အကောင်းဆုံးဖြစ်အောင် ကြိုးစားလျှက်ပါ
ပေါက်ကရ ဘလော့ဂ်တွင် Post များ ပြန်တင်နေပါသည်။ အားလုံး ကျေးဇူးတင်ပါတယ်။

August 13, 2012

ဟာသများ (၂)

၁။ ဖော်ကောင်
နေရာ ... စိတ္တဇဆေးရုံ ဆေးရုံအုပ်.... "မနက်ဖြန်က အရေးကြီးတဲ့နေ့ တစ်နေ့နော်။ ဘာလို့လဲ သိလား? နိုင်ငံတော် အကြီးအကဲ လာစစ်ဆေးလိမ့်မယ်။ လာစစ်ဆေးပြီး ငါက "အဟမ်း" လို့ ချောင်းဟန့်လိုက်ရင် မင်းတို့အားလုံး လက်ခုပ်တီးရမယ် ကြားလား.. လက်ခုပ်တီးတဲ့လူကို အသားဟင်းကျွေးမယ်"

နောက်တစ်နေ့ ....
နိုင်ငံတော် အကြီးအကဲ လာရောက်စစ်ဆေးခဲ့သည်။ မိန့်ခွန်းပြောအပြီးတွင် ဆေးရုံအုပ်က ကြိုတင်မှာကြားထားသည့်အတိုင်း ချောင်းဟန့်လိုက်သည်နှင့် လူနာအားလုံး လက်ခုပ်တီးကြသည်။ ထိုအချိန်တွင် လူနာတစ်ယောက်က ရုတ်တရက်ရှေ့ထွက်ပြီး အကြီးအကဲကို ပါးတစ်ချက်ရိုက်လိုက်ပြီး ပြောလိုက်သည်မှာက "မင်းဘာလို့ လက်ခုပ်မတီးတာလဲ? အသားဟင်း မစားချင်ဘူးလားကွ" ဟူတည်း။

၂။ ဗေဒင်ဆရာ "ဟေ့.. ခင်ဗျား ပိုက်ဆံမရှင်းရသေးဘူး"
ဗေဒင်မေးသူ "ကျွန်မမှာ ပေးစရာပိုက်ဆံမရှိဘူးဆိုတာ အခုနားက ဆရာမတွက်မိဘူးလား"

၃။ ကြိုတင်ကာကွယ်ခြင်း
ကင်ဆာရောဂါနဲ့ သေတော့မယ် လူတစ်ယောက်ကို သားဖြစ်သူက "ကင်ဆာရောဂါ ဖြစ်နေတာကို ဘာဖြစ်လို့ သတင်းလာ မေးသူတိုင်းကို အေအိုင်ဒီအက်စ် ဖြစ်နေတယ်လို့ ပြောရတာလဲ ဖေဖေ" လို့ မေးတော့ အဖေဖြစ်သူ ဖြေလိုက်တာက “ဒါမှ ငါသေသွားရင် မင်းအမေကို တစ်ခြားလူ မကြံမှာပေါ့ကွ" ဟူတည်း။

၎။ သူ့ ဆုတောင်း
တစ်ခါက သဲကန္တာရမှာ ဆာလောင်ပြီး သေလုနီးနီး ဖြစ်နေတဲ့ လူမည်းတစ်ယောက်ဟာ နတ်မီးခွက်တစ်လုံး ကောက်တွေ့သတဲ့။ မီးခွက်ကို ပွတ်လိုက်တော့ မီးခွက် စောင့်နတ်က ထွက်လာပြီး လိုရာဆု သုံးဆုကို တောင်းခိုင်းလိုက်တယ်။ သူက ခဏလောက် စဉ်းစားပြီး (၁) နေ့တိုင်း ရေသောက်ရပါစေ (၂) ဖြူဖွေးသောအသားအရောင် ရှိရပါစေ (၃) နေ့တိုင်း ကောင်မလေးတွေရဲ့ တင်ပါးကို မြင်ရပါစေ လို့ ဆုတောင်းလိုက်တာနဲ့ ဘုန်းဆိုတဲ့ အသံနဲ့အတူ အဲဒီလူမည်းဟာ...... အိမ်သာအိုးတစ်လုံး ဖြစ်သွားသတဲ့။

၅။ ထမင်းပို့နည်း
မနက်ခင်းတစ်ခု၌ အသက်ကြီးကြီး အဒေါ်တစ်ယောက် အထုပ်ငယ်တစ်ခုကို ကိုင်၍ လိုက်ပါလာသည်။ ကားမှတ်တိုင်တစ်ခုတွင် ထိုမိန်းမကြီး ဆင်းမည်ပြုသောအခါ အထုပ်ငယ်ကျန်ရစ်ခဲ့သဖြင့် ကျွန်တော်က သတိပေးလိုက်သည်။ “အဒေါ်ကြီး ဒီမှာ အထုပ်ကျန်ရစ်ခဲ့တယ်” အဲဒီအခါ အဒေါ်ကြီးက ပြုံးလိုက်ရင်း.... “ထားလိုက်ပါ ငါ့တူရယ်၊ ဒီအထုပ်က အဒေါ့် ယောကျာ်းရဲ့ ထမင်းထုပ်ပါ။ သူက မေ့ကျန်ပစ္စည်း လက်ခံတဲ့ဌာနမှာ လုပ်တယ်ကွဲ့”

August 11, 2012

ဦးတေဇ ပိုင်ဆိုင်သောအဓိကလုပ်ငန်းများ

၁။ အဲပုဂံ (Air Bagan)
မြန်မာနိုင်ငံ၏ ပထမဆုံးသော ပုဂ္ဂလိက လေကြောင်းလိုင်း ဖြစ်ပြီး ATR42-320, ATR72-500 နှင့် FOKKER-100 လေယာဉ်များ အပါအဝင် လေယာဉ် (၁၂) စင်းပါဝင်သည်။ ပြန်လည်ရောင်း ချမည်ဆိုပါက အမေရိကန် ဒေါ်လာ (၂၅) သန်းမှ သန်း (၃၀) အကြားတွင် ရရှိ နိုင်သည်ဟု ခန့်မှန်းရသည်။
ရန်ကုန်မြို့ရှိ အေးရှားဂရီးန် ဘဏ်ခွဲတခု

၂။ အေးရှားဂရီးန် ဖွံ့ဖြိုးရေးဘဏ် (Asia Green Development Bank)
နေပြည်တော် ဇဗ္ဗူသီရိမြို့သစ်ရှိ နေပြည်တော်ဘဏ်ရပ်ဝန်း၌ (၂၀၁၀) သြဂုတ်လ ၆ ရက်နေ့တွင် စတင် ဖွင့်လှစ်ခဲ့သည်။ Aureum Palace ဟိုတယ်တခု

၃။ ဟိုတယ်လုပ်ငန်းများ
အော်ရီယမ်နန်းတော် (Aureum Palace) နှင့် မြန်မာ့ရတနာ (Myanmar Treasure) နာမည်နှင့် ပိုင်ဆိုင်မှုများ ပါဝင်သည်။ အခန်းပေါင်း (၁၁၀၀) ခန့် ပါဝင်သော ဟိုတယ်ပေါင်း (၁၇) ခုပါဝင်ပြီး အမေရိကန်ဒေါ်လာ သန်းပေါင်း (၁၂၀) မှ (၁၅၀) အတွင်းခန့် တန်ဖိုးရှိမည်ဟု ခန့်မှန်းရသည်။

၎။ မိုင်းလုပ်ငန်း
နီကယ်လ်၊ ကျောက်စိမ်း၊ ထုံးကျောက်နှင့် ရွှေတူးဖေါ်ရေးလုပ်ငန်းများ

၅။ ဆောက်လုပ်ရေး နှင့် အိမ်ခြံမြေလုပ်ငန်း
အမေရိကန်ဒေါ်လာ သန်းပေါင်း (၃၀) မှ (၄၀) အကြားခန့် တန်ဖိုးရှိမည်ဟု ခန့်မှန်းရသော ရန်ကုန်မြို့ရှိ အိမ်ယာ စီမံကိန်းများ ပါဝင်သည်။

၆။ ပို့ကုန်
သစ်၊ ပဲ နှင့် ဆန် များတင်ပို့သည်။

DK (Ref: Burma’s Showy Crony)

လူ၊ မူ နှင့် လျော်ကြေး

ထားဝယ် စီမံကိန်း စတင်ပြီ ဆိုကတည်းက ယင်းဒေသရှိ ကျေးရွာ များကို အမြဲတမ်း ကူးချည် သန်းချည် သွားနေသည့် ကိုနေထွန်း တစ်ယောက် အားမလို အားမရ ဆိုသည်။

စီမံကိန်းကြောင့် ပြောင်းရွှေ့ပေးရမည့် နေအိမ်များကိစ္စ၊ ဥယျာဉ်ခြံမြေများ၊ သီးပင်စားပင်များအား လျော်ကြေးပေးသည့် ကိစ္စများ စံမတူ။ အထူး စီးပွားရေးဇုန် ဧရိယာ နဘုလယ်နှင့် ထားဝယ်-ထိုင်း လမ်းဖောက် လုပ်ရာ ကရင်တိုင်းရင်းသားအများစု နေထိုင်ရာ ဒေသတို့တွင် စီမံကိန်း တာဝန်ရှိ သူများ၏ စံနှုန်းမညီ လုပ်ကိုင်မှုနှင့် ပတ်သက်ပြီး ဒေသအခြေခံကွာဟမှုကြောင့် ကိုနေထွန်း ခေါင်းစားနေသည်။ “ နဘုလယ်ဘက်မှာက တစ်ယောက် တစ်ပေါက်” နှစ်နှစ် နီးပါးကြာမြင့် သည်အထိ မြေသား လမ်းကြမ်းမှ နောက်တဆင့် မတက်နိုင်သေးသော ထားဝယ် စီမံကိန်းတွင် ထိုင်း-မြန်မာ အစိုးရခြင်း ပူးပေါင်းဆောင်ရွက်ရန် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း နားလည်မှု စာချွန်လွှာလိုက်သည့် အချိန်ထိ လျှော်ကြေး ဇာတ်လမ်း အသုံးမသတ် သေးပါ။

အထူး စီးပွားရေးဇုန် ဧရိယာမှ ကော်မတီများ ထားဝယ်စီမံကိန်းဟု ပြောလျှင် ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်ကို လက်ရှိအကောင်အထည်ဖော်နေသည့် နဘုလယ်ဒေသကို လူသိများသည်။

ထားဝယ်စီမံကိန်းအား စတင်ဆောင်ရွက်ပြီး သုံးနှစ်ကျော်အကြာ ၂၀၁၂ ခုနှစ် ဇွန်လ ၁ ရက်နေ့တွင် ထားဝယ် ရေနက် ဆိပ်ကမ်းနှင့် စက်မှူဇုန်ဧရိယာအတွင်းရှိ ဒေသခံများ၏ လယ်ယာ ဥယျာဉ်ခြံများ လျှော်ကြေး တစ်ပြေးညီ ရရှိရေးနှင့် အခြား နစ်နာမှုများအတွက် ကူညီဆောင်ရွက်ပေးရန် ရည်ရွယ်ကာ ကော်မတီများကို ရွာပေါင်း ၁၈ ရွာ တပြိုင်တည်း ဖွဲ့စည်းခဲ့သည်။

သို့သော် ၁၈ ရွာ စုပေါင်း ကော်မတီ မဟုတ်။ တစ်ရွာလျှင် ကိုယ်စားလှယ် ၅ ဦးဖြင့် ဖွဲ့ထားသည့် သီးခြားကျေးရွာ ကော်မတီ များသာ ဖြစ်ပြီး ကော်မတီ တစ်ခုနှင့်တစ်ခု လိုအပ်သလို ကူညီပူးပေါင်းဆောင်ရွက်ကြသည်။

ဧရိယာ ကျယ်ဝန်းပြီး စုစည်းမှု အားနည်းခြင်း၊ စနစ်ကျသော အဖွဲ့အစည်း အသင်းအပင်း ပုံစံနှင့် အလှမ်းကွာခြင်း တို့ကြောင့် ထင်သလောက် အလုပ်မဖြစ်ဟု ဒေသခံများ၏ မြေယာပိုင်ဆိုင်မှု အရေးကိစ္စများ လုပ်ဆောင်ပေးနေသူ အသက် ၂၇ နှစ်အရွယ် ကိုနေထွန်းက ဆိုသည်။

“အဖွဲ့အစည်းနဲ့ စနစ်တကျလုပ်တဲ့ ကိစ္စတွေမှာ အားနည်းတယ်” အေးဆေး ရိုးရှင်းစွာ နေထိုင်သည့် ဒေသခံများ၏ ဘ၀ထဲကို ပုံစံအမျိုးမျိုးဖြင့် ၀င်ရောက် လာသည့် မြေယာ ပိုင်ဆိုင်မှု၊ လျှော်ကြေး ကိစ္စများ နှင့် သတင်း အချက်အလက် မလုံလောက် မူကလည်း ဒေသခံများကို သွေးကွဲစေခဲ့သည်။

ကော်မတီများ စတင်ဖွဲ့စည်းပြီး နောက်တွင် စီမံကိန်းနေရာ ဗွက်နစ်သောကြောင့် ဒေသခံများ အခက်တွေ့မှု၊ ဘ၀ါ ချောင်းတွင် ကျောက်ထုတ်ယူသောကြောင့် လယ်ရေ ဆုတ်သည့် ကိစ္စ၊ ချာခမ်း ချောင်းကို ပိုက်လုံးမြှုပ်ကာ မြေဖို့ ထားသဖြင့် မယင်းကြီးရွာမှ လယ်များ ရေနစ်သည့် ကိစ္စများကို အတိုင်းအတာ တစ်ခုအထိ ဆောက်ရွက်နိုင်ခဲ့သည်။

သို့သော် လျော်ကြေးကိစ္စများကို စုစုစည်းစည်း မဆောင်ရွက်နိုင်သေး။

ဇွန်လ ၁၆ ရက်နေ့တွင် ထားဝယ် ခရိုင်အုပ်ချူပ်ရေးမှုး အပါအ၀င်၊ ကျေးရွာများမှ သမာဓိ လူကြီးများ ပါဝင်သည့် သီးနှံလျှော်ကြေး သတ်မှတ်ရေးအဖွဲ့နှင့် စီမံကိန်းဧရိယာအတွင်း ပါဝင်သည့် ဥယျာဉ်ခြံ ပိုင်ရှင်များ၏ သဘောတူညီချက်ဖြင့် သတ်မှတ်ခဲ့သည်ဟု ဖော်ပြသော်လည်း မည်သည့်အဖွဲ့၊ မည့်သည့်ဌာနမှ ထုတ်ပြန်ကြောင်း တရားဝင် လက်မှတ်ရေး ထိုးထားခြင်းမရှိပေ။ ကျေးရွာ ကော်မတီများ၊ အုပ်ချူပ်ရေးမှူးများနှင့် ဒေသခံများက ယင်းအစည်းအဝေးကို ၎င်းတို့တက်ရောက်ခွင့် မရခဲ့ဟု တစ်ညီ တစ်ညွတ်တည်း ပြောဆိုသည်။

“ကျွန်တော်လည်း မသိဘူး။ ရွာသူရွာသား တွေလည်း မသိဘူး။ အုပ်ချူပ်ရေးမှူး တောင်မသိဘူး” ဟု ဘ၀ါကျေးရွာမှ ကိုစိုင်ငယ်က ဆိုသည်။

မိမိတို့အနေဖြင့် အပင်တစ်ပင် တစ်နှစ်မည်မျှ ၀င်ငွေ ဖန်တီးနိုင်၊ မည်မျှရှိသည်ကို သိရှိပြီး ယခုသတ်မှတ် လိုက်သည့် ဈေးနှုန်းသည် ဒေသခံများအတွက် မသင့်တော်သဖြင့် လက်မခံနိုင်၊ သဘောမတူနိုင်ကြောင်း မယင်းကြီး ကျေးရွာမှ အုပ်ချူပ်ရေးမှုး ဦးကံဝင်းက ဆိုသည်။

“ဒီဈေးနှုန်းအတိုင်း သဘောတူလိုက်ရင် ကျွန်တော်တို့ ပြာပုံတိုးပြီပေါ့” ဘ၀ါ ကျေးရွာမှ ဦးရဲအောင်က ပြောသည်။ စီမံကိန်း ဧရိယာမှ ပြောင်းရွေ့ရမည့် ကျေးရွာများကို ဘ၀ါကျေးရွာတွင် ပြောင်းရွေ့နေရာချ ထားပေးမည်ဖြစ်ပြီး ယင်းနေရာ တွင် မြို့ကွက် ဖော်လျက်ရှိသည်။

ယခု ထုတ်ပြန်သတ်မှတ်လိုက်သည့် လျှော်ကြေး စာရင်းသည် ကရင်တိုင်းရင်းသား အများစု နေထိုင်ရာ ထားဝယ်- ထိုင်း လမ်းဖောက်လုပ်ရာ လမ်းတစ်လျှောက်ဒေသများကို ပေးလျှော်မည့် လျှော်ကြေး သတ်မှတ်ချက်နှင့် အပင်အမျိုးအစား အလိုက် သုံးဆအထိ ကွာဟမှုရှိသည်။

ဒေသခံများက သဘောမတူသည်ဟု ဆိုသော်လည်း ကျေးရွာ ကော်မတီ များအနေနှင့် တစ်စုံတစ်ရာ စုပေါင်း တုန့်ပြန်သည်ကို မတွေ့ရပေ။

“ဘာသာတရား အခြေခံနဲ့လည်းဆိုင်တယ်။ တနင်္ဂနွေ ဘုရားကျောင်းတက်သလို သောကြာ ဘလီတက်သလို ဗုဒ္ဓဘာသာမှာ ပုံမှန် စုစည်းတဲ့ ပုံစံမျိုး မရှိတာလည်း ပါတယ်” ဟု ကိုနေထွန်းက သုံးသပ်သည်။

ထားဝယ် – ထိုင်း လမ်းဖောက်လုပ် ရာဒေသမှ စုပေါင်း ကော်မတီ

ထားဝယ် စီမံကိန်း အစိတ်အပိုင်းတစ်ခုဖြစ်သည့် ထားဝယ်-ထိုင်း လမ်းဖောက်လုပ်ရာ ဒေသရှိ ကရင်တိုင်းရင်းသား အများစု နေထိုင်ရာ ဒေသတွင် ၂၀၁၁ ခုနှစ် ကတည်းက ဖွဲ့စည်းထားသည့် ၁၂ ရွာ စုပေါင်း ကော်မတီသည် ဒေသတွင်း ဖြစ်ပေါ်လာသည် ဒေသခံများ၏အရေးနှင့် သက်ဆိုင်သည့်ကိစ္စများအား စုပေါင်းညှိနှိုင်းဖြေရှင်းကြသည်။

“လတိုင်း အစည်းအဝေး ရှိတယ်။ သတင်းအချက်အလက်တွေ ဖလှယ်ကြတယ်။ ပြီးရင် ဘာတွေလုပ်သင့်တယ်ဆိုတာကို ဆွေးနွေးတယ်” ယင်း စုပေါင်းကော်မတီဝင် တစ်ဦးက ဆိုသည်။ အစည်းအဝေးကို တစ်လလျှင် တစ်ရွှာ အလှည့်ကျပြုလုပ်သည်။

ထားဝယ် – ထိုင်း လမ်းဖောက်လုပ်မှုကြောင့် ဒေသခံများ၏ ထိခိုက်မှုအတွက်လည်း ယင်းကော်မတီမှ ဦးဆောင်ကာ ညှိနှိုင်းပေးသည်။ ၂၀၁၂ ခုနှစ်၊ မေလ ၂၈ ရက်နေ့က အီတာလျှံထိုင်းနှင့် Max Myanmar မှ တာဝန်ရှိသူများ အပါအ၀င် ၁၅ ဦး၊ ကရင်အမျိုးသား အစည်းအရုံး (KNU) မှ ညှိနှိုင်းရေးမှုး ၂ ဦး၊ ၁၂ ရွာ စုပေါင်း လူထုအခြေပြုကော်မတီမှ ကျေးရွာ ကိုယ်စားလှယ်များ၊ ခြံမြေပိုင်ရှင်နှင့် ဒေသခံပြည်သူ ၅၀ ကျော် တက်ရောက်ကာ လျှော်ကြေးနှုန်း ထားများကို သတ်မှတ် သဘောတူခဲ့သည်။ ယင်းနှုန်းထားများသည် ထားဝယ်အထူးစီးပွားရေးဇုန် ဧရိယာနဘုလယ်ဒေသတွင် သတ်မှတ်သည့် နှုန်းထားထက်များစွာ သာလွန်သည်ကို တွေ့ရသည်။

ထားဝယ် ဒေသခံအများစု စိုက်ပျိုးသည့် ၈ နှစ်အထက် သက်တမ်းရှိ ရာဘာတစ်ပင်ကို ထားဝယ်- ထိုင်း လမ်းဖောက်လုပ်ရာ ဧရိယာ တွင် ၃ သိန်း ပေးလျှော် သတ်မှတ်ပြီး နဘုလယ် ဧရိယာတွင် အပင်ကြီး တစ်ပင်ကို ၁ သိန်း သတ်မှတ်သည်။

နဘုလယ် ဧရိယာတွင် လယ်မြေမှ တစ်ပါးစိုက်ပျိုးမြေအတွက် လျှော်ကြေး သတ်မှတ်ခြင်း မရှိဘဲ ထားဝယ် – ထိုင်းလမ်း ဧရိယာတွင် စိုက်ပျိုးမြေ တစ်ဧကကို ၅ သိန်း သတ်မှတ်သည်။

တောင်ကုန်း တောင်တန်းများ ထူထပ်ပြီး ယိမ်းနွဲ့ကွမ်းသီးတောများ ပေါများရာ ယင်းဒေသတွင် ကိစ္စတစ်စုံတရာ ရှိလာပါက စုစည်း အစည်းအဝေးထိုင်ပြီး စဉ်းစားကြသည့် အလေ့အထ၊ အစည်းအဝေးက ဆုံးဖြတ်တဲ့အတိုင်းလည်း တစိုက် လိုက်မတ်တတ် လုပ်ကြသည့် အလေ့အထများမှာ နဘုလယ် ဧရိယာနှင့် ကွာဟချက်ဟု ကိုနေထွန်းက ဆိုသည်။

ကရင်တိုင်းရင်းသား ခရစ်ယာန် ဘာသာဝင် အများစုဖြစ်သည့် ယင်းဧရိယာရှိ ဒေသခံများသည် တနင်္ဂနွေနေ့ ဘုရားကျောင်းတွင် ပုံမှန် စုစည်းမိခြင်းအပြင် ရိုးသားမှုနှင့် ပြတ်သားမှုကလည်း အားသာချက် တစ်ခုဟု ကိုနေထွန်းက မှတ်ချက်ပြုသည်။

“ကရင်တွေက ရိုးတယ်။ ပြတ်တယ်။ ဝေ့လည် ကြောင်ပတ်မရှိဘူး” ဒေသခံများက ပြတ်သားမှု မရှိသည့်အခါ၊ ရိုးသားမှု မရှိသည့်အခါ ဦးဆောင်ပြီး ဆောင်ရွက်ပေးရသူများမှာ အခက်တွေ့ သည်ဟု ၁၂ ရွာစုပေါင်း ကော်မတီမှ ကော်မတီဝင် တစ်ဦးက မှတ်ချက်ပြုသည်။

ထားဝယ် စီမံကိန်းနှင့် မူ

ထားဝယ် အထူးစီးပွားရေးဇုန် ဥပဒေ အခန်း ၇၊ မြေယာ အသုံးပြုခြင်းအခန်း၊ ပုဒ်မ ၃၄ တွင် စီမံကိန်းကြောင့် ပြောင်းရွှေ့ရမည့် လူနေအိမ်များ၊ အဆောက်အအုံများ၊ လယ်ယာ ဥယျာဉ်ခြံမြေများ၊ သီးပင်စားပင်များ၊ စိုက်ခင်းများကို ရှင်းလင်း ပြောင်းရွှေ့ပေးရပါက ယင်းတို့ကို ပြောင်းရွှေ့နေရာ ချထားခြင်း၊ လျှော်ကြေးပေးခြင်းတို့ကို ရင်းနှီးမြှုပ်နှံ သူက ကျခံရမည်ဟု ဖော်ပြသည်။

စီမံကိန်း အတူတူ ကုမ္ပဏီတစ်ခု တည်းမှ ပေးလျှော်ခြင်း ဖြစ်သော်လည်း လျှော်ကြေးစံ ကွဲသလို လျှော်မည့် အပင် သတ်မှတ်ချက် များသည်လည်း စံကွဲသည်။

နဘုလယ် ဧရိယာတွင် အပင်အမျိုးအစား ငါးမျိုးကိုသာ ပေးလျှော်ပြီး ထားဝယ်- ထိုင်း လမ်းတစ်လျှောက်ရှိ ဥယျာဉ်ခြံများအတွက် ပေးလျှော်မည့် အပင်အမျိုး ၂၀ ရှိပြီး ပိုမို အသေးစိပ်သည်။

အထူး စီးပွားရေးဇုန် ဧရိယာဖြစ်သည့် နဘုလယ်ဒေသအတွင်းရှိ သီးပင်စားပင် အားလုံးကို ယခုထုတ်ပြန်လိုက်သည့် ဈေးနှုန်း သတ်မှတ်ချက်တွင် ထည့်သွင်းစဉ်းစားပေးခြင်း မရှိဘဲ ရာဘာ၊ သီဟိုဌ်၊ ကွမ်း၊ အုန်း၊ ထန်း နှင့် လယ်မြေများ ကိုသာ ထည့်သွင်းထားသည်။

“သီးပင် စားပင်လို့ ဥပဒေမှာ ပြောထားပြီးပြီ။ သီးတဲ့ အပင်စားလို့ရတဲ့ အပင် အကုန်ပါတယ်လို့ နားလည်ထားတယ်” ဟု ရလိုင်ကျေးရွာမှ ဦးလေးလွင် ကဆိုသည်။

ဈေးနှုန်းများကို မည်သည့် နှုန်းစံများနှင့် သတ်မှတ်သည်၊ တက်ရောက်သည့် ဥယျာဉ်ခြံပိုင်ရှင်များသည် ရွာကို ကိုယ်စားပြုသူများ ဟုတ်မဟုတ်ကိစ္စရပ်များသည် မေးခွန်းထုတ်စရာဖြစ်နေပြီး ရွာသူရွာသားများကို ကိုယ်စားပြုသူ မပါဘဲ ရွာသူရွာသားများ သဘောတူသည့် ဈေးနှုန်းဟု ပြော၍ မရကြောင်း ထားဝယ်ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့ (DDA) ၏ ရန်ကုန် ညှိနှိုင်းရေးမှူး ဦးဘိုဘိုအောင်က မှတ်ချက်ပြုသည်။

ကနဦး ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန် ဒေါ်လာ ၈ ဒသမ ၆ သန်းရှိသည့် ထားဝယ်စီမံကိန်းတွင် အကောင်အထည် ဖော်ဆောင်ရွက်မှု လေးဖင့်နေပြီး လျှော်ကြေး စံမညီခြင်း၊ နိုင်ငံတကာ ကုမ္ပဏီများ၏ လုပ်ရည်ကိုင်ရည် နှုန်းစံနှင့် မကိုက်ဟု ဆိုကာ ဝေဖန်ခံနေရသည်။

မည်သို့ပင်ဆိုစေ ကျေးရွာကော်မတီများနှင့် ကျေးရွာ စုပေါင်းကော်မတီ၊ စံမညီသည့် လျှော်ကြေး၊ ဘာသာတရားနှင့် လူ့အဖွဲ့အစည်း၊ ရိုးသားမှု၊ ပြတ်သားမှုတို့အား နှိုင်းယှဉ်သင်ယူလျှင် နောက်မကျသေးဟု ဆိုရပေမည်။ ‘တော်တော်ကွာတာပဲ’ ဟု ကိုနေထွန်း ဆိုညည်းနေသည်။

ဟန်ထက် (Dawei Watch)

မကျေဘူး


Facebook မှ ကူးယူဖေါ်ပြ။

August 10, 2012