်ရွက်ခဲ့သည်ဟုသိရပါသည်။ အကောင်အထည် ဖော်ဆောင်ရေးဟုဆိုရာမှာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ စွန့်ပစ်ရေနှင့်ပစ္စည်းများကို ထိန်းသိမ်းရေး ကျန်းမာရေး၊ ပညာရေး၊ အကောက်အခွန် စည်ပင်သာယာရေး အစအစရှိသည့် ဒေသဖွံ့ဖြိုးရေးကိစ္စနှင့် ပတ်သက်ပြီး ဒေသခံများက ကျေနပ်လုံလောက်တဲ့ အခွင့်အရေးများ ပြီးပြည့်စုံစွာ ရရှိရေး ဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်ခဲ့သည်ဟု ၀န်ကြီးချုပ်ကဆိုသော်လည်း ဘဲ နိုင်ငံသားများအတွက်ရော ဒေသဖွံ့ဖြိုးရေးအတွက်ရော အရေးကြီးကြောင်းကို လွှတ်တော်က သက်သေခံနေလေပြီ။

၂။ ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အကျိုးအမြတ်နိုင်ငံတော်အတွက် အကျိုးအမြတ်ကို တွက်ချက်ပြရာ (၁)စတုရန်း ကီလိုမီ တာတွင် အမေရိကန်ဒေါ်လာ (၁)သိန်းခွဲနှင့် အထူးစီးပွားရေးဇုန် မြေဧကအတွက် စုစုပေါင်းအတွက်ဆိုရင် (၃၀.၆၇၅) သန်း ဖြစ်လိမ့်မည်ဟု သိရပါသည်။ နှစ်စဉ်နှစ်တိုင်းမှာလဲ ပါဝင်တဲ့စီမံကိန်း နယ်စုံမှဝင် လာသည့်အကျိုးအမြတ်ရာခိုင်နှုန်း တစ် ၀က်ရရှိပါလိမ့်မည်။ စက်မှုဇုန်တည်ထောင်ခြင်းစီမံကိန်း၊ ကျောက်မီးသွေး (သို့မဟုတ်) ဓာတ်ငွေ့ ဓာတ်အားပေးစက်ရုံ တည်ဆောက် ခြင်းစီမံကိန်း သောက်သုံးရေ၊ ရေလှောင်တမံ စီမံကိန်း၊ ရေနံဓာတ်ငွေ့ပိုက်လိုင်းနှင့် ရထားလမ်း တည်ဆောင်ခြင်း စီမံကိန်းတို့မှ နှစ်စဉ်ခွဲဝေရမယ့် အချိုးနှုန်းများကိုလည်း သတ်မှတ်ပေးထားသည်ဟု ဆိုလာ ပါသည်။ ထားဝယ်အထူးစီးပွားရေးဇုန်ရဲ့ နယ်နမိတ်ကို ရွာတစ်ချို့ကိုလည်း ပြောင်းရွှေ့ရဦးမည်။ စီမံခန့်ခွဲရေးကော်မရှင်အနေ နဲ့ ရင်းရင်းနှီးနှီးတည်ဆောင်ပြီး သူတို့ရှင်းလင်းပေးသမျှနယ်မြေအစိတ်အပိုင်းကိုသာ အထူးစီးပွားရေဇုန် ဖော်ဆောင်လုပ်ဆောင်ပေးနိုင်ဖို့ မြေငှားမည်ဟုဆိုလာပါသည်။ တည်ငြိမ်မှုမရှိဘဲနဲ့ ပြောင်းရွှေ့ရလိမ့်မည် ဒီလိုပြောင်းရွှေ့ပြီးတာနဲ့ အသစ်ကပြန်စ ရမည့်သံသရာ တ၀ဲဝဲလည်နေဦးမည်လား ဒီလိုဆောင်ရွက်နေတဲ့အချိန်မှာ နိုင်ငံနှင့် ပြည်သူနစ်နာမှုမရှိဘဲနဲ့ အကျိုးအမြတ်ရရှိဖို့ ညှိနှိုင်းဆောင်ရွက်ရာမှာ ဘယ်လောက်များ အကျိုးခံစားရမည်မသိ သို့သော် တကယ်အကျိုးဖြစ်လာမှာကတော့ ပြောင်းရွှေ့ခံဒေသခံများကတော့ စာမျက်နှာပေါ်တက်မှာ သေချာပါသည်။

၃။ ထားဝယ်ဆိပ်ကမ်းနှင့် မြန်မာနိုင်ငံသားပိုင်ကုမ္ပဏီ ထားဝယ်ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းကို မှတ်ပုံတင်ပြီး ဖွဲ့စည်းတည်ထောင်ခဲ့သည့်နောက် မြန်မာနိုင်ငံသားပိုင်တစ်ခုဖြစ်တဲ့ Max Myanmar အစုရှယ်ယာ ၂၅ ရာခိုင်နှုန်း ထည့်ဝင်ထားသည်ဟု ရထားပို့ဆောင်ရေး ဒုဝန်ကြီးမှဆိုပါသည်။ လုပ်ငန်းများကိုလည်း ဆောင်ရွက်နေပါသည်။ လက်ရှိအခြေနေမှာဆိုရင် အီတာလျှံထိုင်းအနေနဲ့ စုစုပေါင်းဒေါ်လာ (၈)သန်း ခန့်ထည့်ဝင်ထားကြောင်း Max Myanmar အနေနဲ့ ဒေါ်လာ(၂) သန်းခန့် အစုရှယ်ယာ ပါဝင်ကြောင်းလည်း ပြောထားပါသည်။ ထားဝယ်ဖွံ့ဖြိုးရေးကော်မတီ လက်အောက်မှာ လုပ်ငန်းစီမံကိန်းများ ရင်းနှီးမြှုပ်နှံလိုတဲ့ နိုင်ငံတကာက ရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်နေပါသည်။ အခြေခံအဆောက်အဦး တည်ဆောက်ဖို့လည်း အမေရိကန် ဒေါ်လာ (၈၆၂၀၀) သိန်း လုပ်ငန်းတွေအတွက် လိုအပ်နေပါသည်ဟု ဖွင့်ဟပြောလာတဲ့အတွက်ကြောင့် လွှတ်တော်ဥက္ကဋ္ဌမှ မေးလာရသည့်အထိ ဖြစ်လာပါသည်။

၎။ ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် Max Myanmar ကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌမှ Max Myanmar ကုမ္ပဏီထွက်ခွာ သွားကြောင်း ဒါဆိုရင် နိုင်ငံနှင့်နိုင်ငံသားများအတွက် ထိခိုက်မှုရှိမရှိ ဒုတိယအချက်အနေနဲ့ အရင်Max Myanmar ကုမ္ပဏီ အစား မြန်မာနိုင်ငံသားကုမ္ပဏီကို အစားထိုးဝင်ရောက်နိုင်ခြင်း ခွင့်ပြုမပြု လွှတ်တော်ဥက္ကဋ္ဌမှ သိချင်ပါသည်ဟု သက်ဆိုင်ရာ ၀န်ကြီးကို မေးမြန်းသည့်အခါ အတိအကျထွက်ခွာခြင်းမဟုတ် Max Myanmar ထွက်ခွာသွားသော်လည်း သူ့ ရဲ့အရင်ထည့်ဝင်ထားတဲ့ငွေကို ဆက်လက်ပြီးတော့ နှုတ်မထားသေးကြောင်း နှုတ်သွားတဲ့အခါကျမှ ပြည်တွင်းက ကုမ္ပဏီကို ထပ်ထည့်ဖို့လည်း စဉ်းစားနေသည်ဟုဆိုခြင်းမှာ လက်တွေ့စဉ်းစားတဲ့အဆင့်မှာသာ ပြသနေပါသည်။ အဲ့လို ဆောင်ရွက်တဲ့အခါမှာ ဒေသခံများအတွက် စက်မှုဇုန်တစ်ခု ထူထောင်ချင်တယ်ပြောတဲ့အတွက်ကြောင့် အီတာလျှံ ထိုင်းကိုပေးထားတဲ့ (၂၀၄.၅) ငွေရေးကြေးရေးအစား အခက်အခဲကိုအကြောင်းပြကာ (၅၀) ရာခိုင်နှုန်းလောက်သာ စာရင်းများအရ သိရှိရပါသည်။ သဘောတူညီချက်ကို နှစ်ဦး နှစ်ဖက်ဆွေးနွေးပြီး ပြုပြင်ဖို့ ဆွေးနွေးဖို့ ဆိုသည်မှာလည်း လက်ခံနိုင်သည့်အတိုင်းတာထိ ဆွေးနွေးရဦးမည် အဲ့ဒါကြောင့် လက်တလောမှာ ထားဝယ်ဆိပ်ကမ်းအပေါ် မျက်စိကျနေသည့် ကုမ္ပဏီများအား တားဆီးနေရသလို ဒေသတွင်းကုမ္ပဏီများကိုလည်း ခေါ်ယူပါဝင်စေဖို့ ဆိုသည်မှာ မဖြစ်နိုင် မတိကျမရေရာသည့် ကိန်းဂဏန်းတွေ စီမံကိန်းကြီးတွေ ဖြစ်နေတဲ့အတွက်ကြောင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးမှ နေ နိုင်ငံနှင့်နိုင်ငံသားများအတွက် ထားဝယ်ရေနက်ဆိပ်ကမ်းဟာ သိပ်အရေးကြီးကြောင်း စီးပွားရေး ရင်းနှီးမြှုပ်နှံမှုနှင့် ကော်မတီက ရထားပို့ဆောင်ရေး ဒုဝန်ကြီးချုပ်ရဲ့ ပြောကြားချက်များအပေါ် မှတ်သားပြီး လိုအပ်သည့်ကိစ္စဆက်လက်၍ ဆောင်ရွက်ရန် လွှတ်တော်မှတဆင့် ကော်မတီအား တာဝန်ပေးအပ်နေခြင်းကိုက သိပ်အရေးကြီးကြောင်း သက်သေပြနေသည်။

စိုးဝင်းနိုင်

August 13, 2012

မြန်မာပြည်မှာ ပညာမရှိဘူးလား



Facebook မှ ကူးယူဖေါ်ပြ။