အကောင်းဆုံးဖြစ်အောင် ကြိုးစားလျှက်ပါ
ပေါက်ကရ ဘလော့ဂ်တွင် Post များ ပြန်တင်နေပါသည်။ အားလုံး ကျေးဇူးတင်ပါတယ်။

July 14, 2008

Ideal Marriage

ဆရာသမားတစ်ယောက်ကပြောဖူးတာပေါ့…..
Ideal Marriage ဆိုတဲ့ စံပြုလောက်တဲ့ အိမ်ထောင်ရေးမျိုးရချင်ရင်တဲ့…..
သူပြောတဲ့ စံငါးခုနဲ့ ကိုက်ရွေးတဲ့
သူပြောတာက…..

1- loving each other
2- mature brain
3- proper income
4- good health and
5- acceptable both sides

1.loving each other
ဒါကတော့ရှင်းပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ချစ်မြတ်နိုးခြင်း၊ အပြန်အလှန် လေးစားနားလည်မှု ပေးခြင်းတို့ ရှိမှသာ ပျော်ရွင်စရာကောင်းတဲ့ အိမ်ထောင်ရေးမျိုးကို ရမှာပါ။

2.mature brain
ကိုယ်အိမ်ထောင်ဘက်က အတွေးအခေါ် ရင့်ကျက်တဲ့သူမျိုးဖြစ်မှသာ တစ်ယောက်နဲ့ တစ်ယောက်နားလည်မှု ကူညီမှုတွေ ပေးနိုင်မှာပါ။ စိတ်ဓာတ်မရင့်ကျက်တဲ့သူ တစ်ယောက်ဟာ ဘာကိုမဆို အလေးအနက်မတွေးတတ်၊ ပြဿနာတွေကိုလည်း မှန်ကန်တဲ့နည်းလမ်းနဲ့ မဖြေရှင်းတတ်တဲ့အပြင် အရာရာမှာလိုက်ပြီး သ၀န်တို စွပ်စွဲ ချက်တွေနဲ့ စိတ်အနှောင့်အယှက် ဖြစ်စေမှာမို့ ကိုယ့်ဘ၀အတွက် လက်တွဲဖော်မရဘဲ trouble maker သာ ဖြစ်နေမှာ သေချာပါတယ်။ ဒါကြောင့် လက်တွဲဖော်ရှာတော့မယ်ဆိုရင် သူဟာ စိတ်ဓာတ်ရင့်ကျက်တဲ့သူ ဟုတ်ရဲ့လားဆိုတာ အလေးအနက်ထား အချိန်ယူ စဉ်းစားသင့်ပါတယ်။ ချစ်သူဘ၀မှာတော့ သ၀န်တိုတာလေးကပဲ ချစ်စရာ၊ အိမ်ထောင်လည်းကျရော သဘောထားသေးသိမ်တယ်ဆိုတဲ့ ခေါင်းစဉ်အောက် အလိုလိုရောက်သွား တတ်တာကြောင့် ကိုယ့်ကိုယ်ကိုယ်လည်း မညာမိစေဖို့ သတိထားရင်း အမှန်အတိုင်း ချစ်သူကို လေ့လာကြည့်ဖို့ လိုပါလိမ့်မယ်။

3. Proper income
သင့်တင့်လျောက်တတ်တဲ့ဝင်ငွေ မရှိဘဲနဲ့ အိမ်ထောင်ပြုဖို့ မစဉ်းစားသင့်ပါဘူး။ တူနှစ်ကိုယ် တဲအိုပျက်မှာနေရနေရ၊ ထမင်းရည်ပဲ လျက်ရလျက်ရ ဆိုတာတွေက တကယ်တော့ လက်တွေ့ကျကျ ဘ၀ကို စဉ်းစားဆုံးဖြတ်မယ့် သူတွေအတွက်တော့ ရယ်စရာ ဟာသတစ်ခုပါဘဲ။ သိုးဆောင်းစကားပုံ တစ်ခုအရဆိုရင်တော့ မီးဖိုချောင်မှာ ပေါင်မုန့် မရှိတဲ့အခါ အချစ်ဟာ ပြတင်းပေါက်က ထွက်ပြေးမှာပါ။ ဒါကြောင့် ကိုယ့်အဆင့်အတန်း၊ ကိုယ့်အခြေ အနေနဲ့ လိုက်ဖက်တဲ့ ၀င်ငွေမျိုး ချစ်သူကရှာပေးနိုင်ရဲ့လား ဆိုတာလည်း စဉ်းစားစရာပါပဲ။

4. Good health
ပိုက်ဆံလည်းချမ်းသာပါရဲ့ ပညာတွေလည်းတတ်ပါရဲ့ သိပ်လည်းချစ်ကြပါရဲ့။ ဒါပေမယ့် ချစ်သူက ရှူနာရှိုက်ကုန်းလေး ဆို ဘယ်ဖြစ်မလဲ။ ဒါကြောင့် ရောဂါသည်လေးမရွေးမိအောင်လည်း သတိထားရမှာပေါ့။

5. acceptable both sides
လူကြီးမိဘတွေက အမြဲတမ်းမှန်နေတာ မဟုတ်ပေမယ့် ကိုယ့်ထက်ပိုပြီး အတွေ့အကြုံ ရင့်ကျက်တာတော့ ငြင်းလို့မရပါဘူး။ တကယ်လို့ လူကြီးတွေက လက်မခံနိုင်ဘူးဆိုရင် ဇွတ်ရှေ့မတိုးဘဲ ဘာကြောင့် သဘောမတူ နိုင်သလဲဆိုတာ ခေါင်းအေးအေးနဲ့ စဉ်းစားဖို့လိုပါလိမ့်မယ်။ နှစ်ဖက်မိဘ သဘောကျတယ်ဆိုရင်တော့ OK ပေါ့။

No one is perfect တဲ့ ။ ideal marriage ရဖို့အတွက် အထက်ကအချက်အားလုံးနဲ့ ကိုက်ညီရင်တော့ အကောင်းဆုံးပေါ့။ ဒါပေမယ့် အားလုံးပြည့်စုံဖို့ မဖြစ်နိုင်ဘူးဆိုရင်တော့ နည်းနည်း အလျော့အတင်းလေး ရှိရမှာပေါ့နော်။
ဒါဖြင့် တို့တွေငယ်ငယ်က စာမေးပွဲဖြေသလိုမျိုး အမှတ်ပေးကြည့်ရအောင်
အမှတ်ပြည့်က တစ်ရာဆိုရင် အချက်ငါးချက်ဆိုတော့ တစ်ခုကို နှစ်ဆယ်မှတ်စီပေါ့
တစ်ခုဆို 20 (အမှတ် တစ်ရာမှာ 20 ဆိုရင် စာမေးပွဲကျပြီပေါ့)
နှစ်ခုဆို 40 (အင်း . . . အောင်မှတ်ရယုံလေးဆိုတော့ သိပ်မကောင်းသေးဘူးနော်)
သုံးခုဆို 60 (သိပ်တော့မဆိုးဘူးနော် ငယ်ငယ်က ဆရာတွေ ပြောသလို ဆိုရင်တော့ ဆက်လက်ကြိုးစားပါပေါ့)
လေးခုဆို 80 (ဂုဏ်ထူးထွက်နေပြီဆိုတော့ သင့်တော်တဲ့သူလို့ပြောလို့ရတာပေါ့)
ငါးခုလုံး ဆိုရင်တော့ အမေ့ကိုသာ တစ်ခါတည်းပြောလိုက်ပေတော့

ကဲ… အားလုံးပဲ ကိုယ့်ဘ၀အတွက် အကောင်းဆုံးလက်တွဲဖော်ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

ပီတိ (စိတ်ပညာ)

မချစ်တက် မမုန်းတက်တဲ့သူ

သက်ရှိသက်မဲ့
ဘယ်အရာကိုမဆို

တဏှာနဲ့ချစ်ရင်
စိတ်ပူလောင်ရတယ်၊
သဒ္ဒါမေတ္တာနဲ့ချစ်ရင်
စိတ်အေးချမ်းရတယ်။

ဒေါသနဲ့မုန်းရင်
စိတ်ဆင်းရဲရတယ်၊
သတိဥာဏ်နဲ့မုန်းရင်
စိတ်ချမ်းသာရတယ်။

တဏှာနဲ့မချစ်တက်တဲ့သူ
ဒေါသနဲ့မမုန်းတက်တဲ့သူ
ဘ၀တိုင်းဖြစ်ရပါစေ။

Just Over Doze

လက်ဆောင်ရထားတဲ့ “အရှင်ဆန္ဒာဓိက” ရေးသားတော်မူထားတဲ့ “မချစ်တက် မမုန်းတက်တဲ့သူ” စာအုပ်ထဲကပါ

ပြောချင်တာတွေ

ဘာအလုပ်ပဲလုပ်လုပ်
ကိုယ်ချင်းစာတရားနဲ့
ဆင်ခြင်တုံတရားကို
ရှေ့တန်းတင်ရပါမယ်။

ကိုယ်အလုပ်ကြောင့်
သူတစ်ပါးကောင်းကျိုး
မထိခိုက်မဆုံးရှံးမှ
ကိုယ့်အလုပ်ကြောင့်
သူတစ်ပါးလိုအပ်ချက်
ကွက်တိပြည့်စုံသွားမှ
ကိုယ့်အလုပ်ရဲ့အရည်အသွေး
မွှေးပျံ့သန့်စင်
ကြီးကျယ်မြင့်မြတ်နိုင်ပါတယ်။

အရှင်ဆန္ဒာဓိက

July 12, 2008

တကယ်…

တကယ်…..
ငါအခုတလော ဘာတွေဖြစ်နေမှန်းမသိ
မင်းရဲ့ အပြုံးလေးတွေကို ဆတိုးပွားစေချင်တဲ့
ဆန္ဒတွေ ဖြစ်နေတယ်…..

ငါရဲ့ နှလုံးသားလည်း
မိုဘိုင်းဖုန်း ကိုင်ပြီး
ဂြိုလ်တုနဲ့ ရောနှောပြီးလာတဲ့
မင်းလေးရဲ့ အသံနဲ့ SMS ကို
မျှော်လင့်တောင်တနေမိတယ်…..

Jaidev (အိပ်မက်များ ၀ဘ်ဆိုက်မှ ကူးယူတင်ပြ။)

July 8, 2008

Music

Love




Miss You



Thank You

July 7, 2008

ကဗျာ....

၁ နှစ်ပတ်လုံး
၂ လုံးသားမှာ
၃ သပ်ကြည့်တော့
၎ လံလှတဲ့
၅ ရဲ့စိတ်မှာ
၆ ကပ်နေလို့
၇ အားတွေနဲ့
၈ ရှားပင်လို
၉ ကွယ်ခဲ့တယ်
၁၀ ကမ္ဘာထိတိုင်...ချစ်... မယ်

လင်းယုန်

July 6, 2008

June 29, 2008

April 2, 2008

အချစ်ရဲ့ စွမ်းအား

မိဘမသင်ပေးတဲ့ ပညာ
မေ့မရတဲ့ နိုဝင်ဘာ ၁၉
သံချေးတက်နေတဲ့ ငါ့ရဲ့အတွေး
ခေတ်နောက်ကျခဲ့တဲ့ ငါ့စတိုင်လ်
အသက်ရှူလျက်နဲ့ သေနေသောသူမို့
အထီးကျန်တဲ့ ငါ့ရဲ့နှလုံးသား
အိုး… အလွမ်းတွေနဲ့ မဆုံးတတ်တော့ပါလား။

စာကြည့်ဘို့ ကြိုးစားတော့ မင်းဟာငါ့ကိုမူးယစ်စေ
ကဗျာရေးဘို့ ကြိုးစားတော့ ကာယာမညီတဲ့ မင်တံ
ကက်ဆက်နားထောင်ဘို့ ကြိုးစားတော့ မင်းရဲ့တေးသံချိုလေး
အိပ်ဘို့ ကြိုးစားတော့ အစိမ်းလတ်လတ် ခြောက်ခြားည
ည ၁၀ နာရီကျော်တော့ ငါ့ဝိဉာဉ်ဟာ ပျောက်ကွယ်
မနက်မိုးလင်းတော့ ကွက်လပ်ကမ္ဘာကြီး
အိုး… ငါဘာဆက်လုပ်ရမှာလဲ……
အိုး… ငါဟာ အလွမ်းသည် ဖြစ်နေရောပေါ့။

ဒေ၀ီ