အကောင်းဆုံးဖြစ်အောင် ကြိုးစားလျှက်ပါ
ပေါက်ကရ ဘလော့ဂ်တွင် Post များ ပြန်တင်နေပါသည်။ အားလုံး ကျေးဇူးတင်ပါတယ်။

November 23, 2008

November 7, 2008

ဝေးခဲ့ပြီပဲ .....

သိပ်ချစ်တဲ့ အကြောင်းတွေကိုနင်သိအောင် ပြောပြချင်လိုက်တာ။တစ်ခြားတစ်ယောက်ရဲ့ ဘေးမှာ.....ရယ်မောနေမဲ့ နင့်ရဲ့ပုံရိပ်ကို တွေးမိရင်ရင်တစ်ခုလုံး နာကျဉ်ရတယ်။ဝေးခဲ့ပြီပဲ.....မယုံကြည်နိုင်လောက်အောင် အံ့သြပေမယ့်.....နင်ပေးခဲ့ဖူးတဲ့ မျှော်လင့်ချက်တစ်ခုနဲ့.....နင်ပြောခဲ့ဖူးတဲ့ အချိန်တန်ရင်.....ပြန်လာမယ် ဆိုတဲ့ စကားတစ်ခွန်း.....ချစ်သူ.....ငါ ယုံကြည်စွာ... မျှော်လင့်ဆဲပါ။chawchaw...

November 1, 2008

လွမ်းမှုန်ဆမ်းတဲ့ည

တမ်းတမ်းတတ လွမ်းနေရခိုက်တိုင်းမှာတောင်လှိုက်မောရှိုက်ဖို......နင့်...ကို ချစ်နေသေးရဲ့...ညသန်းခေါင်ကြီးကလည်း...အူကြောင်ကြောင်နဲ့ကိုယ့်ဘေးနားလာရပ်...မှောင်ရက်မတ်တပ်ကြီး....ကော်ဖီခွက်လေးအရှေ့မှာ......ကဗျာတစ်စလေးနဲ့အတူကိုယ်ကို...ကူပြီးလွမ်းပေးနေကြတယ်။သောကြာအရပ်ကို လှမ်းငေးတော့...ကြယ်စင်တွေ ဖွေးဖွေးဝေ့ဝေ့ပြေးလို့...ကိုယ့်ချစ်သူလေးစာကြည့်စာပွဲလေးပေါ်မေးတင်...ကိုယ့်ကို မလွမ်းဘဲ....၊သင်ရိုးကျမ်းချက်တွေကိုသာ ကျေညက်အောင်မှတ်သားလေ့ကျင့်နေပါကွယ်။ဒီဆောင်းရက်စွဲတွေကိုငါ...နင့် အပြုံးတစ်ပွင့်နဲ့တင်ကျော်ဖြတ်ထားဝံ့တာပေါ့.....ဒီလို...တမ်းတမ်းတတ လွမ်းနေရခိုက်တိုင်းမှာတောင်လှိုက်မောရှိုက်ဖို......နင့်...ကို...

October 21, 2008

October 19, 2008

ကျွန်တော်နှင့် ကြယ်ကြွေသတို့သမီး

ရှိသမျှသစ်ပင်တွေအားလုံးတ၀ုန်းဝုန်းလဲ ပြိုနေတဲ့တောအုပ်ကို မီးလက်တစ်ဆုပ်နဲ့သာလှမ်းပက်လိုက်ပါတော့ တန်ခိုးရှင်ရယ်.....ရပ်တန့်ခြင်းနဲ့မခိုင်မာရင် လှဲပြီးသာနေလိုက်ချင်တာ ကျွန်တော့်ရဲ့သဘာဝပါ.....သူ့ကိုမြတ်နိုးမိကတည်းက ကိုယ့်ကိုကိုယ်မင်နီပြန်တားရင်းရင်ထဲမှာရဲဗလောင်းခတ်နေခဲ့ပြီပဲ......ငါဟာမငိုတတ်ပေမယ့် ဝမ်းနည်းစရာရှိရင်တော့ ၀မ်းနည်းတတ်တဲ့သာမာန်လူငယ်ပါ.....ငါ့ကိုခေါ်ပါ..... မိန်းကလေး.....မင်းခေါ်ရင်တောင်နဲ့တိမ်ကို ငါကျော်ပြီးလိုက်ခဲ့ချင်ပါတယ်......ဘာမှမထူးခြားတဲ့ပုံမှန်ဖြစ်ရပ်တွေနဲ့ပဲ ကျွန်တော့်ဘ၀လေးအက်ကြောင်းထပ်နေတယ်.....ကျွန်တော်ကသူ့ကိုချစ်တယ်..... သူကသိတောင်မသိဘူး.....ဒီလိုနဲ့ပဲ...

October 13, 2008

မွေးရပ်မြေရဲ့ အကြောင်း

ဒီစာကိုတော့ သူငယ်ချင်းတစ်ယောက်က အီးမေးလ်ကို ပို့ပေးလိုက်လို့ ပေါက်ကရဘလော့ဂ်လေးမှာ တင်ပြပေးထားပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်..။ ကမ္ဘာအနှံ့က “ရွှေ” .. တံဆိပ်လော်စပီကာတွေ ကူပါ ကယ်ပါ တကြော်ကြော်အော်နေရတဲ့ ကျွန်တော်ရဲ့ မွေးရပ်မြေအကြောင်းနဲ့ ခင်ဗျားတို့ နားထဲကို သံရည်ပူ လောင်းပါရစေ။ ဆရာဝန်တွေက ဆေးရောင်း အင်ဂျင်နီယာတွေက ဈေးရောင်း တော်သူတွေအကုန် ဘေးဂျောင်း လူငယ်တွေ အကုန် အတွေးစောင်း ခွင်ရှာနိုင်မှ သူဌေးလောင်း ဖြစ်နိုင်မယ်။ အစိုးရကအစ သူခိုးဓားပြတွေဆို ပေါင်းစားတတ်ရင်တော့ မိုးကျရွှေကိုယ် တိုင်းပြည်တစ်ခုလုံး ပိုးကျနေလို့ သူများဆီမှာ ကျွန်ခံဖို့ Go ကြပေဗျို့။ ညာဥ့်ငှက်မလေး...

October 10, 2008

October 9, 2008

ချစ်သောသူသို့.........

နေထွက်ရာကို မျက်နှာမှုထားခိုက်မှာတောင်ငါ့ “မြောက်အရပ်ဟာ မီးလျှံတွေနဲ့ တငွေ့ငွေ့ပူနေတုန်း.....”ချစ်ခြင်းဆိုတာဝမ်းတစ်လုံးကောင်းပြီး ခေါင်းမခဲချင်သူတွေရဲ့မိုးပေါ်ထောင်ပစ်တဲ့ မြားချက်တွေပါပဲလေ။ဖြစ်နိုင်ခဲ့မယ်ဆိုရင်...“သိုးဆောင်းဂစ်တာတစ်လက်ရဲ့ မှတ်တမ်း” ကိုမင်းဖတ်ကြည့်ပါ........ ချစ်သူ......ငါတို့ အိပ်မက်ဆိုတာ တခါတခါပိုပြီးစိတ်ကူးညဥ့်နက်လာတတ်ရဲ့.......ဘေးဆွဲချထားပြီးသား လူတစ်ဦးရဲ့မီးလွင်အိပ်မက်ဟာ မင်းအကြောင်းတွေချည်းပါပဲ...၀တ်မှုန်။စကားလုံးကြားမှာ နစ်မြူးစိတ်ကူးပုံရိပ်လေးပွားယူတတ်ရုံနဲ့တင်လုံလောက်နစ်မူးနေတတ်ကြရဲ့လေ.......ကိုယ်ချစ်တဲ့သူကို ပင်ထက်ပန်းလိုတရေးရေးကြည့်ငေးမြင်ခွင့်...

October 6, 2008

ပြောနေမြဲ ပြောနေဆဲ မြောင်းထဲမှာ

ပြောနေကျ စကားလုံးထက်အတွေးအခေါ်တချို့ တူးဖေါ်ကြည့်ဖို့စာသားတချို့ရှိတဲ့ မိုးတိမ်နဲ့ရင်ဘတ်ချင်းထိဆက်ရမယ်ဟိုတစ်ခေါက်ကတွေ့ခဲ့တဲ့ အရေးသားဟာသူ့အိပ်မက်မဟုတ်ပြန်ဘူးတဲ့မြောင်းထဲက ရုန်းထွက်နေလက်တဖက်နဲ့ကမ္ဘာသစ်တစ်ခု စတင်မယ်ဆိုတဲ့အသံဟာမြောင်းထဲမှာပဲ ပြန်ကြားနေရတယ်ခုလဲပြောနေပြန်ပြီငါ့အိမ်လေးပြိုသွားပြီတဲ့အသံလာရာဘက်ကိုကြည့်တော့ ခေါက်ရိုးကျိုးနေပြီနဂိုကလဲ ဒီအတိုင်းခုလဲ ဒီလိုပါပဲပြောနေကျစကားလုံးပါပဲမြောင်းထဲမှာ နစ်နေတုန်းတဲ့။ ။janndo...

September 9, 2008

ကလေးကဗျာလေးများ....လူကြီးဖတ်ဖို့

(၁)“ညအခါ လသာသာရေနစ်သေမလားငတ်သေမလား”(၂)“တစ်၊ နှစ် ကိုနာဂစ်သုံး၊ လေး လွတ်အောင်ပြေးငါး၊ ခြောက် ရေထဲရောက်ခုနှစ်၊ ရှစ် မသာဖြစ်ကိုး၊ တစ်ဆယ် ၀တ်ကျွတ်တယ်။”(၃)“ဘယ်ကလာသလည်း။ဘယ်နယ်ကလည်း။အလယ်ကလူအသားဖြူ၏။ခင်ဗျားအလှူတစ်ပြားမရှုရ”(၄)“အစားအစာ ၀ါးစားပါအသားပါသလား။ငါးပါသလား။ဘီစကစ်ပါသလား။ဘာပဲပါပါ ထားခဲ့ပါ။”(၅)“ဟိုဘက်ကမ်းက ဗိုက်ပိန်ပိန်ဒီဘက်ကမ်းက ဗိုက်ပိန်ပိန်အမိုးအကာမဲ့နေတဲ့မနှင်းတို့အိမ်။”(၆)“ဖိုးရွှေကြီး ဖိုးရွှေကြီးအလွန်ယုတ်တဲ့ ဖိုးရွှေကြီးဖိုးရွှေကြီးက မိုက်တိုင်ထူခွေးအကြီးနဲ့တူတူပါသကွဲ့ မယုံငြားဒီမှာကြည့်ပါလား။”(၇)“တနင်္ဂနွေ၊ တနင်းလာဗိုက်မှောက်မျှော်နေတာအဂါင်္၊ ဗုဒ္ဓဟူးရောက်လုတစ်ဦးဦးကြာသပတေး၊...

September 2, 2008

August 29, 2008

August 28, 2008

ချစ်သူ…………

နေပါစေတော့ ချစ်သူ…………ရင်နာအောင်လုပ်ရက်ပြီးမှတော့ အားနာမှုစာနာမှုဆိုတာ မလိုတော့ပါဘူးရှိပါစေတော့ ချစ်သူရယ်…….ငါခံစားရအောင်လုပ်ပြီးမှစိတ်မကောင်းလိုက်တာဆိုတဲ့ စကားကိုခဏခဏမပြောပါနဲ့မတည်နိုင်တဲ့ ကတိတွေအကြိမ်ကြိမ်ပေးပြီးငါ့ကိုမျှော်လင့်ချက်တွေနဲ့ရူးရအောင်ဘာလို့လုပ်ရက်တာလဲနင်နဲ့ပတ်သတ်ပြီးထားခဲ့တဲ့ ငါ့ကတိတွေကိုတော့ငါ့အသက်ထက်ပိုမြတ်နိုးတယ်ဆိုတာနင်သိအောင်မကြိုးစားတော့ပါဘူး…….ပဒုမ္မာဝဘ်ဆိုက်ကနေပြီး ကူးယူတင်ပြထားပါတ...

August 25, 2008

ကာတွန်းများ (၈)

ကာတွန်းလေးတွေကိုတော့ ပေါက်ကရ ဒီဝဘ်ဆိုက်ကနေပြီး ကူးယူတင်ပြထားပါတယ်။ အဲဒီဝဘ်ဆိုက်ကို အလည်သွားဖို့ တိုက်တွန်းပါတယ်။ ပေါက်ကရတွေ့ရသလောက် ဝဘ်ဆိုက်တွေထဲမှာ ကောင်းဆုံးလို့ ပြောရမလားတော့ မသိဘူး။ အဲဒီဝဘ်ဆိုက်မှာ သီချင်း၊ ရုပ်ရှင်၊ ကာတွန်း၊ ဗေဒင်....ကြည့်ရှုနိုင်ပါတယ်။ ပေါက်ကရ ကြေငြာပေးတာပါ..ဟီး...

August 24, 2008

ကာတွန်းများ (၇)

...

မရေရာခြင်း

အမိမြေကိုခွဲလူဖြူလူနီတွေကြားထဲက ငါတစ်ခါလောက် ပြန်မယ်လုပ်မိတယ်ပြည်မြန်မာကို....။မိသားစုနဲ့ဆုံအပျော်တွေမှုန်းနေတဲ့ငါ့မျက်နှာပြန်ခါနီးရောက်တော့မျက်ရည်အနိုင်နိုင်ဆည်ပြီးဟိုတိုင်းပြည်မှာငါ့ချစ်သူတော့ရှိသေးစိတ်ဖြေတွေးခဲ့မိတယ်...။ ဟိုကိုပြန်ရောက် ချစ်သူမှောက်ဟုထင်ကာရှိသေးလေဆိပ်တွင်သာ ရလိုက်သည်ကဖုန်းတော်ထဲမှ စာချွန်လွာမင်းကို မချစ်နိုင်တောပြီဟု...။စိတ်တော်မညှိုးချစ်သူဆိုးကိုငါတွေ့ဖို့ကြံ တယ်မဟန်လျှိုလျှိုပန်မှ ဖူးမြော်ရ၏..။ထိုမှတစ်ဖန်အဘယ်အကြာင်း မေးမိသည်စိမ်းကားလှစွာထိုထိုအကြည့်နှင့်ဖြေခဲ့သည်ကအချစ်ပျက်သုဉ်းခဲ့တည်းဟူ၏...။ ။ဖြူ...

August 21, 2008

လွန်လေပြီးသောကြွေရွက်

တစတစချင်း ချည်းနင်းဝင်လာတဲ့ အမှောင်နောက်ဆုံးစကားတစ်ခွန်းပြောဖို့ အားယူနေတဲ့ကြွေလုဆဲဆဲ သစ်ရွက်ကလေးရဲ့နောက်ဆုံးအချိန်ဘယ်သူမှ မနှောက်ယှက်ကြပါနဲ့အေးအေးလူလူ ကြွေဆင်းလိုက်ဖို့လက်ကျန်ခွန်အားလေး ပျောက်သွားမှာစိုးလို့ပါအနာတရတွေများလွန်းတော့အမှတ်တရ ဆိုတာတွေတောင် မသိချင်တော့တာခွင့်လွတ်ကြပါသစ်ရွက်ကလေးရဲ့ဇျာပနမှာသူဖြတ်သန်းခဲ့တဲ့ ပုံရိပ်တွေရဲ့ဇာတ်ဝင်ခန်း တစ်ချို့ရယ်ငိုရှိုက်သံ တချို့ရယ်သူမရှိတော့တဲ့နောက် အမှတ်တရကျန်နေခဲ့မဲ့ဖုန်မှုန့်လေးတွေရယ်အရေးအသား တစ်ချို့ရယ်အလွမ်းသီချင်းတစ်ပုဒ်ကို ရေးဖွဲ့နေကြလေရ...

August 20, 2008

August 19, 2008

ကာတွန်းများ (၅)

အခုတလော ကွန်ပျူတာ မသုံးဖြစ်တာ နည်းနည်းကြာနေပြီ။ အဲဒါကြောင့် ဘလော့ဂ်မှာ ဘာမှ မတင်ဖြစ်တာပါ။ အခုလည်း ကွန်ပျူတာသုံးဖို့ အချိန်တစ်နာရီလောက် ရတာနဲ့ ကွန်ပျူတာထဲမှာ ရှိတဲ့ ကာတွန်းလေးကို တင်ထားပေးခဲ့ပါတယ်။ အားလုံးပျော်ရွှင်ကြပါစေ...

August 16, 2008

အားငယ်ဆုံးအချိန်

လူတစ်ယောက်ရဲ့အားငယ်ဆုံးအချိန်ကို ပြပါဆိုရင်နေမကောင်းတဲ့ အချိန်ပဲလို့ထင်တယ်။ချစ်သူ.........ငါ့ကို အများကြီး ဂရုစိုက်စရာမလိုပါဘူး။နေမကောင်းဘူးဆိုတာ ကြားမိရင်နေမကောင်းတဲ့ အချိန်လေးကိုကိုယ်ပူလာစမ်းစရာ မလိုပါဘူး။ဖုန်းလေးဖြစ်ဖြစ်နဲ့၊ Email လေးဖြစ်ဖြစ်နဲ့ပေါ့ဆေးသောက်ပြီးပြီလား၊သက်သာလား၊ဘာစားချင်လဲ ဆိုတဲ့ မေးခွန်းလောက်လေး ကြားရရင်ဖြစ်ပါတယ်။ငါ့မှာ လက်ဆုပ်လက်ကိုင်ပြစရာ ချစ်သူမရှိတော့သူငယ်ချင်းတစ်ယောက်ယောက်ပေါ့။ဒါနဲ့ပဲ.......ငါ ကိုယ်ဖာသာကိုယ် Milo ဖျော်ပြီးဆေးသောက်လိုက်တယ်။ပြီးတော့.......အိပ်ပျော်အောင် အိပ်တယ်။အိပ်မက်ထဲမှာ........ငါ့ကို လူနာလာမေးတဲ့လူတွေတန်းစီပြီး...

August 14, 2008

Sexy Dance

အဲဒါကတော့ အင်္ဂလိပ်သီချင်းလေးတွေပါ ပေါက်ကရလည်း ဘာမှ နားမလည်ဘူး.. ဒီနေ့ တင်စရာ မရှိတာနဲ့ ညီလေးတစ်ယောက်က သီချင်းလာထည့်လို့ ညီလေးဆီက ယူပြီးတော့ သီချင်းတွေကို တင်ထားပေးလိုက်ပါတယ်။သီချင်း Download ယူချင်ရင် ဆက်သွားရန်အတွက်ကို နှိပ်လိုက်ပါ.....အဆိုတော်သီချင်းDownloadSexy DanceThe Power Of Bhangra DownloadSexy DanceKiss Kiss DownloadSexy DanceYou Promise Me DownloadSexy DanceThe Ketchup Song DownloadSexy DanceL-L-Lie DownloadSexy DanceStop Stop Stop DownloadSexy DancePunjabi Five-0 DownloadSexy DanceI'm Outta Love DownloadSexy DanceIrresistible DownloadSexy...

August 13, 2008

ကာတွန်းများ (၃)

...