အကောင်းဆုံးဖြစ်အောင် ကြိုးစားလျှက်ပါ
ပေါက်ကရ ဘလော့ဂ်တွင် Post များ ပြန်တင်နေပါသည်။ အားလုံး ကျေးဇူးတင်ပါတယ်။

September 26, 2009

September 9, 2009

I think I Love You

September 2, 2009

Mae Ya Water Fall

မယ်ရရေတံခွန်က ချင်းမိုင်မြို့မှာ အမြင့်ဆုံး ရေတံခွန်တခု ဖြစ်ပါတယ်။



မယ်ရရေတံခွန်မှာ ရေကူးလို့ မရဘူးလို့ပြောတယ်။ ဒါပေမယ့် အောက်က ပုံမှာ လူမိုက်လေးတယောက် ရေထဲမှာ အိပ်နေပါတယ်။ အဲဒီလူမိုက်လေးက ရှေ့မကြည့်နောက်မကြည့်ပဲ တဇွတ်ထိုးလုပ်တတ်ပါတယ်။ တူတူသွားတဲ့ သူတွေ တယောက်မှ မကူးဘူး။ လူမိုက်လေး တယောက်ပဲ ကူးတယ်။ (အဲဒီမှာ ရေမကူးရဘူးလို့ စာရေးထားတဲ့ ကျန်တဲ့သူတွေက တွေ့ပြီး လူမိုက်လေးတယောက်ပဲ မတွေ့ဘူး ဟီးဟီး..)

July 25, 2009

Royal Garden photos


November 23, 2008

November 7, 2008

ဝေးခဲ့ပြီပဲ .....

သိပ်ချစ်တဲ့ အကြောင်းတွေကို
နင်သိအောင် ပြောပြချင်လိုက်တာ။
တစ်ခြားတစ်ယောက်ရဲ့ ဘေးမှာ.....
ရယ်မောနေမဲ့ နင့်ရဲ့ပုံရိပ်ကို တွေးမိရင်
ရင်တစ်ခုလုံး နာကျဉ်ရတယ်။

ဝေးခဲ့ပြီပဲ.....
မယုံကြည်နိုင်လောက်အောင် အံ့သြပေမယ့်.....
နင်ပေးခဲ့ဖူးတဲ့ မျှော်လင့်ချက်တစ်ခုနဲ့.....
နင်ပြောခဲ့ဖူးတဲ့ အချိန်တန်ရင်.....
ပြန်လာမယ် ဆိုတဲ့ စကားတစ်ခွန်း.....

ချစ်သူ.....
ငါ ယုံကြည်စွာ... မျှော်လင့်ဆဲပါ။

chawchawnge

November 1, 2008

လွမ်းမှုန်ဆမ်းတဲ့ည

တမ်းတမ်းတတ လွမ်းနေရခိုက်တိုင်းမှာတောင်
လှိုက်မောရှိုက်ဖို......နင့်...ကို ချစ်နေသေးရဲ့...
ညသန်းခေါင်ကြီးကလည်း...အူကြောင်ကြောင်နဲ့
ကိုယ့်ဘေးနားလာရပ်...မှောင်ရက်မတ်တပ်ကြီး....
ကော်ဖီခွက်လေးအရှေ့မှာ......ကဗျာတစ်စလေးနဲ့အတူ
ကိုယ်ကို...ကူပြီးလွမ်းပေးနေကြတယ်။
သောကြာအရပ်ကို လှမ်းငေးတော့...
ကြယ်စင်တွေ ဖွေးဖွေးဝေ့ဝေ့ပြေးလို့...ကိုယ့်ချစ်သူလေး
စာကြည့်စာပွဲလေးပေါ်မေးတင်...
ကိုယ့်ကို မလွမ်းဘဲ....၊
သင်ရိုးကျမ်းချက်တွေကိုသာ ကျေညက်အောင်
မှတ်သားလေ့ကျင့်နေပါကွယ်။
ဒီဆောင်းရက်စွဲတွေကို
ငါ...နင့် အပြုံးတစ်ပွင့်နဲ့တင်
ကျော်ဖြတ်ထားဝံ့တာပေါ့.....
ဒီလို...
တမ်းတမ်းတတ လွမ်းနေရခိုက်တိုင်းမှာတောင်
လှိုက်မောရှိုက်ဖို......နင့်...ကို ချစ်နေသေးရဲ့...

ဘုန်းသန့်ခန့်

October 21, 2008

October 19, 2008

ကျွန်တော်နှင့် ကြယ်ကြွေသတို့သမီး

ရှိသမျှသစ်ပင်တွေအားလုံးတ၀ုန်းဝုန်းလဲ ပြိုနေတဲ့တောအုပ်ကို မီးလက်တစ်ဆုပ်နဲ့သာလှမ်းပက်လိုက်ပါတော့ တန်ခိုးရှင်ရယ်.....
ရပ်တန့်ခြင်းနဲ့မခိုင်မာရင် လှဲပြီးသာနေလိုက်ချင်တာ ကျွန်တော့်ရဲ့သဘာဝပါ.....
သူ့ကိုမြတ်နိုးမိကတည်းက ကိုယ့်ကိုကိုယ်မင်နီပြန်တားရင်းရင်ထဲမှာရဲဗလောင်းခတ်နေခဲ့ပြီပဲ......
ငါဟာမငိုတတ်ပေမယ့် ဝမ်းနည်းစရာရှိရင်တော့ ၀မ်းနည်းတတ်တဲ့သာမာန်လူငယ်ပါ.....
ငါ့ကိုခေါ်ပါ.....
မိန်းကလေး.....
မင်းခေါ်ရင်တောင်နဲ့တိမ်ကို ငါကျော်ပြီးလိုက်ခဲ့ချင်ပါတယ်......
ဘာမှမထူးခြားတဲ့ပုံမှန်ဖြစ်ရပ်တွေနဲ့ပဲ ကျွန်တော့်ဘ၀လေးအက်ကြောင်းထပ်နေတယ်.....
ကျွန်တော်ကသူ့ကိုချစ်တယ်.....
သူကသိတောင်မသိဘူး.....
ဒီလိုနဲ့ပဲ နေ့တွေညတွေထပ်မံကုန်ဆုံးသွားတယ်.....
ကျွန်တော်လည်းနေမြင့်လေရင်ပွင့်လေဖြစ်လာပါရော.....
သူ့ကိုကျွန်တော်သိပ်ချစ်တယ်ဆိုတာ သူသိစေချင်တယ်.....
တံစဉ်ကိုင်ထားတဲ့ လယ်သမားရဲ့ရှေ့မှာစပါးပင်လေးခါးကိုင်းပေးပြီး အခုတ်ခံရသလိုမျိုးရိုကျိုးသိမ်မွေ့စွာ ကျွန်တော်ချစ်သွားမှာပါ.....
စံပယ်တွေအရူးအမူးကြွေနေကြတယ်.....
မြေပြင်ညိုတွေလည်းပတ်ကြားအက်ကွဲနေရဲ့.....
လမ်းပေါ်မှာငါတစ်ယောက်တည်း.....
(သံ.....ဇဉ်)ရေ.....
ငါခပ်ရင့်ရင့်ကြေကွဲနေတယ်.....

(ကျွန်တော်နှင့် ကြယ်ကြွေသတို့သမီးမှ)
winyoesoon.tyz

October 13, 2008

မွေးရပ်မြေရဲ့ အကြောင်း

ဒီစာကိုတော့ သူငယ်ချင်းတစ်ယောက်က အီးမေးလ်ကို ပို့ပေးလိုက်လို့ ပေါက်ကရဘလော့ဂ်လေးမှာ တင်ပြပေးထားပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်..။

ကမ္ဘာအနှံ့က “ရွှေ” .. တံဆိပ်လော်စပီကာတွေ
ကူပါ ကယ်ပါ တကြော်ကြော်အော်နေရတဲ့
ကျွန်တော်ရဲ့ မွေးရပ်မြေအကြောင်းနဲ့
ခင်ဗျားတို့ နားထဲကို သံရည်ပူ လောင်းပါရစေ။

ဆရာဝန်တွေက ဆေးရောင်း
အင်ဂျင်နီယာတွေက ဈေးရောင်း
တော်သူတွေအကုန် ဘေးဂျောင်း
လူငယ်တွေ အကုန် အတွေးစောင်း
ခွင်ရှာနိုင်မှ သူဌေးလောင်း ဖြစ်နိုင်မယ်။

အစိုးရကအစ သူခိုးဓားပြတွေဆို
ပေါင်းစားတတ်ရင်တော့ မိုးကျရွှေကိုယ်
တိုင်းပြည်တစ်ခုလုံး ပိုးကျနေလို့
သူများဆီမှာ ကျွန်ခံဖို့ Go ကြပေဗျို့။

ညာဥ့်ငှက်မလေး တစ်ယောက်က ဖောက်သည်မျှော်
ဈေးသည်မလေးတစ်ယောက်က ဝယ်သူမျှော်
အကြွေးပင်လယ်ကြီးထဲ ကယ်သူမပေါ်
ခေတ်ကြီးကိုက လည်သူဆော်
ရှေ့နောက် မစဉ်းစားမိခဲ့တဲ့ မောင်နှံ
မွေးလာမယ့် ကလေးကတော့ အချောင်ခံ။

ဂျာနယ်တွေက အတင်းအဖျင်း ရောင်းစား
လူပွဲစားတွေက အချင်းချင်း ရောင်းစား
လူတစ်ချို့က လမ်းမတွေပေါ်မှာ တောင်းစား
ကလေးငယ် တစ်ယောက် မျက်နှာငယ်လေးနဲ့ ကျောင်းသွား
ပါရာဒို တစ်စီးက ဗွက်တွေ စင်အောင် မောင်းသွား
ငါတို့ ငိုသံတွေကို
အိမ်နီးချင်းနိုင်ငံတချို့က မကြားချင်ယောင်ဆောင်နေကြတယ်။
ဖျာခင်းချင်သူ တချို့ကလည်း သနားချင်ယောင်ဆောင်နေကြတယ်။

မီးခဲကိုင်ထားရသလိုပဲဆိုတဲ့ စေတနာရှင်တို့၊
ဦးတည်ချက် ဆယ့်နှစ်ရပ်နဲ့ လူ့ပြည်ကို ဖျက်နေတာလား။
ခင်ဗျားတို့ စကားလုံး ကြီးကြီးတွေက ကော်ပီ သံစဉ်ပါ။
တပြည်လုံးလည်း နားညဉ်းနေပြီ.. အော်ဂလီ ဆန်ချင်စရာ။

ကိုယ့်ကိုယ်ကို ပြန်ကြည့်မိတော့လည်း
မနှစ်ကလည်း ဒီနေရာ
ဒီနှစ်လည်း ဒီနေရာ
့ရပ်နေလည်း ဒီလောက်
ပြေးသွားလည်း ဒီလောက်မို့
ငါ့ခြေထောက်တွေကတောင် ငါ့ကို ပြောတယ်။
သူတို့ဆက်မလျှောက်ချင်တော့ဘူးတဲ့။
ငါ့လက်တွေကလည်း သစာဖောက်ပြန်တယ်။
အရှုံးပေး လက်မြှောက်ပြီး ထောက်ခံတယ်။

ဒီလိုနဲ့...
စိတ်ထဲမှာပဲ သိမ်းထားနေရတဲ့ အိပ်မက်တွေလည်း ခေါက်ရိုးကြေ။
ဖြစ်ချင်တာနဲ့ ဖြစ်လာတာတွေက ဇောက်ထိုးတွေ။
လူ့သက်တမ်း တစ်ဝက်ကျိုးပြီဆိုတဲ့ အချက်ပေးသံတွေလည်း မြည်လာပြီ။
ကျန်တဲ့သက်တမ်း တစ်ဝက်ကို ဆက်လျှောက်လှမ်းဖို့တောင် အီလာပြီ။
“ဆန်တစ်ပြည်ကို ၁၅၀၀ တောင်” အဲဒါ အဘွားညဉ်းတဲ့အသံ။
“မြန်မာပြည်ဟာ ဘယ်သူမှ မနေချင်ကြတော့တဲ့အရပ် ဖြစ်သွားပြီ” အဲဒါ ခါးသီးတဲ့ အမှန်။

ဒီကြားထဲ...
နာဂစ်က တစ်ချက်မွှေ့
ဧရာဝတီက လူတွေခမျာ အသက်စေ့
တချို့လူတွေကလည်း အကွေရွှေ့
အစိုးရ ကုလားထိုင်ကတော့ တချက်မရွေ့
မြန်မာပြည်ကြီးကတော့ ဝမ်းဗိုက်ဟောင်းလောင်းနဲ့ အခက်တွေ့။
အစိုးရကအစ သူခိုးဓားပြ တွေဆို
ပေါင်းစားတတ်မှ မိုးကျရွှေကိုယ်
တိုင်းပြည်တစ်ခုလုံး ပိုးကျနေလို့
သူများဆီမှာ ကျွန်ခံဖို့ Go ကြပေဗျို့။