အကောင်းဆုံးဖြစ်အောင် ကြိုးစားလျှက်ပါ
ပေါက်ကရ ဘလော့ဂ်တွင် Post များ ပြန်တင်နေပါသည်။ အားလုံး ကျေးဇူးတင်ပါတယ်။

September 9, 2008

ကလေးကဗျာလေးများ....လူကြီးဖတ်ဖို့

(၁)
“ညအခါ လသာသာ
ရေနစ်သေမလား
ငတ်သေမလား”

(၂)
“တစ်၊ နှစ် ကိုနာဂစ်
သုံး၊ လေး လွတ်အောင်ပြေး
ငါး၊ ခြောက် ရေထဲရောက်
ခုနှစ်၊ ရှစ် မသာဖြစ်
ကိုး၊ တစ်ဆယ် ၀တ်ကျွတ်တယ်။”

(၃)
“ဘယ်ကလာသလည်း။
ဘယ်နယ်ကလည်း။
အလယ်ကလူ
အသားဖြူ၏။
ခင်ဗျားအလှူ
တစ်ပြားမရှုရ”

(၄)
“အစားအစာ ၀ါးစားပါ
အသားပါသလား။
ငါးပါသလား။
ဘီစကစ်ပါသလား။
ဘာပဲပါပါ ထားခဲ့ပါ။”

(၅)
“ဟိုဘက်ကမ်းက ဗိုက်ပိန်ပိန်
ဒီဘက်ကမ်းက ဗိုက်ပိန်ပိန်
အမိုးအကာမဲ့နေတဲ့
မနှင်းတို့အိမ်။”

(၆)
“ဖိုးရွှေကြီး ဖိုးရွှေကြီး
အလွန်ယုတ်တဲ့ ဖိုးရွှေကြီး
ဖိုးရွှေကြီးက မိုက်တိုင်ထူ
ခွေးအကြီးနဲ့တူ
တူပါသကွဲ့ မယုံငြား
ဒီမှာကြည့်ပါလား။”

(၇)
“တနင်္ဂနွေ၊ တနင်းလာ
ဗိုက်မှောက်မျှော်နေတာ
အဂါၤ၊ ဗုဒၶဟူး
ရောက်လုတစ်ဦးဦး
ကြာသပတေး၊ သောကြာ
တစ်ယောက်မှ ပေါ်မလာ
စနေမှာသေချာသွား ဘယ်သူမှမလာအား။”

(၈)
“မုန်တိုင်းကို စက္ကူကပ်
အကြံပက်စက် တို့အပေါ်တင်
ပလ္လင်ပေါ်က မျောက်မူး
ဆင်းမလာတော့ဘူး
အာဏာရူး
အာဏာရူးကို ခွေးတွေယက်
မှောင်မိုက်မှာအူ
အူသူတွေ အစာလုကြ
ငါတို့ကိုဆွဲ တွဲလဲ
တွဲလဲရယ် ငိုတိုင်း
မိုးတောင်ကမှိုင်း
မုန်တိုင်း……..”

(၉)
ဘဘ၀၀ ထလို့က
ဘဘနိုင်ပြီဗျ
ကပါကပါ ဘဘရာ
ဘဘခေတ်လေဗျာ
မဲလိမ်တွေကို အမှန်ပြ
ဘဘအကြံပိုင်ပါ့။
သူများတွေ မသာဖြစ်တာ
ဘဘနဲ့ မဆိုင်ပါ
မုန်တိုင်းတွေ ဘယ်လိုသည်းသည်း
ဘဘနိုင်ဖို့ပဲ။

(၁၀)
“ဘဘ၀၀ စိတ်ဓါတ်ကျ
အနောက်က Pressure ရ
သူများအကူ မယူခဲ့တာ
ဘဘစေတနာ
မလုပ်ပေးတာ တစ်ခုကလွဲ
ဘဘသတ္တိခဲ
နိုင်ငံခြားငွေမြင်သောအခါ
ဘဘစိတ်ပြောင်းလာ
အားရပါးရ လာလှူကွဲ့
ဘဘအိတ်ထဲထည့်။
ဘဘ၀၀ ထပ်လို့က
ဘဘခိုင်ပြီဗျ
လုပါယက်ပါ ဘဘရာ
ဘဘ ခေတ်လေဗျာ
မြစ်ပြင်မှာတော့ အညှီတွေထ
ပုပ်ပုပ်ပွပွ အနံ့အသက်ရ
ဘဘကတော့ ဆက်လို့က
ဘဘဘယ်တော့မှ ကလို့မ၀”

(၁၁)
“ရွာနံဘေးက ချောင်းကလေး
ဖောင်မြောလာသည်။
သားတို့လည်း မြောလာသည်။
မည်သူမျှ မဆယ်ကြ။” ….ဟင့်…ဟီး..အီး

(၁၂)
အလောင်းလေးများ ဖွေးလို့စီ
မြစ်ညှာရိုးတစ်လျှောက်ဆီ
ရေပေါ်မှာ ဗိုက်ကြီးဖောင်း
ငါတို့ ပူစီပေါင်း

(၁၃)
မြစ်ဝကျွန်းပေါ်အနီး
အကြီးစားမုန်တိုင်းဝင်နိုင်သည်။
ဝေးလွန်း၍ မပြောနိုင်ဘူးလား။
အချိန်မှီပြေးလျှင် လွတ်နိုင်ပါသည်။

kyawkyaw2

September 2, 2008

August 29, 2008

August 28, 2008

ချစ်သူ…………

နေပါစေတော့ ချစ်သူ…………
ရင်နာအောင်လုပ်ရက်ပြီးမှတော့ အားနာမှု
စာနာမှုဆိုတာ မလိုတော့ပါဘူး

ရှိပါစေတော့ ချစ်သူရယ်…….
ငါခံစားရအောင်လုပ်ပြီးမှ
စိတ်မကောင်းလိုက်တာဆိုတဲ့ စကားကိုခဏခဏ
မပြောပါနဲ့

မတည်နိုင်တဲ့ ကတိတွေအကြိမ်ကြိမ်ပေးပြီး
ငါ့ကိုမျှော်လင့်ချက်တွေနဲ့ရူးရအောင်
ဘာလို့လုပ်ရက်တာလဲ

နင်နဲ့ပတ်သတ်ပြီးထားခဲ့တဲ့ ငါ့ကတိတွေကိုတော့
ငါ့အသက်ထက်ပိုမြတ်နိုးတယ်ဆိုတာ
နင်သိအောင်မကြိုးစားတော့ပါဘူး…….


ပဒုမ္မာဝဘ်ဆိုက်ကနေပြီး ကူးယူတင်ပြထားပါတယ်.

August 25, 2008

ကာတွန်းများ (၈)

ကာတွန်းလေးတွေကိုတော့ ပေါက်ကရ ဒီဝဘ်ဆိုက်ကနေပြီး ကူးယူတင်ပြထားပါတယ်။ အဲဒီဝဘ်ဆိုက်ကို အလည်သွားဖို့ တိုက်တွန်းပါတယ်။ ပေါက်ကရတွေ့ရသလောက် ဝဘ်ဆိုက်တွေထဲမှာ ကောင်းဆုံးလို့ ပြောရမလားတော့ မသိဘူး။ အဲဒီဝဘ်ဆိုက်မှာ သီချင်း၊ ရုပ်ရှင်၊ ကာတွန်း၊ ဗေဒင်....ကြည့်ရှုနိုင်ပါတယ်။ ပေါက်ကရ ကြေငြာပေးတာပါ..ဟီး...




August 24, 2008

မရေရာခြင်း

အမိမြေကိုခွဲ
လူဖြူလူနီတွေကြားထဲက ငါ
တစ်ခါလောက် ပြန်မယ်လုပ်မိတယ်
ပြည်မြန်မာကို....။

မိသားစုနဲ့ဆုံ
အပျော်တွေမှုန်းနေတဲ့ငါ့မျက်နှာ
ပြန်ခါနီးရောက်တော့
မျက်ရည်အနိုင်နိုင်ဆည်ပြီး
ဟိုတိုင်းပြည်မှာ
ငါ့ချစ်သူတော့ရှိသေး
စိတ်ဖြေတွေးခဲ့မိတယ်...။

ဟိုကိုပြန်ရောက် ချစ်သူမှောက်ဟု
ထင်ကာရှိသေး
လေဆိပ်တွင်သာ ရလိုက်သည်က
ဖုန်းတော်ထဲမှ စာချွန်လွာ
မင်းကို မချစ်နိုင်တောပြီဟု...။

စိတ်တော်မညှိုး
ချစ်သူဆိုးကို
ငါတွေ့ဖို့ကြံ တယ်မဟန်
လျှိုလျှိုပန်မှ ဖူးမြော်ရ၏..။

ထိုမှတစ်ဖန်
အဘယ်အကြာင်း မေးမိသည်
စိမ်းကားလှစွာ
ထိုထိုအကြည့်နှင့်
ဖြေခဲ့သည်က
အချစ်ပျက်သုဉ်းခဲ့တည်းဟူ၏...။ ။

ဖြူကို

August 21, 2008

လွန်လေပြီးသောကြွေရွက်

တစတစချင်း ချည်းနင်းဝင်လာတဲ့ အမှောင်
နောက်ဆုံးစကားတစ်ခွန်းပြောဖို့ အားယူနေတဲ့
ကြွေလုဆဲဆဲ သစ်ရွက်ကလေးရဲ့
နောက်ဆုံးအချိန်
ဘယ်သူမှ မနှောက်ယှက်ကြပါနဲ့
အေးအေးလူလူ ကြွေဆင်းလိုက်ဖို့
လက်ကျန်ခွန်အားလေး ပျောက်သွားမှာစိုးလို့ပါ

အနာတရတွေများလွန်းတော့
အမှတ်တရ ဆိုတာတွေတောင် မသိချင်တော့တာ
ခွင့်လွတ်ကြပါ
သစ်ရွက်ကလေးရဲ့ဇျာပနမှာ
သူဖြတ်သန်းခဲ့တဲ့ ပုံရိပ်တွေရဲ့
ဇာတ်ဝင်ခန်း တစ်ချို့ရယ်
ငိုရှိုက်သံ တချို့ရယ်
သူမရှိတော့တဲ့နောက် အမှတ်တရကျန်နေခဲ့မဲ့
ဖုန်မှုန့်လေးတွေရယ်
အရေးအသား တစ်ချို့ရယ်
အလွမ်းသီချင်းတစ်ပုဒ်ကို ရေးဖွဲ့နေကြလေရဲ့။