အကောင်းဆုံးဖြစ်အောင် ကြိုးစားလျှက်ပါ
ပေါက်ကရ ဘလော့ဂ်တွင် Post များ ပြန်တင်နေပါသည်။ အားလုံး ကျေးဇူးတင်ပါတယ်။

July 14, 2008

မချစ်တက် မမုန်းတက်တဲ့သူ

သက်ရှိသက်မဲ့
ဘယ်အရာကိုမဆို

တဏှာနဲ့ချစ်ရင်
စိတ်ပူလောင်ရတယ်၊
သဒ္ဒါမေတ္တာနဲ့ချစ်ရင်
စိတ်အေးချမ်းရတယ်။

ဒေါသနဲ့မုန်းရင်
စိတ်ဆင်းရဲရတယ်၊
သတိဥာဏ်နဲ့မုန်းရင်
စိတ်ချမ်းသာရတယ်။

တဏှာနဲ့မချစ်တက်တဲ့သူ
ဒေါသနဲ့မမုန်းတက်တဲ့သူ
ဘ၀တိုင်းဖြစ်ရပါစေ။

Just Over Doze

လက်ဆောင်ရထားတဲ့ “အရှင်ဆန္ဒာဓိက” ရေးသားတော်မူထားတဲ့ “မချစ်တက် မမုန်းတက်တဲ့သူ” စာအုပ်ထဲကပါ

ပြောချင်တာတွေ

ဘာအလုပ်ပဲလုပ်လုပ်
ကိုယ်ချင်းစာတရားနဲ့
ဆင်ခြင်တုံတရားကို
ရှေ့တန်းတင်ရပါမယ်။

ကိုယ်အလုပ်ကြောင့်
သူတစ်ပါးကောင်းကျိုး
မထိခိုက်မဆုံးရှံးမှ
ကိုယ့်အလုပ်ကြောင့်
သူတစ်ပါးလိုအပ်ချက်
ကွက်တိပြည့်စုံသွားမှ
ကိုယ့်အလုပ်ရဲ့အရည်အသွေး
မွှေးပျံ့သန့်စင်
ကြီးကျယ်မြင့်မြတ်နိုင်ပါတယ်။

အရှင်ဆန္ဒာဓိက

July 12, 2008

တကယ်…

တကယ်…..
ငါအခုတလော ဘာတွေဖြစ်နေမှန်းမသိ
မင်းရဲ့ အပြုံးလေးတွေကို ဆတိုးပွားစေချင်တဲ့
ဆန္ဒတွေ ဖြစ်နေတယ်…..

ငါရဲ့ နှလုံးသားလည်း
မိုဘိုင်းဖုန်း ကိုင်ပြီး
ဂြိုလ်တုနဲ့ ရောနှောပြီးလာတဲ့
မင်းလေးရဲ့ အသံနဲ့ SMS ကို
မျှော်လင့်တောင်တနေမိတယ်…..

Jaidev (အိပ်မက်များ ၀ဘ်ဆိုက်မှ ကူးယူတင်ပြ။)

July 8, 2008

Music

Love




Miss You



Thank You

July 7, 2008

ကဗျာ....

၁ နှစ်ပတ်လုံး
၂ လုံးသားမှာ
၃ သပ်ကြည့်တော့
၎ လံလှတဲ့
၅ ရဲ့စိတ်မှာ
၆ ကပ်နေလို့
၇ အားတွေနဲ့
၈ ရှားပင်လို
၉ ကွယ်ခဲ့တယ်
၁၀ ကမ္ဘာထိတိုင်...ချစ်... မယ်

လင်းယုန်

July 6, 2008

June 29, 2008

April 2, 2008

အချစ်ရဲ့ စွမ်းအား

မိဘမသင်ပေးတဲ့ ပညာ
မေ့မရတဲ့ နိုဝင်ဘာ ၁၉
သံချေးတက်နေတဲ့ ငါ့ရဲ့အတွေး
ခေတ်နောက်ကျခဲ့တဲ့ ငါ့စတိုင်လ်
အသက်ရှူလျက်နဲ့ သေနေသောသူမို့
အထီးကျန်တဲ့ ငါ့ရဲ့နှလုံးသား
အိုး… အလွမ်းတွေနဲ့ မဆုံးတတ်တော့ပါလား။

စာကြည့်ဘို့ ကြိုးစားတော့ မင်းဟာငါ့ကိုမူးယစ်စေ
ကဗျာရေးဘို့ ကြိုးစားတော့ ကာယာမညီတဲ့ မင်တံ
ကက်ဆက်နားထောင်ဘို့ ကြိုးစားတော့ မင်းရဲ့တေးသံချိုလေး
အိပ်ဘို့ ကြိုးစားတော့ အစိမ်းလတ်လတ် ခြောက်ခြားည
ည ၁၀ နာရီကျော်တော့ ငါ့ဝိဉာဉ်ဟာ ပျောက်ကွယ်
မနက်မိုးလင်းတော့ ကွက်လပ်ကမ္ဘာကြီး
အိုး… ငါဘာဆက်လုပ်ရမှာလဲ……
အိုး… ငါဟာ အလွမ်းသည် ဖြစ်နေရောပေါ့။

ဒေ၀ီ

March 4, 2008

ရူးနေကျ စိတ်ကူး

နမ်းမိသော ထောင်ချောက်နဲ့ ဆင်းမိတဲ့ မီးပုံက
ရင်ခုန်သံ တူတယ်။

နာရဖန်များတဲ့ အနာဟာ ကြာရင် မနာတတ်တော့တာ သဘာဝပဲ။

ငါ့အကြိုက်ကို ဖဲ့ဖဲ့မြည်းနေတဲ့ ခေတ်ကြီးက လွယ်တယ်ဆိုတာ မရှိလို့
အလွယ်တကူရတဲ့ လွယ်အိတ်ကို လွယ်ရမှာတောင် မလွယ်ချင်တော့ဘူး။

ဘက်စကားများများပြောပြီး ဘက်မှားသူတွေရဲ့ ဟာသကလည်း
မရယ်ရဘူး။

ဓါးတွေရဲ့နောက်ကျော ဓါးစိုက်ခံရတာလည်း ဘာမှမဆန်းဘူး။

လိပ်ပြာတွေက လိပ်ပြာမရှက်သလို
မျက်နှာတွေက မျက်နှာပြောင်တယ်။

ဒေါင်လိုက်တက်ရမယ့်တောင်နဲ့ အလျားလိုက်ကူးရမယ့် ပင်လယ်ပဲ ပေးပါ။

လျှောက်နေကျ လမ်းကလေးမူးနေရင် ထုံးစံအတိုင်း
ရူးနေကျ စိတ်ကူးတွေလည်း
ဟိုရောက်ဒီရောက်။ ။

မြေလတ်မောင်မြင့်သူ
(မဟေသီ မဂ္ဂဇင်း။ အမှတ် ၂၇၈၊ ဖေဖော်ဝါရီ၊ ၂၀၀၈ ခုနှစ်)