အကောင်းဆုံးဖြစ်အောင် ကြိုးစားလျှက်ပါ
ပေါက်ကရ ဘလော့ဂ်တွင် Post များ ပြန်တင်နေပါသည်။ အားလုံး ကျေးဇူးတင်ပါတယ်။

August 24, 2008

မရေရာခြင်း

အမိမြေကိုခွဲ
လူဖြူလူနီတွေကြားထဲက ငါ
တစ်ခါလောက် ပြန်မယ်လုပ်မိတယ်
ပြည်မြန်မာကို....။

မိသားစုနဲ့ဆုံ
အပျော်တွေမှုန်းနေတဲ့ငါ့မျက်နှာ
ပြန်ခါနီးရောက်တော့
မျက်ရည်အနိုင်နိုင်ဆည်ပြီး
ဟိုတိုင်းပြည်မှာ
ငါ့ချစ်သူတော့ရှိသေး
စိတ်ဖြေတွေးခဲ့မိတယ်...။

ဟိုကိုပြန်ရောက် ချစ်သူမှောက်ဟု
ထင်ကာရှိသေး
လေဆိပ်တွင်သာ ရလိုက်သည်က
ဖုန်းတော်ထဲမှ စာချွန်လွာ
မင်းကို မချစ်နိုင်တောပြီဟု...။

စိတ်တော်မညှိုး
ချစ်သူဆိုးကို
ငါတွေ့ဖို့ကြံ တယ်မဟန်
လျှိုလျှိုပန်မှ ဖူးမြော်ရ၏..။

ထိုမှတစ်ဖန်
အဘယ်အကြာင်း မေးမိသည်
စိမ်းကားလှစွာ
ထိုထိုအကြည့်နှင့်
ဖြေခဲ့သည်က
အချစ်ပျက်သုဉ်းခဲ့တည်းဟူ၏...။ ။

ဖြူကို

August 21, 2008

လွန်လေပြီးသောကြွေရွက်

တစတစချင်း ချည်းနင်းဝင်လာတဲ့ အမှောင်
နောက်ဆုံးစကားတစ်ခွန်းပြောဖို့ အားယူနေတဲ့
ကြွေလုဆဲဆဲ သစ်ရွက်ကလေးရဲ့
နောက်ဆုံးအချိန်
ဘယ်သူမှ မနှောက်ယှက်ကြပါနဲ့
အေးအေးလူလူ ကြွေဆင်းလိုက်ဖို့
လက်ကျန်ခွန်အားလေး ပျောက်သွားမှာစိုးလို့ပါ

အနာတရတွေများလွန်းတော့
အမှတ်တရ ဆိုတာတွေတောင် မသိချင်တော့တာ
ခွင့်လွတ်ကြပါ
သစ်ရွက်ကလေးရဲ့ဇျာပနမှာ
သူဖြတ်သန်းခဲ့တဲ့ ပုံရိပ်တွေရဲ့
ဇာတ်ဝင်ခန်း တစ်ချို့ရယ်
ငိုရှိုက်သံ တချို့ရယ်
သူမရှိတော့တဲ့နောက် အမှတ်တရကျန်နေခဲ့မဲ့
ဖုန်မှုန့်လေးတွေရယ်
အရေးအသား တစ်ချို့ရယ်
အလွမ်းသီချင်းတစ်ပုဒ်ကို ရေးဖွဲ့နေကြလေရဲ့။

August 19, 2008

ကာတွန်းများ (၅)

အခုတလော ကွန်ပျူတာ မသုံးဖြစ်တာ နည်းနည်းကြာနေပြီ။ အဲဒါကြောင့် ဘလော့ဂ်မှာ ဘာမှ မတင်ဖြစ်တာပါ။ အခုလည်း ကွန်ပျူတာသုံးဖို့ အချိန်တစ်နာရီလောက် ရတာနဲ့ ကွန်ပျူတာထဲမှာ ရှိတဲ့ ကာတွန်းလေးကို တင်ထားပေးခဲ့ပါတယ်။ အားလုံးပျော်ရွှင်ကြပါစေ...







August 16, 2008

အားငယ်ဆုံးအချိန်

လူတစ်ယောက်ရဲ့
အားငယ်ဆုံးအချိန်ကို ပြပါဆိုရင်
နေမကောင်းတဲ့ အချိန်ပဲလို့ထင်တယ်။

ချစ်သူ.........
ငါ့ကို အများကြီး ဂရုစိုက်စရာမလိုပါဘူး။
နေမကောင်းဘူးဆိုတာ ကြားမိရင်
နေမကောင်းတဲ့ အချိန်လေးကို
ကိုယ်ပူလာစမ်းစရာ မလိုပါဘူး။
ဖုန်းလေးဖြစ်ဖြစ်နဲ့၊ Email လေးဖြစ်ဖြစ်နဲ့ပေါ့
ဆေးသောက်ပြီးပြီလား၊
သက်သာလား၊
ဘာစားချင်လဲ ဆိုတဲ့ မေးခွန်းလောက်လေး ကြားရရင်ဖြစ်ပါတယ်။
ငါ့မှာ လက်ဆုပ်လက်ကိုင်ပြစရာ ချစ်သူမရှိတော့
သူငယ်ချင်းတစ်ယောက်ယောက်ပေါ့။

ဒါနဲ့ပဲ.......
ငါ ကိုယ်ဖာသာကိုယ် Milo ဖျော်ပြီး
ဆေးသောက်လိုက်တယ်။

ပြီးတော့.......
အိပ်ပျော်အောင် အိပ်တယ်။

အိပ်မက်ထဲမှာ........
ငါ့ကို လူနာလာမေးတဲ့လူတွေ
တန်းစီပြီး စောင့်နေကြတယ်။

ငါ..................
ပျော်လွန်းလို့ ထခုန်လိုက်တာ
မွေှ့ယာပေါ်က လိမ့်ကျသွားလို့
နိုးလာတယ်။
ငါ့အဖြစ်က အိမ်မက်ထဲမှာတောင်
အဖြစ်ဆိုးလိုက်တာ........

ကျွန်တော့်လိုလူမျိုး
ဒီနိုင်ငံမှာနေတဲ့ မြန်မာလူမျိုးတွေ
ဘယ်လောက်တောင်ရှိမလဲ မသိဘူး။

(ကိုယ်နိုင်ငံနဲ့ အဝေးကြီးမှာ မိဝေးဖဝေးနဲ့ ကျောင်းတက်၊ အလုပ်လုပ်နေတဲ့ အစ်ကို၊ အစ်မများကို အရမ်းလေးစားပါတယ်။)
** နေမကောင်းနေတဲ့ အချိန်လေးမှာခံစားရတာလေးကို ရေးလိုက်တာပါ။ (၁၅.၀၈.၀၈)


ဂျယ်ဂျဲ

August 14, 2008

Sexy Dance

အဲဒါကတော့ အင်္ဂလိပ်သီချင်းလေးတွေပါ ပေါက်ကရလည်း ဘာမှ နားမလည်ဘူး.. ဒီနေ့ တင်စရာ မရှိတာနဲ့ ညီလေးတစ်ယောက်က သီချင်းလာထည့်လို့ ညီလေးဆီက ယူပြီးတော့ သီချင်းတွေကို တင်ထားပေးလိုက်ပါတယ်။


သီချင်း Download ယူချင်ရင် ဆက်သွားရန်အတွက်ကို နှိပ်လိုက်ပါ.....























































































အဆိုတော်သီချင်းDownload
Sexy DanceThe Power Of Bhangra Download
Sexy DanceKiss Kiss Download
Sexy DanceYou Promise Me Download
Sexy DanceThe Ketchup Song Download
Sexy DanceL-L-Lie Download
Sexy DanceStop Stop Stop Download
Sexy DancePunjabi Five-0 Download
Sexy DanceI'm Outta Love Download
Sexy DanceIrresistible Download
Sexy DanceIn My Pocket Download
Sexy DanceJumpin Jumpin Download
Sexy DanceCrazy In Love Download
Sexy DanceDhoom Dhoom Tata Download
Sexy DanceBounce Download
Sexy DanceDon't Call Me Baby Download
Sexy DanceI'm A Slave For You Download

August 13, 2008