အကောင်းဆုံးဖြစ်အောင် ကြိုးစားလျှက်ပါ
ပေါက်ကရ ဘလော့ဂ်တွင် Post များ ပြန်တင်နေပါသည်။ အားလုံး ကျေးဇူးတင်ပါတယ်။

August 13, 2008

လွမ်းချင်းနှင့်အတူ ဖြတ်သန်းနေရသော ဘဝတကွေ့

ငါ့အသက်နှစ်ဆယ် လူ့လောကဝယ်တင့်ဖို့
တိုင်းပြည်ကိုစွန့် နယ်မြေသစ်မှာရွက်ကုန်ဖွင့်လို့နေခဲ့တယ်။

သူငယ်ချင်းတွေက မေးကြတယ်
"ငါ့ကောင် မင်းပျော်နေပြီလား" တဲ့
မဲ့ပြုံးလေးနဲ့သာ ဖြေလိုက်ရတယ်
"ပျော်ပါတယ်ကွာ"။

ဒါပေမယ့် ကိုယ့်ဝမ်းနာ ကိုယ်သာသိ
ငါ့ရင်မှာတော့ မချိပါဘူးကွာ။

ဒီမှာစားရတဲ့ထမင်း အမေနယ်ကျွေးတဲ့ပဲပြုတ်ထမင်းလောက်
ငါမမက်မောပါဘူးကွာ
Rihanna သီချင်းသံ မနက်မှာအမေ့ဘုရားရှိခိုးသံလောက်
မချိုမြိန်ပါဘူးကွာ
ဖွင့်ထားတဲ့ အဲယားကွန်း အမေခပ်ပေးနေတဲ့ယပ်တောင်လေလောက်
ငါ့ရင်ကို မအေးစေပါဘူးကွာ
နယ်မြေသစ်မှာနေသားကျပေမဲ့ ၁၈ နှစ်တာနေခဲ့တဲ့
အမေ့အိမ်လောက်တော့ စိတ်ထဲမှာမလုံခြုံဘူး။

ညဘက်ဆို စိတ်ကူးနဲ့ရူးပြီး အိမ်ပြန်ရတာလဲ
အကြိမ်ပေါင်းတသောင်းမကတော့ဘူး
ဒီတခေါက်အခြေအနေပေးရင်တော့ အမေ့ရင်ခွင်ရိပ်မှာ
တရေးလောက်တော့ အိပ်စက်ခွင့်ရချင်သေးတယ်။

အိမ်လွမ်းလို့ဆိုတဲ့ သီချင်းသံများရယ်
ကျေးဇူးပြုပြီး ငါ့ရှေ့မှာ မဆိုပါနဲ့တော့လားကွယ်။

၁၃.၈.၂၀၀၈ မနက် ၃ နာရီ ၂၂ မိနစ်
(ကျွန်တော့်အိမ်ကို လွမ်းလို့ အိပ်မရတာနဲ့ ထရေးလိုက်တဲ့ ကဗျာလေးပါဗျာ)

ဘာဘူကြီး

August 12, 2008

အလွမ်း

ကြယ်တွေတောင်ခစားရတဲ့
ခင်တွယ်သူရဲ့ အပြုံးကို
ကဗျာတစ်ပုဒ်နဲ့ ပုံဖေါ်ရင်း
အရိုးဆုံးနှလုံးအိမ်မှာ ထွင်းထုထားတယ်…..

လောကဓံတွေ... နိယာမတွေနောက်မလွှဲသာလိုက်နေလဲ
ငှက်ကလေးရဲ့အိမ်ပြန်ချိန်ရောက်ရင်
ဖွဲ့နွဲ့မရတဲ့ အနက်ရှိုင်းဆုံးထဲမှာ
သူ့ရင်ခွင်ဆီပြန်ချင်တာ ဘယ်သူမှမမြင်တဲ့အနာတစ်ခုပါ…..

"ကိုငှက်ကြီး" ရဲ့ ''မငြိမ်းသောမီး'' ထဲ
အကြိမ်ကြိမ်... အခါခါခုန်ဆင်းရင်း
အိမ်မက်မက်တဲ့ညတိုင်း
''အလုပ်များတယ်'' ဆိုတဲ့ သူ့ကိုဖွေရှာရင်း
ငါ့မနက်ခင်းတိုင်းက ခရမ်းရောင်အပြည့်နဲ့ပေါ့…..

ဝေးနေတဲ့ရာသီမှာ လက်သီးကိုဆုတ်ရင်း
တင်းခဲ့ရတဲ့ ''မာန်'' က
တို့ထိကစားတဲ့ မျက်လုံးဝိုင်းတွေထဲ
တသောသောကြွေကျတော့
ဖွေရှာမိတဲ့အဓိပ္ပါယ်က
အလွမ်းပါတဲ့ ............။

lesson.101

August 10, 2008

ဝယ်ပါလား

ဆေးပြင်းလိပ်ကို ပါးစပ်တွင်ခဲလျက် လူကြီးတစ်ယောက် ဟော်တယ်ထဲမှ ထွက်လာသည်။
တိုက်တိုက်ဆိုင်ဆိုင် ၎င်းအနားရောက်နေသော ဆရာဝန်က မေးသည်။
"မသိလို့ မေးပါရစေ၊ လူကြီးမင်း သောက်နေတဲ့ ဆေးပြင်းလိပ်တစ်လိပ်ကို ဘယ်လောက်ကျသလဲ ခင်ဗျာ"
"ဆယ်လိပ်လောက်ရှိမယ်"
"အင်း.. တွက်ကြည့်လိုက်ရင် တစ်နေ့ကို ဒေါ်လာတစ်ရာဖိုးပေါ့၊ တစ်နှစ်ဆိုရင် ဘယ်လောက်ကျမလဲ။
လူကြီးမင်းသာ ဆေးလိပ်ဖြတ်လိုက်ရင် နှစ်အနည်းငယ်အတွင်းမှာ ဒီဟော်တယ်ကို ဝယ်နိုင်လောက်အောင်အထိ ပိုက်ဆံစုမိနိုင်တယ်ဗျ"
"ခင်ဗျား ကိုယ်တိုင်ကော ဆေးလိပ်သောက်သလား"
"ဟင်းအင်း... တစ်ခါမှ မသောက်ကြည့်ဖူးဘူး"
"အဲဒါဆို ကျွန်တော်ပိုင်တဲ့ ဒီဟော်တယ်ကို ခင်ဗျားဝယ်လိုက်ပါလား"

ကောင်းကောင်းလုပ် ပေးမှပေါ့

သွားကုဆရာဝန်က
မိတ်ဆွေရှေ့တွင် ငြီးတွားနေသည်။

"လွန်ခဲ့တဲ့ နှစ်ရက်က
ကျွန်တော့်ဆီ လူနာတစ်ယောက် လာတယ်၊
မနေ့က တစ်ယောက်မှ မလာဘူး၊
ဒီနေ့တော့ ပိုတောင်ဆိုးသေးတယ်"

"ခင်ဗျားစကားကလည်း ပဟေဠိဆန်နေပါလား"
"ဒီလိုလေ၊ လွန်ခဲ့တဲ့ နှစ်ရက်က လာတဲ့လူနာကို
ကျွန်တော်သွားတစ်ချောင်း စိုက်ပေးလိုက်တယ်၊
ဒီကနေ့ အဲဒီသွား မပါဘဲ ပြန်ရောက်လာပြီး
သွားစိုက်ခ ပိုက်ဆံပြန်တောင်းတယ်ဗျာ".............

အချစ်နဲ့ နေရာ

ငါက မြေပြင်
မင်းက မိုးကောင်းကင်ဆိုပါစို့
မင်းအလိုရှိရင်
ကောင်းကင်တမွတ် ကြယ်ကိုဆွတ်ဖို့ တက်လာမှာပေါ့
အချစ်ကလေး။

ငါက မိုးကောင်းကင်
မင်းက မြေပြင်ဆိုပါစို့
သမုဒ္ဒရာကြမ်းပြင်ထိ ရောက်ချင်ရောက်နေပါစေ
မင်းဘယ်မှာနေနေ အရောက်လာခဲ့မှာပေါ့
အချစ်ကလေး။

မင်းကမြေပြင် ငါက မိုးကောင်းကင်ဆိုပါစို့
အချစ်ကလေး
ငါ့အချစ်က နေရောင်ခြည်လို မင်းကို ပက်ဖြန်း
လင်းလက်နေမှာပေါ့

မျက်လုံးပေါင်း တစ်သောင်းနဲ့ မင်းကို အမြဲကြည့်နေတော့
မိုးကောင်းကင်ကြီး ကျိန်းစပ်သွားတဲ့အထိ၊ ကမ္ဘာကြီး
လောင်မြိုက် ပျက်စီးသွားတဲ့ အထိပေါ့။

ငါဘယ်နေရာရောက်နေနေ၊ အထက်ရောက်ရောက်၊
အောက်ရောက်ရောက် တခြားနေရာတွေ ရောက်ရောက်
မင်းဘယ်နေရာရောက်နေနေ၊ ငါ့အသည်းနှလုံးက
မင်းကို အမြဲ ချစ်နေမှာပေါ့။

ဂျေ၊ ဆီလ်ဗက်စတား

August 7, 2008

သူငယ်ချင်း

အစကတော့မင်းနဲ့ငါနဲ့က သူငယ်ချင်းဆိုတဲ့
အဖြူရောင်စကားလုံးလေးရဲ့ အောက်မှာ
ရိုးသားစွာနဲ့ ခင်မင်ခဲ့ကြတယ်.....

အချိန်တွေကြာလာတော့ မင်းရဲ့ချိုသာတဲ့
စကားလုံးလေးတွေက ငါရဲ့ရင်ခုန်သံတွေကို
အသက်သွင်းခဲ့တယ်.....

ဒါပေမဲ့ ငါ့ရဲ့ရင်ခုန်သံတွေကို ငါဥပက္ခာပြုခဲ့တယ်
ဘာကြောင့်လဲဆိုတော့ မင်းမှာ ငါ့ထက်ပိုချစ်ရမဲ့
ချစ်သူရှိနေခဲ့တယ်လေ.....

ငါမင်းကိုပိုင်ဆိုင်ချင်ပေမဲ့ မင်းသိပ်ချစ်တဲ့မင်းရဲ့
ချစ်သူနဲ့လည်း မင်းကို မပြတ်စေချင်ပါဘူးကွာ
မင်းကိုငါ မခံစားစေချင်ဘူး.....

အဲဒါကြောင့် ငါ့ရဲ့ရင်ခုန်သံတွေကို မင်းမကြားအောင်လို့
အတတ်နိုင်ဆုံး ငါ့ကိုငါ ထိန်းချုပ်ခဲ့တယ်
မင်းအတွက်ပါ.....

ငါမင်းရဲ့အနားမှာပဲ မင်းရဲ့အခင်မင်ဆုံး
သူငယ်ချင်းတစ်ယောက်အနေနဲ့
မင်းလိုအပ်သမျှကိုဖြည့်ဆည်း
သွားပါ့မယ်
သူငယ်ချင်းရယ်.....

ငါ့ဘဝမှာ
မင်းပျော်ဖို့က
အဓိကပါ.......................................သူငယ်ချင်း

ဆူးရှ

August 5, 2008

မုန်းတယ်

မုန်းတယ်
မျက်လုံးလေး ပေကလပ်နဲ့ မသိတတ် ယောင်ဆောင်ရင်း
ရှိသမျှ အရာအားလုံးကို hack သွားတတ်သူတွေကို…

မုန်းတယ်
ပေးဆပ်နေပါတယ်လို့ တဖွဖွပြောရင်း
မသင့်တော်တာတွေ တောင်မှ မတရားသဖြင့် ရယူသွားတတ်သူတွေကို…

မုန်းတယ်
ကူညီပါရစေလို့ တဖွဖွပြောရင်း
မတန်တဆ ချောက်ချတတ် သူတွေကို…

မုန်းတယ်
ကယ်တင်နေပါတယ်လို့ တဖွဖွပြောရင်း
မသေမချင်း အထပ်ထပ် ညှင်းပန်း နှိပ်စက်ရက် သူတွေကို…

မုန်းတယ်
ပျိုးထောင်ပေးနေတာပါလို့ တဖွဖွပြောရင်း
နာလန်မထူနိုင်အောင် အညွန့်ချိုးတတ်သူတွေကို…

မုန်းတယ်
ပုခုံးနဲ့ ထမ်းလို့ ရှာကျွေးနေပါတယ် ပြောရင်းနဲ့
ပါးစပ်ဖျားက ထမင်းလုတ်ကို ပုတ်ချလုစားတတ်သူတွေကို…

မုန်းတယ်
ကာကွယ်ပေးနေပါတယ် ပြောရင်းနဲ့
လောကစစ်တုရင်ခုံပေါ်မှာ ထိုးကျွေးသွားတတ်သူတွေကို…

တစ်ခုတော့ ဖြေသာပါတယ်လေ
လုပ်တိုင်းမဖြစ်တဲ့ အနတ္တသဘောက
သူတို့ကိုပါ ပြန်လည်စောကြောသွားလေရဲ့
အကြွေးဆိုတာ ဂိတ်ဆုံးယူပြီးရင်
အတိုးကြီးကြီးနဲ့ ပြန်ဆပ်ရမြဲမို့…..

KhunMyaHlaing

August 4, 2008

ငါရဲ့ကောင်းကင်

လူသားတွေရဲ့အပေါ်မှာ ........
အမြဲတမ်းအုပ်မိုးထားတဲ့အရာဟာ မိုးကောင်းကင်ကြီးဆိုရင်
ငါ့ဘ၀ရဲ့ အချိန်တိုင်းကို အမြဲစိုးမိုးထားတဲ့ မင်းဟာ…..
ငါ့ရဲ့ကိုယ်ပိုင်ကောင်းကင်လေးတစ်ခုပေါ့။

မိုးကောင်းကင်ရဲ့ အရိပ်အောက်မှာ
လူသားတွေပျော်ရွှင်စွာ နေထိုင်ခွင့်ရကြသလို
ငါလည်းမင်းရဲ့ ကြင်နာမှုအရိပ်အောက်မှာ
ငြိမ်းချမ်းစွာနဲ့ ခိုလှုံပါရစေ။

ငါ့ရဲ့ကောင်းကင်ရယ် ......
ရက်စက်မှုတိမ်ညိုတွေမချယ်မှုန်းလိုက်ပါနဲ့
စူးရှတဲ့ မင်းမျက်ဝန်းတွေအောက်မှာ
ငါဟာအခါခါကျရှုံးခဲ့သူပါ။

ငါ့ရဲ့ကောင်းကင်ရယ် …..
ပိုင်ဆိုင်ခွင့် ရဖို့အထိမမျှော်လင့်ရဲပါဘူး
ရပ်တန့်ငေးမောခွင့် ရရင်တောင်ကျေနပ်နေမှာပါ။

တစ်ကယ်ဆို......
ငါဟာ.......
မင်းတစ်ယောက်တည်းကိုပဲ ရူးသွပ်စွာ စွဲလမ်းနေခဲ့မိတာပါ။

zattlike

August 3, 2008

Never Forget! 8.8.88

မျိုးချစ်မြန်မာဘလော့ဂ်မှ ကူးယူတင်ပြ...