အကောင်းဆုံးဖြစ်အောင် ကြိုးစားလျှက်ပါ
ပေါက်ကရ ဘလော့ဂ်တွင် Post များ ပြန်တင်နေပါသည်။ အားလုံး ကျေးဇူးတင်ပါတယ်။

April 10, 2010

သခင်

မေတ္တာရွှေဘုံ နန်းမှာ
သစ္စာ စိန်စီထားတဲ့ သဲပုလ္လင်ထက်က သခင်
မာနသိက္ခာ ခဝါချလျှက် ဦးထိပ်ပန်ဆင်
သက်လျာခင့်ကို ချစ်ပန်းသစ္စာ
ဆင်မြန်းစေချင်
အကျင်နာချစ်မိုး စေဖြိုးဝေလျှံ
အပယ်ခံ နှလုံးသားမဖြစ်လိုညားလဲ
ရှုမညီးဖွယ်ရာ သခင်မျက်နှာကြောင့်
ရွှေဘဝင်တော် ညှိုး မနွမ်းရအောင်
မသွေတိမ်းရှောင် ဆောင်ကျဉ်းပါလှည့်
အနက်ရှိုင်းဆုံး စံအိမ်ထက်ဝယ်
ကတိ သစ္စာ ကမ္ဗည်းတင်လျှက်
သခင့်အလိုကျ စေညွန်းရာကို
မျက်ရည်ပုလဲ လည်ဆွဲပမာ
ယုံကြည်မျက်နှိး အချစ်တန်ခိုးဖြစ်
ထွေးပိုက် လှည့်မည် သခင်

သဒ္ဓါခင်

April 5, 2010

နွေရယ်၊ ဥသြရယ်၊ ပန်းတောက်ရယ်၊ သင်္ကြန်ရယ်

သမုဒ္ဒရာ ဝမ်းတထွာတဲ့ 
တထွာမို့လို့ တော်သေး 
တတောင်ဆိုရင်တော့ဖြင့် 
ဝမ်းရေးအတွက် 
ရေကြည်ရာ မြက်နုရာ 
နယ်မြေသစ်ကို ရှာ 
ဇာတိမြေမှ ခွာ 
အမိအဖကို ကန်တော့ 
ရင်ကို ကော့၍ 
သလွင့်ကို ဖြတ် 
ဒေါနကို ကျော် 
သောင်ရင်းကို ကူး 
အနေထူးလို့ 
နှစ်သစ်တွေလည်း ကူးခဲ့ပြီ.....
 
ဤဒေသမှာ 
မြန်မာသင်္ကြန်အငွေ့အသက် 
တစက်ကလေးမှ မတွေ့ရပါလား 
သူတို့ ရိုးရာဓလေ့က 
တသက်မှာ မမေ့နိုင်စရာ 
ဖျော်ကာ ပေါင်တာမှုန့် 
ပါးကို သုပ်သတဲ့ 
ဒို့ယဉ်ကျေးမှုနဲ့ဆိုရင် 
ပါး-ရှစ်စိတ်ခွဲပြီပါ......
 
ဒို့မြန်မာပြည်မှာ 
လမ်းဆုံ လမ်းခွ 
ရေသဘင်မဏ္ဍပ် အယိုင်းအကနှင့် 
ငွေဖလား ပန်းတောက်ပန်းခိုင်နှင့် 
သင်္ကြန်ဖူးဆာ အပြုံးမျက်နှာနှင့် 
တူးပုံတေးသံ ဆိုကဟန်နှင့် 
ရပ်ကွက်ချင်းပြိုင် တေးမြိုင်မြိုင်နှင့် 
သင်္ကြန်ကားမြန် ရေပတ်ခံနှင့် 
ပျော်ကြပါးကြ ခါနွေလှ.....
 
နှစ်ဟောင်းက အညစ်အကြေး 
နှစ်သစ်မှာ ကင်းရှင်းစေဖို့ 
သက်ကြီးရွယ်အို ဦးခေါင်းလျှော် 
မြေးငယ်တစု ဒါနပြု 
ဇီဝိအသက် ငါးသက်စေ့ 
ဘေးမဲ့လွတ်ရာ မြကန်သာ 
သက်ကြီးရွယ်အို ဖိုးဖွားအိုတို့ 
ပတီးကိုလွယ် မြေးကို တွယ်လျှက် 
ကျောင်းကန် ဘုရား ကုသိုလ်ပွားပေါ့ 
ဥပုသ်သီတင်း စောင့်တည်ရင်း 
သေမင်းအံတု ဒါနပြု.....
 
သင်္ကြန်ကာလ ခါနွေရက် 
တရွတ် သစ်ပုတ်ပင်ရဲ့ ဇေယျာ 
ရွက်ဝါတွေ မြေမှာ ခါတော့ 
အပင်အို ကိုင်းဖျားက 
အကျင်ဖော် မဲ့ကင်း အဖော်သတင်းမဲ့ရှာတဲ့ 
နွေတေးကိုဆို အလွှမ်းပို 
အဖော်လိုတဲ့ 
နွေပန်းချီထဲက (ဥသြရယ်).....
 
ကြုံရ ဆုံရ ဤဒေသမှာ 
မြန်မာသင်္ကြန်အငွေ့အသက် 
တစက်ကလေးမှ မတွေ့ရပါသလား 
အေးမြတဲ့ မိဘအရိမ့် 
အမှေးစက်ကာ နေချင်ရှာပေမဲ့ 
ဝမ်းရေးအတွက် ထွက်ခဲ့ညားလဲ 
ဒို့များရိုးရာ အစဉ်အလာမပျက် 
သင်္ကြန်ရက်ကို 
အလွှမ်းကိုယ်စီ အတွေးကိုယ်စီနှင့် 
ရော်ရီ မှန်းဆ အမွေးဌာနမှ 
ရိုးရာဓလေ့ ဒို့ပျော်မွေ့တဲ့ 
မြန်မာ့သင်္ကြန် မြန်မာ့ဟန်ကို 
မှန်းဆ မြင်ယောင်လွှမ်းမိ တကား.....။
 
မင်းစိုး

March 16, 2010

ယောက်ျားနှင့် မိန်းမ

ပိုက်ဆံရှိတဲ့ယောက်ျား အိမ်မပြန်ချင်ဘူး
ပိုက်ဆံရှိတဲ့မိန်းမ အိမ်ထောင်မပြုချင်ဘူး။

ပိုက်ဆံရှိတဲ့ယောက်ျား မြက်နုကြိုက်တယ်
ပိုက်ဆံရှိတဲ့မိန်းမ အငယ်မွေးတယ်။

ပိုက်ဆံရှိ၊ အာဏာရှိတယ်ဆိုရင် လက်ညိုးညွှန်ရာ ရေဖြစ်တယ်။
ပိုက်ဆံမရှိ၊ အာဏာမရှိရင် လက်ညိုးညွှန်တဲ့ ရေဖြစ်တယ်။

ပိုက်ဆံရှိတဲ့ လူတွေအတွက် ဦးနှောက်ခြောက်ခြင်းဟာ လောဘကြောင့်
ပိုက်ဆံမရှိတဲ့ လူတွေအတွက် ဦးနှောက်ခြောက်ခြင်းဟာ ငွေကြောင့်။

ပိုက်ဆံရှိတဲ့ လူတွေက စကားကြီး စကားကျယ် ပြောတယ်။
ပိုက်ဆံမရှိတဲ့ လူတွေက ရီမောစရာပြောတယ်။

ယောက်ျားတွေရဲ့ အသက်အရွယ်ဟာ ရင့်ကျက်ခြင်း သက်သေ
မိန်းမတွေရဲ့ အသက်အရွယ်ဟာ ရင့်ရော်ခြင်း သက်သေ

နာမည်ကြီးချင်ရင် လွယ်ပါတယ်။ လူမုန်းတဲ့အလုပ် များများလုပ်ရုံပါပဲ။
အောင်မြင်ချင်ရင် လွယ်ပါတယ်။ လူကြိုက်တဲ့အလုပ် များများ လုပ်ရုံပါပဲ။

အောင်မြင်ဖို့ရာ လွယ်ပါတယ်။
အဲဒီ အောင်မြင်မှုကို ထိန်းဖို့ရာ ခက်တယ်။

စည်းစနစ်များသူကို လူတွေ အပြစ်မဆိုဘူး။
စကားများသူကို လူတွေ အပြစ်ဆိုတယ်။

အကောင်းဖြစ်ဖို့အတွက် အချိန်တစ်ချိန်လိုတယ်။
အဆိုးဖြစ်ဖို့အတွက် တစက္ကန့်တောင် မလိုဘူး။

February 27, 2010

ရင်ဂို (နွေလယ်မိုး) သင်္ကြန်သီချင်း

သင်္ကြန်ရောက်တော့မယ်ဆိုတော့ သင်္ကြန်သီချင်းလေး နားထောင်လို့ရအောင် တင်ပေးလိုက်ပါတယ်။ သင်္ကြန်မှာ ပျှော်ရွှင်ပါစေ....

February 22, 2010

ယောက်ျားများကို အန်စေသော မိန်းမ

၁. အစာစားလျှင် ပလပ်ပလပ်မြည်အောင် စားတတ်သော မိန်းမ
၂. ဆံပင် ရှုပ်ပွပြီး လက်သည်းများ မည်းညစ်နေသော မိန်းမ
၃. ရင့်ကျက်သယောင် ဟန်ဆောင်ပြီး ဆရာလုပ်တတ်သော မိန်းမ
၎. အသားအရည် ကြမ်းတမ်းသော မိန်းမ
၅. အခြယ်သလွန်ပြီး ခေတ်ရှေ့ပြေးသော မိန်းမ
၆. အထဲကို ဖောက်ထွင်း မြင်နိုင်လောက်အောင် အပြင်အင်္ကျီပါးပါး ၀တ်တတ်သော မိန်းမ
၇. လမ်းလျောက်လျှင် တစ်ဖပ်ဖပ် မြည်အောင်လျောက်သော မိန်းမ
၈. အသံထွက်အောင် လေချဉ်တက်ပြီး နှာခေါင်းပေါက်နှိက်တတ်သော မိန်းမ
၉. တစ်ပျစ်တောက်တောက် ရွတ်တတ်ပြီး ဖြတ်ထိုးဥာဏ်နည်းသော မိန်းမ
၁၀. မျက်စိကို ဓာတ်လွှတ်နေသကဲ့သို့ ညှိ့ကစားတတ်သော မိန်းမ
၁၁. မျက်ရည်အကျလွယ်ပြီး အငိုသန်သော မိန်းမ
၁၂. အိမ်ထောင်ကျပြီးသော်လည်း လျှပ်ပေါ်လော်လီနေတတ်သော မိန်းမ
၁၃. အသုံးအဖြုန်းကြီးသော မိန်းမ
၁၄. ခြေသလုံး တုတ်ပြီး စကပ်တို ၀တ်တတ်သော မိန်းမ
၁၅. သဘောထား သေးသိမ်သော မိန်းမ
၁၆. သရေစာ မစားဘူး ၊ ဒိုင်ယာရီ မရေးဖူးဘူးဟုဆိုသော မိန်းမ
၁၇. မိတ်ကပ်မလိမ်းတတ်ဘဲ လိမ်းထားသော မိန်းမ
၁၈. ပေါ့ပေါ့တန်တန် နေတတ်သော မိန်းမ
၁၉. ဟာသဥာဏ် မရှိသော မိန်းမ
၂၀. မြူဆွယ်တတ်သော မိန်းမ
၂၁. သူငယ်ချင်း ချစ်သူရီးစားကို ထမင်းမဖိတ်ကျွေး လက်ဆောင်မပေးဖူးသော မိန်းမ
၂၂. အပြောအဆို မတတ်သော မိန်းမ
၂၃. ယောက်ျားအများကို တုံးအတဲ့ တဏှရူးတွေဟု ထင်သော မိန်းမ
၂၄. လူအများရှေ့တွင် ခြေအိတ်ကောက်စွပ်တတ်သော မိန်းမ
၂၅. အချိန်းအတွေ့ ခံချင်ပြီး ချိန်းတွေ့ရင် ပျက်ကွက်တတ်သော မိန်းမ
၂၆. ရုပ်ဆိုးပြီး စိတ်ပါပုပ်သော မိန်းမ
၂၇. လိုအပ်သည်ထက် အ၀လွန်သော မိန်းမ

February 19, 2010

မိန်းမများကို အန်စေသော ယောက်ျား

၁. ကိုယ့်အောင်မြင်မှုကို ပါးစပ်ဖျားက မချတတ်သော ယောက်ျား
၂. ခေါင်းလိမ်းဆီကို ရွဲနစ်နေအောင် လိမ်းတတ်သော ယောက်ျား
၃. ဆီများရွဲနစ်နေသော ဆံပင်တွင် ဘောက်များကပ်နေသော ယောက်ျား
၎. ရေမချိုးဘဲ အနံ့ပြင်းသော ယောက်ျား
၅. နှာခေါင်းထဲက အမွေးများ နှာခေါင်းပေါက်အပြင်ထိ ရှည်ထွက်နေသော ယောက်ျား
၆. လေကြီးပြီး ကြွားဝါတတ်သော ယောက်ျား
၇. မိန်းကလေးများကြားတွင် မျက်နှာပန်းလှသည်ဟု ထင်နေသော ယောက်ျား
၈. အရာရာတွင် တွန့်တိုတတ်ပြီး အထူးသဖြင့် မိန်းကလေးနှင့်အပြိုင်
တွန့်တိုတတ်သော ယောက်ျား
၉. အာပုပ်စော်နံသော ယောက်ျား
၁၀. ငွေကြေးအားကိုးပြီး မြက်နုကြိုက်သော နွားအို...အဲလေ..ယောက်ျား
၁၁. လက်ရဲ ဇက်ရဲ တဏှာယောက်ျား
၁၂. မိန်းကလေးနှင့် တခါချိန်းတွေ့ပြီး ဟိုလိုလို ဒီလိုလို ထင်အောင်
ပြောတတ်သော ယောက်ျား
၁၃. ချက်အောက်ပိုင်း အရာများဖြင့် အမြဲဟာသ လုပ်ပြောတတ်သော ယောက်ျား
၁၄. မိန်းကလေးအထာ ငါနှပ်တယ်ဟု အမြဲပြောတတ်သော ယောက်ျား
၁၅. ကြမ်းတမ်းသော ယောက်ျား။ အထူးသဖြင့် ပါးစပ်ပြောရင် လက်ပါ ပါတတ်သော ယောက်ျား
၁၆. ရုပ်ကိုချစ်တာ မဟုတ်ဘူး.. စိတ်ထားကို ချစ်တာဟု မိန်းကလေးတိုင်းကို
ပြောတတ်သော ယောက်ျား
၁၇. အိုင်တွေ့တိုင်း ခြေဆေးတတ်သော ယောက်ျား
၁၈. ဘာမဆို ငါသိတယ် တတ်တယ်ဟု ထင်နေသော ယောက်ျား
၁၉. စကားပြောပြီးနောက် နုတ်ခမ်းဘေးတွင် တံထွေးမြုပ်များ ကပ်ကျန်ခဲ့တတ်သော ယောက်ျား
၂၀. သားသမီးများက တစ်ခုခုမေးလျှင် "နင်တို့အမေကို သွားမေး" ဟု ပြောတတ်သော ယောက်ျား
၂၁. ဆေးလိပ်သောက် ကွမ်းစားပြီး သွားများ မည်းညစ်နေသော ယောက်ျား
၂၂. မိန်းမ၏ စေညွှန်ရာတွင် ကနေရသော ယောက်ျား
၂၃. နိုက်ကလပ် မသွားဖူးဘူးဟု ပြောတတ်သော ယောက်ျား
၂၄. စကားတစ်ခွန်းကို ကွေ့ကောက်လိမ်ပတ်ပြီး သုံးခွန်းဖြစ်အောင် ပြောတတ်သော ယောက်ျား
၂၅. ပိုက်ဆံရှိသော မိန်းကလေးများကိုသာ ရွေးချစ်တတ်သော ယောက်ျား
၂၆. မီးဝါကို ဖြတ်မမောင်းဘဲ ကိုယ့်ကို စည်းကမ်းသေ၀ပ်သူဟု ထင်သော ယောက်ျား
၂၇. မိန်းမဆန်ဆန် ၀တ်စားတတ်သော ယောက်ျား
၂၈. အ၀တ်အစားကို တင်းကျပ်နေအောင် ၀တ်တတ်သော ယောက်ျား
၂၉. ရှိသမျှလက်ချောင်းတွင် ရွေလက်စွပ်များ စွပ်ထားတတ်သော ယောက်ျား
၃၀. အင်္ကျီကြယ်သီး သုံးလုံးအထက်ကို မတပ်ဘဲ ကိုယ့်ကို ဆက်စီလုပ်ချင်သော ယောက်ျား
၃၁. အထက်လူကြီးကို ဖားပြီး အိမ်ပြန်ရောက်လျှင် မိန်းမကို ရန်ရှာတတ်သော ယောက်ျား
၃၂. ချိန်းတွေ့တိုင်း မိန်းကလေးများကို အကုန်အကျခံစေသော ယောက်ျား

Forward အီးမေးလ်က တဆင့် မျှဝေပေးလိုက်တာပါ။ (မသိသေးသော သူတွေအတွက်)

နောက်တပိုဒ်မှာ ယောက်ျားများကို အန်စေသော မိန်မ အကြောင်းကို ပြန်ပြီးတော့ မျှဝေပေးပါမယ်။


February 3, 2010

ယောက်ကျားများကြောက်သော မိန်းမ

ဘယ်လို မိန်းကလေးမျိုးကို ယောကျာ်းများကြောက်ကြပါသလဲ။
မိန်းကလေးတိုင်း (၁၀)မျိုးထဲတွင် တစ်မျိုးမက နှစ်မျိုးပါဝင်နေမည်မှာ အေကန်မလွဲပင်။
သင်သည် ဘယ်လိုမိန်းကလေးမျိုးလဲ ကိုယ်ကို သုံးသပ်ဖူးပါသလား။

(၁) ညစ်ပတ်သောမိန်းမ
ညစ်ပတ်သောယောကျာ်းမှာ ချစ်သူရနိုင်သော်လည်း ညစ်ပတ်သော မိန်းကလေးကို
မှု နှာခေါင်းရှုံချင်ကြသည်။ မသန့်ရှင်းသော မိန်းကလေးများ၏ အိပ်ခန်းမှာ အမှိုက်ဗုံး
များပေါက်ကွဲထားသလို ကျောချစရာမရှိအောင် ရှုတ်ပွနေတတ်သည်။ ပစ္စည်းတစ်ခု
ပျောက်လျှင် လွယ်လွယ်နှင့် ရှာလို့မရတော့ပေ။ ၄င်းကဲ့သို့သော မိန်းကလေးသည်
အပြင်ထွက်လျှင် ရှုပ်ပွနေသော အိတ်ထဲမှ သော့ကို အလွယ်တကူ ရှာမတွေ့ နိုင်
တော့။ ၀တ်ထားသော အ၀တ်အစားမှာလည်း အ၀တ်လျှော်စက်ထဲက ယခုမှထုတ်
လာသည့် အတိုင်းပင်၊ ၀တ်ထားသော အနွေးထည်မှာလည်း ကြယ်သီးများပြုတ်၊
ချုပ်ရိုးများ ပြေနေတတ်သည်။ လက်သည်း ခြေသည်းများလည်း ဂျီးများနှင့် မဲနေ
တတ်ပြီး ဆိုးထားသော လက်သည်းနီများလည်း ညီညာမှုမရှိပေ။ အဆိုးဆုံးမှာ စ
ကားပြောဖို့ ပါးစပ်ဟလိုက်သည်တွင် အာပုပ်နံ့ရနေတတ်သည်။ သွားများတွင်လည်း
ဟင်းဖတ်များ ကပ်နေတတ်သည့်အပြင် နုတ်ခမ်းနီများလည် ပေကျံနေတတ်သည်။

January 19, 2010

အင်တာနက်မရပေမဲ့ ကိုယ်ရဲ့ အီးမေးလ်ထဲမှာရှိတဲ့ စာတွေကို ဖွင့်သောနည်း

ပေါက်ကရ တခါမှမရေးဖူးပါဘူး။ အဲဒါက လျှောက်ကလီရင်းနဲ့ ဖြစ်သွားတယ်ဆိုတော့ နည်းနည်းလေး မျှဝေပေးတာပါ။ သိတဲ့သူလည်း သိမယ် ထင်ပါတယ်။ တကယ်လို့ ပေါက်ကရရေးတာ နားမလည်ဘူးဆိုရင် အီးမေးလ်ကနေတဆင့် ပြန်ပေးလို့ရပါတယ်။ အီးမေးလ်က paukkayalay@gmail.com

ပထမ ဦးဆုံး ကိုယ် download လုပ်မဲ့ အီးမေးလ်ထဲကို ဝင်လိုက်ပါ။ နောက်ပြီးတော့ Setting > Offline> Enable Offline Mail for this computer ကို အစက်လေးပေးလိုက် ပြီးတော့ Save လုပ်လိုက်တာနဲ့ Install ပေါ်လာရင် နှိပ်လိုက်ပါ အဲဒါဆိုရင် Install Gears ကို Install လုပ်လိုက်ပါ ပြီးတာနဲ့ Mozilla Firefox ကို Restart လုပ်ခိုင်းလိမ့်မယ် လုပ်လိုက်ပါ။

နောက်ပြီးတော့ အီးမေးလ်ကို ပြန်ဖွင့် Setting > Offline >Enable Offline Mail for this computer ကို အစက်လေး ပြန်ပေးလိုက်ပါ Save လုပ်လိုက်ပါ။ နောက်ပြီးတော့ Next ကို သွားပြီးတော့ Desktop, Start Menu, Quick launch bar ခုထဲက တခုကို ကလစ်ပေးလိုက်ပါ (ကိုယ် save ချင်တဲ့ နေရာကို ယူလိုက်ပါ)။ နောက်ပြီးတော့ Ok ကို နှိပ်လိုက်ပါ။ အဲဒါဆိုရင် သူလုပ်လုပ်နေလိမ့်မယ် (စာများရင်တော့ ပိုကြာမယ်)။

ပြီးရင် ကိုယ် Save ထားတဲ့ နေရာကို သွားပြီးတော့ ဖွင့်လိုက်ရင် အီးမေးလ်လိပ်စာ တောင်းလိုက်မယ် (တကယ်လို ကိုယ်ရဲ့ ကွန်ပျူတာ အင်တာနက်ရနေရင် အင်တာနက်ကို ခဏပိတ်ပြီးတော့ လုပ်ကြည့်ပါ)


ဆင်ပြေပါစေ
ပေါက်ကရလေး