အကောင်းဆုံးဖြစ်အောင် ကြိုးစားလျှက်ပါ
ပေါက်ကရ ဘလော့ဂ်တွင် Post များ ပြန်တင်နေပါသည်။ အားလုံး ကျေးဇူးတင်ပါတယ်။

August 14, 2012

ထားဝယ်ရေနက်ဆိပ်ကမ်း သိပ်အရေးကြီး

တနင်္သာရီတိုင်းဒေသ၏ ထားဝယ်မြို့ရှိ ရေနက်ဆိပ်ကမ်းစီမံကိန်းအပေါ် ပြည်သူ့လွှတ်တော်၌ ဦးသိန်းညွှန့်က ယနေ့ထိတိုင်အောင် လိပ်ခဲတည်းလဲ ဖြစ်နေရသည့် အကျိုးအမြတ်ကိစ္စနိုင်ငံသား ကုမ္ပဏီက မည်သို့အခန်းကဏ္ဍမည်မျှ စွမ်းဆောင်နိုင်သလဲနှင့် သဘာဝပတ်ဝန်းကျင် အလုပ်သမားများ၏အလုပ်အကိုင်ရရှိရေး အလားအလာများအား ပြည်သူ့လွှတ်တော်သို့ မေးမြန်းရာ ရထားပို့ဆောင်ရေး ဒုတိယ၀န်ကြီး သူရဦးအောင်လွင်မှ လွှတ်တော် ရှေ့မှောက်တွင် ပြောကြားခဲ့သည်မှာကြား သိခဲ့ရသော်လည်း တွက်ချက်မှုအရ စီမံကိန်းသက်သက် မဟုတ်စေဘဲ အကျိုးခံစားမှုအရ နိုင်ငံနှင့် နိုင်ငံသားများအတွက် ဟုဆိုချင်ပါသည်။

၁။ ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် သဘောတူညီချက်က ဘာလဲ။ တကယ်ဖြစ်လာမှာလား။ ဒီစီမံကိန်းနဲ့ ပတ်သက်ပြီး ၂၀၁၀ နိုဝင်ဘာလ (၁) ရက်နေ့တွင် စတင်ဆောင်ရွက်ခဲ့သည်မှာ ပို့ဆောင်ရေးဝန်ကြီးဌာန မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နှင့် ထိုင်းနိုင်ငံ အီတာလျှံထိုင်းအများပိုင်ကုမ္ပဏီလီမီတက်တို့ဟာ ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် စက်မှုဇုန်ရေနက်ဆိပ်ကမ်းတို့အတွက် လက်မှတ်ထိုးခဲ့ရာ မှန်ကန်ကြောင်းဆိုခဲ့ ပါသည်။ ဒီစီမံကိန်းများကို ၂၀၁၁ ခုနှစ်၊ ဇန်န၀ါရီလမှာ ပြဋ္ဌာန်းခဲ့တာ မြန်မာအထူး စီးပွားရေးဇုန်ဥပဒေ ထားဝယ်စီးပွားရေး ဇုန်ဥပဒေတို့နှင်အညီ ကြပ်မတ်ဆောင်ရွက်ခဲ့သည်ဟုသိရပါသည်။ အကောင်အထည် ဖော်ဆောင်ရေးဟုဆိုရာမှာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ စွန့်ပစ်ရေနှင့်ပစ္စည်းများကို ထိန်းသိမ်းရေး ကျန်းမာရေး၊ ပညာရေး၊ အကောက်အခွန် စည်ပင်သာယာရေး အစအစရှိသည့် ဒေသဖွံ့ဖြိုးရေးကိစ္စနှင့် ပတ်သက်ပြီး ဒေသခံများက ကျေနပ်လုံလောက်တဲ့ အခွင့်အရေးများ ပြီးပြည့်စုံစွာ ရရှိရေး ဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်ခဲ့သည်ဟု ၀န်ကြီးချုပ်ကဆိုသော်လည်း ဘဲ နိုင်ငံသားများအတွက်ရော ဒေသဖွံ့ဖြိုးရေးအတွက်ရော အရေးကြီးကြောင်းကို လွှတ်တော်က သက်သေခံနေလေပြီ။

၂။ ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အကျိုးအမြတ်နိုင်ငံတော်အတွက် အကျိုးအမြတ်ကို တွက်ချက်ပြရာ (၁)စတုရန်း ကီလိုမီ တာတွင် အမေရိကန်ဒေါ်လာ (၁)သိန်းခွဲနှင့် အထူးစီးပွားရေးဇုန် မြေဧကအတွက် စုစုပေါင်းအတွက်ဆိုရင် (၃၀.၆၇၅) သန်း ဖြစ်လိမ့်မည်ဟု သိရပါသည်။ နှစ်စဉ်နှစ်တိုင်းမှာလဲ ပါဝင်တဲ့စီမံကိန်း နယ်စုံမှဝင် လာသည့်အကျိုးအမြတ်ရာခိုင်နှုန်း တစ် ၀က်ရရှိပါလိမ့်မည်။ စက်မှုဇုန်တည်ထောင်ခြင်းစီမံကိန်း၊ ကျောက်မီးသွေး (သို့မဟုတ်) ဓာတ်ငွေ့ ဓာတ်အားပေးစက်ရုံ တည်ဆောက် ခြင်းစီမံကိန်း သောက်သုံးရေ၊ ရေလှောင်တမံ စီမံကိန်း၊ ရေနံဓာတ်ငွေ့ပိုက်လိုင်းနှင့် ရထားလမ်း တည်ဆောင်ခြင်း စီမံကိန်းတို့မှ နှစ်စဉ်ခွဲဝေရမယ့် အချိုးနှုန်းများကိုလည်း သတ်မှတ်ပေးထားသည်ဟု ဆိုလာ ပါသည်။ ထားဝယ်အထူးစီးပွားရေးဇုန်ရဲ့ နယ်နမိတ်ကို ရွာတစ်ချို့ကိုလည်း ပြောင်းရွှေ့ရဦးမည်။ စီမံခန့်ခွဲရေးကော်မရှင်အနေ နဲ့ ရင်းရင်းနှီးနှီးတည်ဆောင်ပြီး သူတို့ရှင်းလင်းပေးသမျှနယ်မြေအစိတ်အပိုင်းကိုသာ အထူးစီးပွားရေဇုန် ဖော်ဆောင်လုပ်ဆောင်ပေးနိုင်ဖို့ မြေငှားမည်ဟုဆိုလာပါသည်။ တည်ငြိမ်မှုမရှိဘဲနဲ့ ပြောင်းရွှေ့ရလိမ့်မည် ဒီလိုပြောင်းရွှေ့ပြီးတာနဲ့ အသစ်ကပြန်စ ရမည့်သံသရာ တ၀ဲဝဲလည်နေဦးမည်လား ဒီလိုဆောင်ရွက်နေတဲ့အချိန်မှာ နိုင်ငံနှင့် ပြည်သူနစ်နာမှုမရှိဘဲနဲ့ အကျိုးအမြတ်ရရှိဖို့ ညှိနှိုင်းဆောင်ရွက်ရာမှာ ဘယ်လောက်များ အကျိုးခံစားရမည်မသိ သို့သော် တကယ်အကျိုးဖြစ်လာမှာကတော့ ပြောင်းရွှေ့ခံဒေသခံများကတော့ စာမျက်နှာပေါ်တက်မှာ သေချာပါသည်။

၃။ ထားဝယ်ဆိပ်ကမ်းနှင့် မြန်မာနိုင်ငံသားပိုင်ကုမ္ပဏီ ထားဝယ်ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းကို မှတ်ပုံတင်ပြီး ဖွဲ့စည်းတည်ထောင်ခဲ့သည့်နောက် မြန်မာနိုင်ငံသားပိုင်တစ်ခုဖြစ်တဲ့ Max Myanmar အစုရှယ်ယာ ၂၅ ရာခိုင်နှုန်း ထည့်ဝင်ထားသည်ဟု ရထားပို့ဆောင်ရေး ဒုဝန်ကြီးမှဆိုပါသည်။ လုပ်ငန်းများကိုလည်း ဆောင်ရွက်နေပါသည်။ လက်ရှိအခြေနေမှာဆိုရင် အီတာလျှံထိုင်းအနေနဲ့ စုစုပေါင်းဒေါ်လာ (၈)သန်း ခန့်ထည့်ဝင်ထားကြောင်း Max Myanmar အနေနဲ့ ဒေါ်လာ(၂) သန်းခန့် အစုရှယ်ယာ ပါဝင်ကြောင်းလည်း ပြောထားပါသည်။ ထားဝယ်ဖွံ့ဖြိုးရေးကော်မတီ လက်အောက်မှာ လုပ်ငန်းစီမံကိန်းများ ရင်းနှီးမြှုပ်နှံလိုတဲ့ နိုင်ငံတကာက ရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်နေပါသည်။ အခြေခံအဆောက်အဦး တည်ဆောက်ဖို့လည်း အမေရိကန် ဒေါ်လာ (၈၆၂၀၀) သိန်း လုပ်ငန်းတွေအတွက် လိုအပ်နေပါသည်ဟု ဖွင့်ဟပြောလာတဲ့အတွက်ကြောင့် လွှတ်တော်ဥက္ကဋ္ဌမှ မေးလာရသည့်အထိ ဖြစ်လာပါသည်။

၎။ ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် Max Myanmar ကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌမှ Max Myanmar ကုမ္ပဏီထွက်ခွာ သွားကြောင်း ဒါဆိုရင် နိုင်ငံနှင့်နိုင်ငံသားများအတွက် ထိခိုက်မှုရှိမရှိ ဒုတိယအချက်အနေနဲ့ အရင်Max Myanmar ကုမ္ပဏီ အစား မြန်မာနိုင်ငံသားကုမ္ပဏီကို အစားထိုးဝင်ရောက်နိုင်ခြင်း ခွင့်ပြုမပြု လွှတ်တော်ဥက္ကဋ္ဌမှ သိချင်ပါသည်ဟု သက်ဆိုင်ရာ ၀န်ကြီးကို မေးမြန်းသည့်အခါ အတိအကျထွက်ခွာခြင်းမဟုတ် Max Myanmar ထွက်ခွာသွားသော်လည်း သူ့ ရဲ့အရင်ထည့်ဝင်ထားတဲ့ငွေကို ဆက်လက်ပြီးတော့ နှုတ်မထားသေးကြောင်း နှုတ်သွားတဲ့အခါကျမှ ပြည်တွင်းက ကုမ္ပဏီကို ထပ်ထည့်ဖို့လည်း စဉ်းစားနေသည်ဟုဆိုခြင်းမှာ လက်တွေ့စဉ်းစားတဲ့အဆင့်မှာသာ ပြသနေပါသည်။ အဲ့လို ဆောင်ရွက်တဲ့အခါမှာ ဒေသခံများအတွက် စက်မှုဇုန်တစ်ခု ထူထောင်ချင်တယ်ပြောတဲ့အတွက်ကြောင့် အီတာလျှံ ထိုင်းကိုပေးထားတဲ့ (၂၀၄.၅) ငွေရေးကြေးရေးအစား အခက်အခဲကိုအကြောင်းပြကာ (၅၀) ရာခိုင်နှုန်းလောက်သာ စာရင်းများအရ သိရှိရပါသည်။ သဘောတူညီချက်ကို နှစ်ဦး နှစ်ဖက်ဆွေးနွေးပြီး ပြုပြင်ဖို့ ဆွေးနွေးဖို့ ဆိုသည်မှာလည်း လက်ခံနိုင်သည့်အတိုင်းတာထိ ဆွေးနွေးရဦးမည် အဲ့ဒါကြောင့် လက်တလောမှာ ထားဝယ်ဆိပ်ကမ်းအပေါ် မျက်စိကျနေသည့် ကုမ္ပဏီများအား တားဆီးနေရသလို ဒေသတွင်းကုမ္ပဏီများကိုလည်း ခေါ်ယူပါဝင်စေဖို့ ဆိုသည်မှာ မဖြစ်နိုင် မတိကျမရေရာသည့် ကိန်းဂဏန်းတွေ စီမံကိန်းကြီးတွေ ဖြစ်နေတဲ့အတွက်ကြောင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးမှ နေ နိုင်ငံနှင့်နိုင်ငံသားများအတွက် ထားဝယ်ရေနက်ဆိပ်ကမ်းဟာ သိပ်အရေးကြီးကြောင်း စီးပွားရေး ရင်းနှီးမြှုပ်နှံမှုနှင့် ကော်မတီက ရထားပို့ဆောင်ရေး ဒုဝန်ကြီးချုပ်ရဲ့ ပြောကြားချက်များအပေါ် မှတ်သားပြီး လိုအပ်သည့်ကိစ္စဆက်လက်၍ ဆောင်ရွက်ရန် လွှတ်တော်မှတဆင့် ကော်မတီအား တာဝန်ပေးအပ်နေခြင်းကိုက သိပ်အရေးကြီးကြောင်း သက်သေပြနေသည်။

စိုးဝင်းနိုင်

August 13, 2012

မြန်မာပြည်မှာ ပညာမရှိဘူးလား



Facebook မှ ကူးယူဖေါ်ပြ။

လောကသရဖူလျောင်းတော်မူ ဘုရားကြီး

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ကနိုင်းတာကျေးရွာတွင် တည်ရှိသော လောကသရဖူလျောင်းတော်မူ ဘုရားကြီး ဖြစ်ပါတယ်။

ဧရာရွှေဝါကုမ္ပဏီမှ ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ လယ်မြေ ဧက ၄၀၀၀၀ ကျော်အား တောင်သူများသို့ ခွဲဝေပေးနိုင်ရန် နိုင်ငံတော်သို့ တရားဝင်ပြန်အပ် လယ်မြေများစွာပိုင်သည့် ကုမ္ပဏီအချို့မှ လက်ငုတ်လက်ရင်း တောင်သူဖြစ်ပါက အကျိုးတူ လယ်ယာလုပ်ကွက် ပြန်ပေးရန်ရှိနေ


ဧရာရွှေဝါကုမ္ပဏီမှ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ရေကြီးကွင်းရေနက်ကွင်းများအား ပြုပြင်ထားသည့် လယ်မြေ ဧက ၄၀၀၀၀ ကျော်အား ဒေသခံတောင်သူများသို့ ခွဲဝေလုပ်ကိုင်ခွင့်ပေးပြီး ကုမ္ပဏီ၏မြေ လုပ်ပိုင်ခွင့်များအား နိုင်ငံတော်သို့ တရားဝင်ပြန်လည်အပ်နှံခဲ့ကြောင်း သတင်း ရရှိပါသည်။

ဇူလိုင်လ ၂၆ ရက်နေ့က ဧရာရွှေဝါကုမ္ပဏီ လီမိတက်၏ ဥက္ကဋ္ဌဖြစ်သူ ဦးတေဇမှ လက်မှတ်ရေးထိုးကာ တင်ပြခဲ့ခြင်းဖြစ်ပြီး ဧရာရွှေဝါကုမ္ပဏီအနေဖြင့် တောင်သူများသို့ ခွဲဝေလုပ်ကိုင်ခွင့်ပေးရာတွင် ကုမ္ပဏီနှင့် အတူအကျိုးတူ ပူးပေါင်းကာ လယ်ယာမြေဖော်ထုတ် လုပ်ကိုင်ခဲ့သည့် ဒေသခံတောင်သူများအား လယ်ယာ သမ၀ါယမ အသင်းများဖွဲ့စည်းကာ ခွဲဝေပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၁၉၉၈ ခုနှစ်မှစ၍ ဧရာရွှေဝါကုမ္ပဏီအား တည်ထောင်ကာ ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ ရေကြီးကွင်း၊ ရေနက်ကွင်းများမှ မြေလွတ်၊ မြေလပ်၊ မြေရိုင်းဧကစုစုပေါင်း ၄၁၂၀၀ ကိုစိုက်ပျိုး၍ ရနိုင်သည့် လယ်ယာမြေများအဖြစ် မြေပြုပြင်မှု ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

စိုက်ပျိုး၍မရနိုင်ဘဲ ငါးမွေးမြူရေးအနေဖြင့် ပိုမိုသင့်တော်သည့် မြေများအား ငါးမွေးကန်အဖြစ် ပြုပြင်ခဲ့ကြောင်း၊ အင်းအိုင် ဧရိယာများလည်း ပါဝင်ကြောင်း ဧရာရွှေဝါကုမ္ပဏီမှ တာဝန်ရှိသူများက ပြောကြားခဲ့သည်။

သာပေါင်း၊ ကျောင်းကုန်း၊ ရေကြည်၊ ကန်ကြီးထောင့်၊ ဒါးကမြို့နယ်များ အတွင်းရှိ ရေကြီးကွင်း ရေနက်ကွင်းများအား ပြုပြင်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ စိုက်ပျိုးနိုင်သည့် မြေဧက ၃၅၈၈၆ ဒသမ ၆၄ ဖော်ထုတ်ခဲ့ကြောင်း၊ အင်းအိုင်ဧရိယာမှာ ၄၈၁၃ ဒသမ ၃၆ ဧကရှိကြောင်း၊ ငါးကန် ဧရိယာ ၁၂၀၅ ဒသမ ၅ ဧကကို ဖော် ထုတ်ခဲ့သည်ဟု နိုင်ငံတော်သို့ တရားဝင်တင်ပြချက်တွင် ဖော်ပြထားသည်။

အဆိုပါ လယ်မြေ၊ အင်းအိုင်၊ ငါးမွေးကန်များအား ကုမ္ပဏီဖြင့် အကျိုးတူလုပ်ကိုင်ခဲ့သည့် ဒေသခံလယ် လုပ်သားများသို့ လယ်ယာသမ၀ါယမ အသင်းဖွဲ့စည်းကာ ခွဲဝေပေးရာတွင် အကယ်၍ သမ၀ါယမအသင်း ဖွဲ့စည်းမှုတွင် ပါဝင်လိုခြင်းမရှိသူများကိုလည်း ဆန္ဒအတိုင်း လုပ်ဆောင်ခွင့်ပေးထားကြောင်းလည်း သိရသည်။

ဧရာရွှေဝါကုမ္ပဏီအနေဖြင့် နိုင်ငံတော်မှ လုပ်ပိုင်ခွင့်လုပ်ကိုင်ခွင့် ရယူထားသည့် ဖော်ပြပါမြေများအား ဆက်လက် ဆောင်ရွက်တော့မည် မဟုတ်ကြောင်းကိုလည်း နိုင်ငံတော်သို့ တင်ပြချက်တွင် ထည့်သွင်းခဲ့သည်။

ဒေသခံတောင်သူများသို့ လယ်ယာမြေလုပ်ကိုင်ခွင့်များ ခွဲဝေပေးခဲ့မှုအပေါ် ဧရာရွှေဝါကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက “၁၉၉၈ ခုနှစ်မှာ ကုမ္ပဏီ စထောင်ပြီး ရေကြီးကွင်းရေနက်ကွင်း စပါးစိုက်မရတဲ့ မြေလွတ်မြေရိုင်းတွေကို ယန္တရားတွေသုံးပြီး စိုက်လို့ရ အောင်ပြုပြင်ခဲ့တယ်။ အခုဧက ၃၆၀၀၀ နီးပါးစိုက်လို့ရပြီ။ ဒီလို စိုက်လို့ရတဲ့လယ်အထိဖြစ်လာဖို့ ငွေ ရင်း၊ အချိန်၊ လုပ်အား အများကြီး စိုက်ထုတ်လုပ်ခဲ့တယ်။ လုံးဝရေပြင် ကြီးဖြစ်နေတဲ့ မြေလွတ်မြေရိုင်းတွေကို လယ်စိုက်လို့ရတဲ့အထိ လုပ်ခဲ့ကြရတာပါ။ အခု အဲဒီလယ်ယာ မြေတွေကို ကျွန်တော်တို့ ကုမ္ပဏီနဲ့ အတူပူးပေါင်းပြီး ဖော်ထုတ်ခဲ့တဲ့ ဒေသခံလယ် လုပ်သားတွေကို ခွဲဝေပေးခဲ့တယ်။ လယ်ယာသမ၀ါယမဖွဲ့ပြီး လုပ်ပေးခဲ့တာ။ ကျွန်တော်တို့ ၀ယ်ထားတဲ့ မြေဧက ၁၀၀ ကလွဲပြီး ကျန်တာအကုန်လုံးကို ခွဲဝေလုပ်ကိုင်ခွင့် ပြုခဲ့တာ။ အဓိကအကြောင်းရင်း ဆိုရင်တော့ ကုမ္ပဏီရဲ့ မူလရည်ရွယ်ချက်ကိုက လယ်လုပ်ချင်တယ်၊ လုပ်နိုင်တဲ့အနေအထားလည်း ရှိတဲ့ လယ်လုပ်သားတွေကို လယ်လုပ်နိုင်အောင် စီစဉ်ပေးဖို့ပါ။ အခု လုပ်နိုင်လာတဲ့အတွက် အကုန်လုံးခွဲဝေပေးခဲ့တာ။ တကယ်တော့ တောင်သူတွေက ကျွန်တော်တို့ အခုလိုခွဲဝေပေးတာထက် အရင်းစိုက်ထုတ်ပေး၊ သွင်းအားစုအတွက် စိုက်ထုတ်ပေးပြီး အကျိုးတူလုပ်တာကိုတောင် ပိုလိုလားတယ်။ သူတို့ကပြောတယ် လယ်ချည်းပဲ မပေးပါနဲ့တဲ့ အရင်းပါထပ်ပြီး စိုက်ထုတ်ပေးဖို့တောင် ပြောခဲ့ကြသေးတယ်။ ဒါပေမယ့် ကျွန်တော်တို့ကုမ္ပဏီအနေနဲ့လည်း လယ်မြေ ဒီလောက်အများကြီးကို အရင်းအများ ကြီးစိုက်ထုတ်ပြီး ဖော်ထုတ်ပေးခဲ့ ပြီးပြီ။ နှစ်နှစ်သုံးနှစ်ဆက်တိုက် အရှုံးခံပြီး တောင်သူတွေကို အရင်းစိုက် ထုတ်ပေးထားခဲ့တယ်။ တောင်သူတွေနှစ်နှစ် သုံးနှစ်ဆက်တိုက် ပြန်မဆပ်နိုင်လည်း ကုမ္ပဏီက စိုက်ထုတ်ခဲ့တာပဲ။ ဧရာဝတီတိုင်းဒေသကြီးမှာ ဒီလို ဖော်ထုတ်ဖို့ နိုင်ငံတော်က လုပ်ကိုင်ခွင့်ပေးတော့ ကုမ္ပဏီပေါင်း ၃၀ကျော်လောက် လုပ်ခဲ့ကြတယ်။ ဒါပေမယ့် အခုတော့ ၄၊ ၅ ကုမ္ပဏီလောက်ပဲ ကျန်တော့တယ်။ ဘယ်သူမှ ရေ ရှည်တောင့်ခံပြီး မလုပ်နိုင်ခဲ့ကြဘူး။ အခုကျွန်တော်တို့ လယ်ယာမြေအ ဖြစ်ဖော်ထုတ်ပေးခဲ့ပြီ တောင်သူမှာတော့ အရင်းလိုတယ်။ ဒါကိုတော့ နိုင်ငံတကာကပဲဖြစ်ဖြစ်၊ နိုင်ငံတော် ကပဲဖြစ်ဖြစ် ဘယ်သူဖြစ်ဖြစ် ငွေ ကြေးစိုက်ထုတ်ပေးရင်တော့ တောင်သူတွေအဆင်ပြေမှာပါ။ အခုရာသီဥတုက နှစ်နှစ်ဆက်တိုက် ဖျက်တော့ တောင်သူတွေလည်း ခက်ခဲတာပေါ့။ ကျွန်တော်တို့ကတော့ လယ်လုပ်သား တွေကို လယ်ခွဲဝေပေးခဲ့ပါပြီ။ ဒီလို စနစ်တကျခွဲဝေခဲ့တာကိုလည်း နိုင်ငံတော်ကို တရားဝင်တင်ပြခဲ့ပါပြီ။ ကျွန်တော်တို့ ကုမ္ပဏီကို ပေးအပ်ထားတဲ့ ဒီမြေတွေအတွက် လုပ်ကိုင်ခွင့်တွေကို နိုင်ငံတော်ကိုအပ်လိုက်ပါပြီ” ဟု ပြောကြားခဲ့သည်။

တောင်သူများထံမှ လယ်ယာမြေ သိမ်းထားသည့် ပြဿနာများ ရန်ကုန်တိုင်းအတွင်း ဖြစ်ပေါ်လျက်ရှိပြီး အဆိုပါပြဿနာအတွင်း ပါဝင်နေသည့် ကုမ္ပဏီများထဲမှ ကုမ္ပဏီကြီးအချို့မှာ လက်ငုတ်လက်ရင်း တောင်သူများဆိုပါက အကျိုးတူလုပ် ကိုင်နိုင်ရန် လုပ်ကွက်ပေးရန် စီစဉ် နေသည်ဟုလည်းသိရသည်။

မက်စ်မြန်မာအနေဖြင့်လည်း တောင်သူများစိတ်ဆန္ဒဖြင့်သာ လုပ်ကိုင်နေပြီး အကျိုးတူလယ်ယာ လုပ်ကိုင်ခြင်းမှာ တောင်သူများဘ၀ မြင့်တက်ရန်အတွက် လုပ်ကိုင်ခြင်းသာ ဖြစ်ကြောင်း၊ ထို့အတွက် တောင်သူများ ကျေနပ်မှ ဆက်လက်လုပ်ကိုင်မည်ဟု ပြောကြားထားခဲ့သည်။

“လောလောဆယ် ကုမ္ပဏီအချို့က စာရင်းလုပ်နေတယ်။ ဒါပြီးရင်တော့ အဲဒီစာရင်းလုပ်တဲ့ ကုမ္ပဏီလက် ရှိလုပ်ကိုင်နေတဲ့ လယ်ဧရိယာထဲမှာ အရင်က တကယ့် လက်ငုတ်လက်ရင်း လယ်လုပ်ခဲ့တဲ့ တောင်သူတွေဆိုရင် ဧကကွက်လယ်မြေတွေ ပြုပြင်ပေးပြီး အကျိုးတူ လုပ်ခွင့်ပေးဖို့ စီစဉ်နေတယ်လို့ ကြားရတယ်။ မျိုးပေးမယ်၊ ထွန်ယက်ပေးမယ်၊ အကျိုးတူ လုပ်မယ်။ တကယ့် လက်ငုတ်လက်ရင်း လုပ်ခဲ့တဲ့သူပဲ ဖြစ်ဖို့လိုတယ်လို့ သိရတယ်။ ဒါကြောင့် စာရင်းကောက် နေတာလို့ ပြောတယ်” ဟု ဒဂုံအရှေ့မြို့ နယ်မှ တောင်သူတစ်ဦးက ဆိုသည်။

ဇေကမ္ဘာကုမ္ပဏီမှ သိမ်းယူထားသည့် ရွှေနံ့သာကျေးရွာမှ လယ်မြေများ၌ ယခုနှစ်မိုးစပါးများကို တောင်သူများ ၀င်ရောက်စိုက်ပျိုးထားကြောင်း စုံစမ်းသိရှိရပါသည်။

ယခုနှစ် မိုးစပါးစိုက်ရာသီအစ မေလ ၁၀ ရက်နေ့၌ အဆိုပါလယ် ယာမြေများ၌ မိုးစပါးစိုက်ပျိုးခြင်းကို တောင်သူများ စတင်ဆောင်ရွက်ခဲ့ပြီး၊ ယင်းအပေါ်၌ ဇေကမ္ဘာကုမ္ပဏီ မှထပ်မံထယ်ထွန်ခြင်း၊ မျိုးကြဲခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း၊ သို့ဖြစ်၍ ဇူလိုင်လ ၁၅ ရက်နှင့် ၁၆ ရက်နေ့တွင် မင်္ဂလာဒုံမြို့နယ် အုပ်ချုပ်ရေးမှူးရုံး၌ လယ်သမား ၂၀၀ ကျော်က ဆန္ဒပြခဲ့ကြောင်း သိရသည်။

ယခု လယ်ယာ သိမ်းယူထားသည်ဆိုသော ပြဿနာဖြင့် ပတ်သက်နေသည့် ကုမ္ပဏီများထဲတွင် ကုမ္ပဏီ အချို့မှာ အမှန်တကယ် အကုန်အကျခံကာ လယ်ယာမြေများကို ပြုပြင်ထားခြင်းဖြစ်ကြောင်း၊ အချို့မှာလည်း ၀ယ်ယူထားပြီးဧကများ ပါဝင်ကြောင်း၊ ထိုသို့ အကုန်အကျခံ လုပ်ကိုင်ထားပြီးသည့် လယ်ယာများအား အားလုံးပြန်ပေးရန် မဖြစ်နိုင်သော်လည်း မတရားနည်းဖြင့် ရယူထားခြင်းရှိပါက တောင်သူများလုပ်သာ ကိုင်သာသည့် နည်းလမ်းများဖြင့် ပြန်ပေးရန်မူ လိုအပ်နေသည်။

“ဧရာရွှေဝါကုမ္ပဏီရဲ့ အခုလုပ်ရပ်ကို ကြိုဆိုပါတယ်။ ကျန်တဲ့ကုမ္ပဏီတွေ အနေနဲ့လည်း အခုလိုပဲ ပြန်ပေးကြစေချင်ပါတယ်။ Crony ပဲ ဖြစ်ဖြစ်၊ အရင်က ဘာတွေပဲ အခွင့်အရေးယူခဲ့ယူခဲ့ အခုလက်ရှိအချိန်မှာ ပြည်သူ့မျက်နှာကို ပြန်ကြည့်ကြစေချင်ပါတယ်။ လိုအပ်ချိန်မှာ ပြည်သူ့မျက်နှာပြန်ကြည့်တဲ့ ဘယ်သူ့ကို မဆို ကြိုဆိုရမှာပါ။ ချမ်းသာတာ အပြစ်မဟုတ်ပါဘူး။ ကိုယ့်ရဲ့ ကြိုးစားအားထုတ်မှုနဲ့ ရသင့်ရထိုက်တာ ကိုယူပြီး တိုင်းပြည်အတွက် မှန်မှန်ကန်ကန် အခွန်ပေးဆောင်ရင် ကိစ္စမရှိပါဘူး။ ဆင်းရဲ ချမ်းသာဆိုတာ ရှိနေမှာပါ။ ဒါပေမယ့် မတရားအခွင့် အရေးယူပြီး မတရားတဲ့ နည်းလမ်းတွေနဲ့ ချမ်းသာတာ၊ မတရားသဖြင့် ခံရပြီး ဆင်းရဲကြရတာက ပြဿနာပါ”ဟု Weekly Eleven News Journal ၏ အယ်ဒီတာချုပ် ကိုဝေဖြိုး က ပြောပါသည်။

Eleven Media Group မှ ကူးယူဖေါ်ပြ။

ဟာသများ (၂)

၁။ ဖော်ကောင်
နေရာ ... စိတ္တဇဆေးရုံ ဆေးရုံအုပ်.... "မနက်ဖြန်က အရေးကြီးတဲ့နေ့ တစ်နေ့နော်။ ဘာလို့လဲ သိလား? နိုင်ငံတော် အကြီးအကဲ လာစစ်ဆေးလိမ့်မယ်။ လာစစ်ဆေးပြီး ငါက "အဟမ်း" လို့ ချောင်းဟန့်လိုက်ရင် မင်းတို့အားလုံး လက်ခုပ်တီးရမယ် ကြားလား.. လက်ခုပ်တီးတဲ့လူကို အသားဟင်းကျွေးမယ်"

နောက်တစ်နေ့ ....
နိုင်ငံတော် အကြီးအကဲ လာရောက်စစ်ဆေးခဲ့သည်။ မိန့်ခွန်းပြောအပြီးတွင် ဆေးရုံအုပ်က ကြိုတင်မှာကြားထားသည့်အတိုင်း ချောင်းဟန့်လိုက်သည်နှင့် လူနာအားလုံး လက်ခုပ်တီးကြသည်။ ထိုအချိန်တွင် လူနာတစ်ယောက်က ရုတ်တရက်ရှေ့ထွက်ပြီး အကြီးအကဲကို ပါးတစ်ချက်ရိုက်လိုက်ပြီး ပြောလိုက်သည်မှာက "မင်းဘာလို့ လက်ခုပ်မတီးတာလဲ? အသားဟင်း မစားချင်ဘူးလားကွ" ဟူတည်း။

၂။ ဗေဒင်ဆရာ "ဟေ့.. ခင်ဗျား ပိုက်ဆံမရှင်းရသေးဘူး"
ဗေဒင်မေးသူ "ကျွန်မမှာ ပေးစရာပိုက်ဆံမရှိဘူးဆိုတာ အခုနားက ဆရာမတွက်မိဘူးလား"

၃။ ကြိုတင်ကာကွယ်ခြင်း
ကင်ဆာရောဂါနဲ့ သေတော့မယ် လူတစ်ယောက်ကို သားဖြစ်သူက "ကင်ဆာရောဂါ ဖြစ်နေတာကို ဘာဖြစ်လို့ သတင်းလာ မေးသူတိုင်းကို အေအိုင်ဒီအက်စ် ဖြစ်နေတယ်လို့ ပြောရတာလဲ ဖေဖေ" လို့ မေးတော့ အဖေဖြစ်သူ ဖြေလိုက်တာက “ဒါမှ ငါသေသွားရင် မင်းအမေကို တစ်ခြားလူ မကြံမှာပေါ့ကွ" ဟူတည်း။

၎။ သူ့ ဆုတောင်း
တစ်ခါက သဲကန္တာရမှာ ဆာလောင်ပြီး သေလုနီးနီး ဖြစ်နေတဲ့ လူမည်းတစ်ယောက်ဟာ နတ်မီးခွက်တစ်လုံး ကောက်တွေ့သတဲ့။ မီးခွက်ကို ပွတ်လိုက်တော့ မီးခွက် စောင့်နတ်က ထွက်လာပြီး လိုရာဆု သုံးဆုကို တောင်းခိုင်းလိုက်တယ်။ သူက ခဏလောက် စဉ်းစားပြီး (၁) နေ့တိုင်း ရေသောက်ရပါစေ (၂) ဖြူဖွေးသောအသားအရောင် ရှိရပါစေ (၃) နေ့တိုင်း ကောင်မလေးတွေရဲ့ တင်ပါးကို မြင်ရပါစေ လို့ ဆုတောင်းလိုက်တာနဲ့ ဘုန်းဆိုတဲ့ အသံနဲ့အတူ အဲဒီလူမည်းဟာ...... အိမ်သာအိုးတစ်လုံး ဖြစ်သွားသတဲ့။

၅။ ထမင်းပို့နည်း
မနက်ခင်းတစ်ခု၌ အသက်ကြီးကြီး အဒေါ်တစ်ယောက် အထုပ်ငယ်တစ်ခုကို ကိုင်၍ လိုက်ပါလာသည်။ ကားမှတ်တိုင်တစ်ခုတွင် ထိုမိန်းမကြီး ဆင်းမည်ပြုသောအခါ အထုပ်ငယ်ကျန်ရစ်ခဲ့သဖြင့် ကျွန်တော်က သတိပေးလိုက်သည်။ “အဒေါ်ကြီး ဒီမှာ အထုပ်ကျန်ရစ်ခဲ့တယ်” အဲဒီအခါ အဒေါ်ကြီးက ပြုံးလိုက်ရင်း.... “ထားလိုက်ပါ ငါ့တူရယ်၊ ဒီအထုပ်က အဒေါ့် ယောကျာ်းရဲ့ ထမင်းထုပ်ပါ။ သူက မေ့ကျန်ပစ္စည်း လက်ခံတဲ့ဌာနမှာ လုပ်တယ်ကွဲ့”

August 11, 2012

ဦးတေဇ ပိုင်ဆိုင်သောအဓိကလုပ်ငန်းများ

၁။ အဲပုဂံ (Air Bagan)
မြန်မာနိုင်ငံ၏ ပထမဆုံးသော ပုဂ္ဂလိက လေကြောင်းလိုင်း ဖြစ်ပြီး ATR42-320, ATR72-500 နှင့် FOKKER-100 လေယာဉ်များ အပါအဝင် လေယာဉ် (၁၂) စင်းပါဝင်သည်။ ပြန်လည်ရောင်း ချမည်ဆိုပါက အမေရိကန် ဒေါ်လာ (၂၅) သန်းမှ သန်း (၃၀) အကြားတွင် ရရှိ နိုင်သည်ဟု ခန့်မှန်းရသည်။
ရန်ကုန်မြို့ရှိ အေးရှားဂရီးန် ဘဏ်ခွဲတခု

၂။ အေးရှားဂရီးန် ဖွံ့ဖြိုးရေးဘဏ် (Asia Green Development Bank)
နေပြည်တော် ဇဗ္ဗူသီရိမြို့သစ်ရှိ နေပြည်တော်ဘဏ်ရပ်ဝန်း၌ (၂၀၁၀) သြဂုတ်လ ၆ ရက်နေ့တွင် စတင် ဖွင့်လှစ်ခဲ့သည်။ Aureum Palace ဟိုတယ်တခု

၃။ ဟိုတယ်လုပ်ငန်းများ
အော်ရီယမ်နန်းတော် (Aureum Palace) နှင့် မြန်မာ့ရတနာ (Myanmar Treasure) နာမည်နှင့် ပိုင်ဆိုင်မှုများ ပါဝင်သည်။ အခန်းပေါင်း (၁၁၀၀) ခန့် ပါဝင်သော ဟိုတယ်ပေါင်း (၁၇) ခုပါဝင်ပြီး အမေရိကန်ဒေါ်လာ သန်းပေါင်း (၁၂၀) မှ (၁၅၀) အတွင်းခန့် တန်ဖိုးရှိမည်ဟု ခန့်မှန်းရသည်။

၎။ မိုင်းလုပ်ငန်း
နီကယ်လ်၊ ကျောက်စိမ်း၊ ထုံးကျောက်နှင့် ရွှေတူးဖေါ်ရေးလုပ်ငန်းများ

၅။ ဆောက်လုပ်ရေး နှင့် အိမ်ခြံမြေလုပ်ငန်း
အမေရိကန်ဒေါ်လာ သန်းပေါင်း (၃၀) မှ (၄၀) အကြားခန့် တန်ဖိုးရှိမည်ဟု ခန့်မှန်းရသော ရန်ကုန်မြို့ရှိ အိမ်ယာ စီမံကိန်းများ ပါဝင်သည်။

၆။ ပို့ကုန်
သစ်၊ ပဲ နှင့် ဆန် များတင်ပို့သည်။

DK (Ref: Burma’s Showy Crony)

လူ၊ မူ နှင့် လျော်ကြေး

ထားဝယ် စီမံကိန်း စတင်ပြီ ဆိုကတည်းက ယင်းဒေသရှိ ကျေးရွာ များကို အမြဲတမ်း ကူးချည် သန်းချည် သွားနေသည့် ကိုနေထွန်း တစ်ယောက် အားမလို အားမရ ဆိုသည်။

စီမံကိန်းကြောင့် ပြောင်းရွှေ့ပေးရမည့် နေအိမ်များကိစ္စ၊ ဥယျာဉ်ခြံမြေများ၊ သီးပင်စားပင်များအား လျော်ကြေးပေးသည့် ကိစ္စများ စံမတူ။ အထူး စီးပွားရေးဇုန် ဧရိယာ နဘုလယ်နှင့် ထားဝယ်-ထိုင်း လမ်းဖောက် လုပ်ရာ ကရင်တိုင်းရင်းသားအများစု နေထိုင်ရာ ဒေသတို့တွင် စီမံကိန်း တာဝန်ရှိ သူများ၏ စံနှုန်းမညီ လုပ်ကိုင်မှုနှင့် ပတ်သက်ပြီး ဒေသအခြေခံကွာဟမှုကြောင့် ကိုနေထွန်း ခေါင်းစားနေသည်။ “ နဘုလယ်ဘက်မှာက တစ်ယောက် တစ်ပေါက်” နှစ်နှစ် နီးပါးကြာမြင့် သည်အထိ မြေသား လမ်းကြမ်းမှ နောက်တဆင့် မတက်နိုင်သေးသော ထားဝယ် စီမံကိန်းတွင် ထိုင်း-မြန်မာ အစိုးရခြင်း ပူးပေါင်းဆောင်ရွက်ရန် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း နားလည်မှု စာချွန်လွှာလိုက်သည့် အချိန်ထိ လျှော်ကြေး ဇာတ်လမ်း အသုံးမသတ် သေးပါ။

အထူး စီးပွားရေးဇုန် ဧရိယာမှ ကော်မတီများ ထားဝယ်စီမံကိန်းဟု ပြောလျှင် ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်ကို လက်ရှိအကောင်အထည်ဖော်နေသည့် နဘုလယ်ဒေသကို လူသိများသည်။

ထားဝယ်စီမံကိန်းအား စတင်ဆောင်ရွက်ပြီး သုံးနှစ်ကျော်အကြာ ၂၀၁၂ ခုနှစ် ဇွန်လ ၁ ရက်နေ့တွင် ထားဝယ် ရေနက် ဆိပ်ကမ်းနှင့် စက်မှူဇုန်ဧရိယာအတွင်းရှိ ဒေသခံများ၏ လယ်ယာ ဥယျာဉ်ခြံများ လျှော်ကြေး တစ်ပြေးညီ ရရှိရေးနှင့် အခြား နစ်နာမှုများအတွက် ကူညီဆောင်ရွက်ပေးရန် ရည်ရွယ်ကာ ကော်မတီများကို ရွာပေါင်း ၁၈ ရွာ တပြိုင်တည်း ဖွဲ့စည်းခဲ့သည်။

သို့သော် ၁၈ ရွာ စုပေါင်း ကော်မတီ မဟုတ်။ တစ်ရွာလျှင် ကိုယ်စားလှယ် ၅ ဦးဖြင့် ဖွဲ့ထားသည့် သီးခြားကျေးရွာ ကော်မတီ များသာ ဖြစ်ပြီး ကော်မတီ တစ်ခုနှင့်တစ်ခု လိုအပ်သလို ကူညီပူးပေါင်းဆောင်ရွက်ကြသည်။

ဧရိယာ ကျယ်ဝန်းပြီး စုစည်းမှု အားနည်းခြင်း၊ စနစ်ကျသော အဖွဲ့အစည်း အသင်းအပင်း ပုံစံနှင့် အလှမ်းကွာခြင်း တို့ကြောင့် ထင်သလောက် အလုပ်မဖြစ်ဟု ဒေသခံများ၏ မြေယာပိုင်ဆိုင်မှု အရေးကိစ္စများ လုပ်ဆောင်ပေးနေသူ အသက် ၂၇ နှစ်အရွယ် ကိုနေထွန်းက ဆိုသည်။

“အဖွဲ့အစည်းနဲ့ စနစ်တကျလုပ်တဲ့ ကိစ္စတွေမှာ အားနည်းတယ်” အေးဆေး ရိုးရှင်းစွာ နေထိုင်သည့် ဒေသခံများ၏ ဘ၀ထဲကို ပုံစံအမျိုးမျိုးဖြင့် ၀င်ရောက် လာသည့် မြေယာ ပိုင်ဆိုင်မှု၊ လျှော်ကြေး ကိစ္စများ နှင့် သတင်း အချက်အလက် မလုံလောက် မူကလည်း ဒေသခံများကို သွေးကွဲစေခဲ့သည်။

ကော်မတီများ စတင်ဖွဲ့စည်းပြီး နောက်တွင် စီမံကိန်းနေရာ ဗွက်နစ်သောကြောင့် ဒေသခံများ အခက်တွေ့မှု၊ ဘ၀ါ ချောင်းတွင် ကျောက်ထုတ်ယူသောကြောင့် လယ်ရေ ဆုတ်သည့် ကိစ္စ၊ ချာခမ်း ချောင်းကို ပိုက်လုံးမြှုပ်ကာ မြေဖို့ ထားသဖြင့် မယင်းကြီးရွာမှ လယ်များ ရေနစ်သည့် ကိစ္စများကို အတိုင်းအတာ တစ်ခုအထိ ဆောက်ရွက်နိုင်ခဲ့သည်။

သို့သော် လျော်ကြေးကိစ္စများကို စုစုစည်းစည်း မဆောင်ရွက်နိုင်သေး။

ဇွန်လ ၁၆ ရက်နေ့တွင် ထားဝယ် ခရိုင်အုပ်ချူပ်ရေးမှုး အပါအ၀င်၊ ကျေးရွာများမှ သမာဓိ လူကြီးများ ပါဝင်သည့် သီးနှံလျှော်ကြေး သတ်မှတ်ရေးအဖွဲ့နှင့် စီမံကိန်းဧရိယာအတွင်း ပါဝင်သည့် ဥယျာဉ်ခြံ ပိုင်ရှင်များ၏ သဘောတူညီချက်ဖြင့် သတ်မှတ်ခဲ့သည်ဟု ဖော်ပြသော်လည်း မည်သည့်အဖွဲ့၊ မည့်သည့်ဌာနမှ ထုတ်ပြန်ကြောင်း တရားဝင် လက်မှတ်ရေး ထိုးထားခြင်းမရှိပေ။ ကျေးရွာ ကော်မတီများ၊ အုပ်ချူပ်ရေးမှူးများနှင့် ဒေသခံများက ယင်းအစည်းအဝေးကို ၎င်းတို့တက်ရောက်ခွင့် မရခဲ့ဟု တစ်ညီ တစ်ညွတ်တည်း ပြောဆိုသည်။

“ကျွန်တော်လည်း မသိဘူး။ ရွာသူရွာသား တွေလည်း မသိဘူး။ အုပ်ချူပ်ရေးမှူး တောင်မသိဘူး” ဟု ဘ၀ါကျေးရွာမှ ကိုစိုင်ငယ်က ဆိုသည်။

မိမိတို့အနေဖြင့် အပင်တစ်ပင် တစ်နှစ်မည်မျှ ၀င်ငွေ ဖန်တီးနိုင်၊ မည်မျှရှိသည်ကို သိရှိပြီး ယခုသတ်မှတ် လိုက်သည့် ဈေးနှုန်းသည် ဒေသခံများအတွက် မသင့်တော်သဖြင့် လက်မခံနိုင်၊ သဘောမတူနိုင်ကြောင်း မယင်းကြီး ကျေးရွာမှ အုပ်ချူပ်ရေးမှုး ဦးကံဝင်းက ဆိုသည်။

“ဒီဈေးနှုန်းအတိုင်း သဘောတူလိုက်ရင် ကျွန်တော်တို့ ပြာပုံတိုးပြီပေါ့” ဘ၀ါ ကျေးရွာမှ ဦးရဲအောင်က ပြောသည်။ စီမံကိန်း ဧရိယာမှ ပြောင်းရွေ့ရမည့် ကျေးရွာများကို ဘ၀ါကျေးရွာတွင် ပြောင်းရွေ့နေရာချ ထားပေးမည်ဖြစ်ပြီး ယင်းနေရာ တွင် မြို့ကွက် ဖော်လျက်ရှိသည်။

ယခု ထုတ်ပြန်သတ်မှတ်လိုက်သည့် လျှော်ကြေး စာရင်းသည် ကရင်တိုင်းရင်းသား အများစု နေထိုင်ရာ ထားဝယ်- ထိုင်း လမ်းဖောက်လုပ်ရာ လမ်းတစ်လျှောက်ဒေသများကို ပေးလျှော်မည့် လျှော်ကြေး သတ်မှတ်ချက်နှင့် အပင်အမျိုးအစား အလိုက် သုံးဆအထိ ကွာဟမှုရှိသည်။

ဒေသခံများက သဘောမတူသည်ဟု ဆိုသော်လည်း ကျေးရွာ ကော်မတီ များအနေနှင့် တစ်စုံတစ်ရာ စုပေါင်း တုန့်ပြန်သည်ကို မတွေ့ရပေ။

“ဘာသာတရား အခြေခံနဲ့လည်းဆိုင်တယ်။ တနင်္ဂနွေ ဘုရားကျောင်းတက်သလို သောကြာ ဘလီတက်သလို ဗုဒ္ဓဘာသာမှာ ပုံမှန် စုစည်းတဲ့ ပုံစံမျိုး မရှိတာလည်း ပါတယ်” ဟု ကိုနေထွန်းက သုံးသပ်သည်။

ထားဝယ် – ထိုင်း လမ်းဖောက်လုပ် ရာဒေသမှ စုပေါင်း ကော်မတီ

ထားဝယ် စီမံကိန်း အစိတ်အပိုင်းတစ်ခုဖြစ်သည့် ထားဝယ်-ထိုင်း လမ်းဖောက်လုပ်ရာ ဒေသရှိ ကရင်တိုင်းရင်းသား အများစု နေထိုင်ရာ ဒေသတွင် ၂၀၁၁ ခုနှစ် ကတည်းက ဖွဲ့စည်းထားသည့် ၁၂ ရွာ စုပေါင်း ကော်မတီသည် ဒေသတွင်း ဖြစ်ပေါ်လာသည် ဒေသခံများ၏အရေးနှင့် သက်ဆိုင်သည့်ကိစ္စများအား စုပေါင်းညှိနှိုင်းဖြေရှင်းကြသည်။

“လတိုင်း အစည်းအဝေး ရှိတယ်။ သတင်းအချက်အလက်တွေ ဖလှယ်ကြတယ်။ ပြီးရင် ဘာတွေလုပ်သင့်တယ်ဆိုတာကို ဆွေးနွေးတယ်” ယင်း စုပေါင်းကော်မတီဝင် တစ်ဦးက ဆိုသည်။ အစည်းအဝေးကို တစ်လလျှင် တစ်ရွှာ အလှည့်ကျပြုလုပ်သည်။

ထားဝယ် – ထိုင်း လမ်းဖောက်လုပ်မှုကြောင့် ဒေသခံများ၏ ထိခိုက်မှုအတွက်လည်း ယင်းကော်မတီမှ ဦးဆောင်ကာ ညှိနှိုင်းပေးသည်။ ၂၀၁၂ ခုနှစ်၊ မေလ ၂၈ ရက်နေ့က အီတာလျှံထိုင်းနှင့် Max Myanmar မှ တာဝန်ရှိသူများ အပါအ၀င် ၁၅ ဦး၊ ကရင်အမျိုးသား အစည်းအရုံး (KNU) မှ ညှိနှိုင်းရေးမှုး ၂ ဦး၊ ၁၂ ရွာ စုပေါင်း လူထုအခြေပြုကော်မတီမှ ကျေးရွာ ကိုယ်စားလှယ်များ၊ ခြံမြေပိုင်ရှင်နှင့် ဒေသခံပြည်သူ ၅၀ ကျော် တက်ရောက်ကာ လျှော်ကြေးနှုန်း ထားများကို သတ်မှတ် သဘောတူခဲ့သည်။ ယင်းနှုန်းထားများသည် ထားဝယ်အထူးစီးပွားရေးဇုန် ဧရိယာနဘုလယ်ဒေသတွင် သတ်မှတ်သည့် နှုန်းထားထက်များစွာ သာလွန်သည်ကို တွေ့ရသည်။

ထားဝယ် ဒေသခံအများစု စိုက်ပျိုးသည့် ၈ နှစ်အထက် သက်တမ်းရှိ ရာဘာတစ်ပင်ကို ထားဝယ်- ထိုင်း လမ်းဖောက်လုပ်ရာ ဧရိယာ တွင် ၃ သိန်း ပေးလျှော် သတ်မှတ်ပြီး နဘုလယ် ဧရိယာတွင် အပင်ကြီး တစ်ပင်ကို ၁ သိန်း သတ်မှတ်သည်။

နဘုလယ် ဧရိယာတွင် လယ်မြေမှ တစ်ပါးစိုက်ပျိုးမြေအတွက် လျှော်ကြေး သတ်မှတ်ခြင်း မရှိဘဲ ထားဝယ် – ထိုင်းလမ်း ဧရိယာတွင် စိုက်ပျိုးမြေ တစ်ဧကကို ၅ သိန်း သတ်မှတ်သည်။

တောင်ကုန်း တောင်တန်းများ ထူထပ်ပြီး ယိမ်းနွဲ့ကွမ်းသီးတောများ ပေါများရာ ယင်းဒေသတွင် ကိစ္စတစ်စုံတရာ ရှိလာပါက စုစည်း အစည်းအဝေးထိုင်ပြီး စဉ်းစားကြသည့် အလေ့အထ၊ အစည်းအဝေးက ဆုံးဖြတ်တဲ့အတိုင်းလည်း တစိုက် လိုက်မတ်တတ် လုပ်ကြသည့် အလေ့အထများမှာ နဘုလယ် ဧရိယာနှင့် ကွာဟချက်ဟု ကိုနေထွန်းက ဆိုသည်။

ကရင်တိုင်းရင်းသား ခရစ်ယာန် ဘာသာဝင် အများစုဖြစ်သည့် ယင်းဧရိယာရှိ ဒေသခံများသည် တနင်္ဂနွေနေ့ ဘုရားကျောင်းတွင် ပုံမှန် စုစည်းမိခြင်းအပြင် ရိုးသားမှုနှင့် ပြတ်သားမှုကလည်း အားသာချက် တစ်ခုဟု ကိုနေထွန်းက မှတ်ချက်ပြုသည်။

“ကရင်တွေက ရိုးတယ်။ ပြတ်တယ်။ ဝေ့လည် ကြောင်ပတ်မရှိဘူး” ဒေသခံများက ပြတ်သားမှု မရှိသည့်အခါ၊ ရိုးသားမှု မရှိသည့်အခါ ဦးဆောင်ပြီး ဆောင်ရွက်ပေးရသူများမှာ အခက်တွေ့ သည်ဟု ၁၂ ရွာစုပေါင်း ကော်မတီမှ ကော်မတီဝင် တစ်ဦးက မှတ်ချက်ပြုသည်။

ထားဝယ် စီမံကိန်းနှင့် မူ

ထားဝယ် အထူးစီးပွားရေးဇုန် ဥပဒေ အခန်း ၇၊ မြေယာ အသုံးပြုခြင်းအခန်း၊ ပုဒ်မ ၃၄ တွင် စီမံကိန်းကြောင့် ပြောင်းရွှေ့ရမည့် လူနေအိမ်များ၊ အဆောက်အအုံများ၊ လယ်ယာ ဥယျာဉ်ခြံမြေများ၊ သီးပင်စားပင်များ၊ စိုက်ခင်းများကို ရှင်းလင်း ပြောင်းရွှေ့ပေးရပါက ယင်းတို့ကို ပြောင်းရွှေ့နေရာ ချထားခြင်း၊ လျှော်ကြေးပေးခြင်းတို့ကို ရင်းနှီးမြှုပ်နှံ သူက ကျခံရမည်ဟု ဖော်ပြသည်။

စီမံကိန်း အတူတူ ကုမ္ပဏီတစ်ခု တည်းမှ ပေးလျှော်ခြင်း ဖြစ်သော်လည်း လျှော်ကြေးစံ ကွဲသလို လျှော်မည့် အပင် သတ်မှတ်ချက် များသည်လည်း စံကွဲသည်။

နဘုလယ် ဧရိယာတွင် အပင်အမျိုးအစား ငါးမျိုးကိုသာ ပေးလျှော်ပြီး ထားဝယ်- ထိုင်း လမ်းတစ်လျှောက်ရှိ ဥယျာဉ်ခြံများအတွက် ပေးလျှော်မည့် အပင်အမျိုး ၂၀ ရှိပြီး ပိုမို အသေးစိပ်သည်။

အထူး စီးပွားရေးဇုန် ဧရိယာဖြစ်သည့် နဘုလယ်ဒေသအတွင်းရှိ သီးပင်စားပင် အားလုံးကို ယခုထုတ်ပြန်လိုက်သည့် ဈေးနှုန်း သတ်မှတ်ချက်တွင် ထည့်သွင်းစဉ်းစားပေးခြင်း မရှိဘဲ ရာဘာ၊ သီဟိုဌ်၊ ကွမ်း၊ အုန်း၊ ထန်း နှင့် လယ်မြေများ ကိုသာ ထည့်သွင်းထားသည်။

“သီးပင် စားပင်လို့ ဥပဒေမှာ ပြောထားပြီးပြီ။ သီးတဲ့ အပင်စားလို့ရတဲ့ အပင် အကုန်ပါတယ်လို့ နားလည်ထားတယ်” ဟု ရလိုင်ကျေးရွာမှ ဦးလေးလွင် ကဆိုသည်။

ဈေးနှုန်းများကို မည်သည့် နှုန်းစံများနှင့် သတ်မှတ်သည်၊ တက်ရောက်သည့် ဥယျာဉ်ခြံပိုင်ရှင်များသည် ရွာကို ကိုယ်စားပြုသူများ ဟုတ်မဟုတ်ကိစ္စရပ်များသည် မေးခွန်းထုတ်စရာဖြစ်နေပြီး ရွာသူရွာသားများကို ကိုယ်စားပြုသူ မပါဘဲ ရွာသူရွာသားများ သဘောတူသည့် ဈေးနှုန်းဟု ပြော၍ မရကြောင်း ထားဝယ်ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့ (DDA) ၏ ရန်ကုန် ညှိနှိုင်းရေးမှူး ဦးဘိုဘိုအောင်က မှတ်ချက်ပြုသည်။

ကနဦး ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန် ဒေါ်လာ ၈ ဒသမ ၆ သန်းရှိသည့် ထားဝယ်စီမံကိန်းတွင် အကောင်အထည် ဖော်ဆောင်ရွက်မှု လေးဖင့်နေပြီး လျှော်ကြေး စံမညီခြင်း၊ နိုင်ငံတကာ ကုမ္ပဏီများ၏ လုပ်ရည်ကိုင်ရည် နှုန်းစံနှင့် မကိုက်ဟု ဆိုကာ ဝေဖန်ခံနေရသည်။

မည်သို့ပင်ဆိုစေ ကျေးရွာကော်မတီများနှင့် ကျေးရွာ စုပေါင်းကော်မတီ၊ စံမညီသည့် လျှော်ကြေး၊ ဘာသာတရားနှင့် လူ့အဖွဲ့အစည်း၊ ရိုးသားမှု၊ ပြတ်သားမှုတို့အား နှိုင်းယှဉ်သင်ယူလျှင် နောက်မကျသေးဟု ဆိုရပေမည်။ ‘တော်တော်ကွာတာပဲ’ ဟု ကိုနေထွန်း ဆိုညည်းနေသည်။

ဟန်ထက် (Dawei Watch)

မကျေဘူး


Facebook မှ ကူးယူဖေါ်ပြ။