အကောင်းဆုံးဖြစ်အောင် ကြိုးစားလျှက်ပါ
ပေါက်ကရ ဘလော့ဂ်တွင် Post များ ပြန်တင်နေပါသည်။ အားလုံး ကျေးဇူးတင်ပါတယ်။

August 23, 2012

ထိုင်းဝန်ကြီးချုပ် မြန်မာနိုင်ငံသို့ စက်တင်ဘာတွင် လာရောက်မည်

ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စယင်လပ်ရှင်နာဝပ်သည် မြန်မာနိုင်ငံသို့ ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် ပတ်သက်သောကိစ္စများ ဆက်လက်ဆွေးနွေးရန်နှင့် နှစ်နိုင်ငံသဘောတူထားသည့်ကတိက၀တ်များကို ဆက်လက်ဆွေးနွေးရန် စက်တင်ဘာလအတွင်း လာရောက်မည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်ကို ကိုးကားကာ သည်နေရှင်းသတင်းစာက ဖော်ပြသည်။

ထိုင်းဝန်ကြီးချုပ်သည် မြန်မာနိုင်ငံ၊ နေပြည်တော်သို့ နှစ်ရက်တာလာရောက်မည်ဖြစ်ပြီး ရက်အတိအကျကိုမူ ပြောဆိုထားခြင်း မရှိသေးပေ။ ဇူလိုင်လအတွင်းက ထိုင်းနိုင်ငံသို့ လာရောက်ခဲ့သော နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ခရီးစဉ်အတွင်း နှစ်ဦးသဘောတူခဲ့သည့် ထားဝယ် ရေနက်ဆိပ်ကမ်းနှင့် ပတ်သက်သည့်သဘောတူညီချက် ၃ ရပ်၏ နောက်ဆက်တွဲကိစ္စရပ်များ ဆွေးနွေးသွားမည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

7 Days News Journal Facebook

0 ဝေဖန်ပေးပြီးပြီ: