အကောင်းဆုံးဖြစ်အောင် ကြိုးစားလျှက်ပါ
ပေါက်ကရ ဘလော့ဂ်တွင် Post များ ပြန်တင်နေပါသည်။ အားလုံး ကျေးဇူးတင်ပါတယ်။

November 12, 2012

ချောင်းထဲသို့အရောက် အမှိုက်စွန့်ပစ်နေရတဲ့ တာမွေသူများ

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ကြီး၏ စီးပွားရေး မြို့တော်ကြီးဖြစ်တဲ့ ရန်ကုန်တိုင်းဒေသကြီးမှာပါ။ လူတွေစည်ကားလှတဲ့ တာမွေအ၀ိုင်းနဲ့ မလှမ်းမဝေးမှာ တည်ရှိနေတဲ့ ရန်ကုန်မြစ်နဲ့ ချိတ်ဆက်နေတဲ့ ပုဇွန်တောင် ငမိုးရိပ်ချောင်းအနားမှာ နေထိုင်နေကြတဲ့ အိမ်ယာသူ၊ အိမ်ယာသားများရဲ့ နေ့စဉ်ကြုံတွေ့နေရတဲ့ ဖြစ်စဉ်လေး တစ်ခုကို ဤတစ်ပတ် စာဖတ်သူများထံ မျှဝေပေးလိုက်ပါတယ်။ အမှိုက်သိမ်းကားဆိုတာ ဘယ်လို ပုံစံမျိုး မသိ၊ မမြင်ဖူးကြတဲ့ ထိုအိမ်ယာဝန်းထဲမှ အမှိုက်စွန့်ပစ်သူများမှတော့...

September 24, 2012

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အလေးထားဖို့လို

မြို့ပြစီမံကိန်းတွေကို အကောင်အထည် ဖော်ရာမှာဖြစ်ဖြစ် အထူးစီးပွားရေးဇုန်တွေကို အကောင်အထည် ဖော်ရာမှာဖြစ်ဖြစ် သဘာဝပတ်ဝန်းကျင်နဲ့ မြို့ပြစိမ်းလန်း စိုပြည်ရေး ထိခိုက်မှုရှိ မရှိ အလေးအနက် တွက်ချက်စဉ်းစားပြီးမှသာ စီမံကိန်းတွေကို အကောင်ထည်ဖော်သင့်ကြောင်း ပညာရှင် ဆွေးနွေးပွဲ တစ်ခုက တောင်းဆို လိုက်ပါတယ်။ ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေဂုံတိုင်၊ တော်ဝင်နှင်းဆီခန်းမမှာ မနေ့က ကျင်းပခဲ့တဲ့ အစိမ်းရောင်ကွန်ရက် ပညာရှင်များ စုပေါင်းဆွေးနွေးပွဲမှာ ၈၈ မျိုးဆက်ကျောင်းသားတွေ၊ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာရှင်တွေနဲ့ မြန်မာနိုင်ငံ အနှံ့အပြားက မြေယာရှုခင်း၊ ပန်းကွင်းနဲ့...

September 15, 2012

ထိုသုံးဦး

ထင်ရှားသော ခေါင်းဆောင်မှု သီအိုရ တစ်ရပ်အရ အဖြစ်အပျက် အပြောင်းအလဲ ကြီးကြီးမားမားများနှင့် အတူ ခေါင်းဆောင်များ ပေါ်ထွက်လာတတ်သည့်အတိုင်း မြန်မာ့သမိုင်းတွင် အပြောင်းအလဲ ထူးထူးခြားခြား ဖြစ်ပေါ်နေချိန် ယနေ့အခါ သမယတွင် ခေါင်းဆောင်သုံးဦး ထင်ထင်ရှားရှား ပေါ်ထွက်လာသည်။ ထိုခေါင်းဆောင်သုံးဦး၏ ဥာဏ်အမြော်အမြင်၊ လုပ်ဆောင်ချက် များနှင့် သူတို့အကြား ဆက်ဆံရေး၊ ပူးပေါင်း ဆောင်ရွက်မှုတို့သည် နိုင်ငံ၏ ပစ္စုပ္ပန်ကိုသာမက မဝေးလှသည့် အနာဂတ်၊ ခပ်ဝေးဝေး အနာဂတ်ကိုပါ ဖော်ဆောင်...

September 14, 2012

စည်သွတ်စက်ရုံမှ ထွက်ရှိတဲ့ ရေဆိုးတွေကြောင့် ပတ်ဝန်းကျင် ညစ်ညမ်းနေ

မိတ္ထီလာစက်မှုဇုန်မှာရှိတဲ့ စည်သွတ်စက်ရုံတစ်ရုံတွင် ထွက်ရှိတဲ့ ရေဆိုးတွေကို လူနေရပ်ကွက်အတွင်းမှာပဲ စီးဆင်းမှု မရှိတဲ့ မြောင်းကြီး (အကျယ် ၇ ပေခန့်) တူးပြီး ကန့်သတ်မဲ့ စွန့်ပစ်ထားတယ်လို့ သိရပါတယ်။ အဆိုပါ ရေဆိုးမြောင်းကြောင့် ပတ်ဝန်းကျင်မှာ နေထိုင်ကြတဲ့ ပြည်သူအများ (အခြေခံပညာကျောင်း တစ်ကျောင်း အပါအဝင်) မှာ ကိုယ်စိတ်နှစ်ပါး ဆင်းရဲခြင်းဒဏ်ကို ခံနေရတယ်လို့ မြို့ခံတွေက Myanmar News Now ကို ပြောပါတယ်။ မိုးခပ်သည်းသည်းရွာလိုက်ပြီဆိုရင် နဂိုကမြေနိမ့်လို့ ရေဝင်တဲ့အိမ်တွေမှာ ရွံရှာစရာကောင်းတဲ့အပြင် ကျန်းမာရေးကို ကောင်းကောင်းကြီး ဒုက္ခပေးမည် ရေဆိုးများ ကျဆင်းမသွားမချင်း...

September 12, 2012

သဘာဝဓာတ်ငွေ့ လုံလောက်စွာ ရရှိမည်ဆိုပါက ရန်ကုန်မြို့မှ ရေနံချောင်း၊ ချောက်စသည့် ဒေသများသို့ သွားရာ လမ်းတစ်လျှောက်တွင် သဘာဝဓာတ်ငွေ့ အရောင်းဆိုင်များ ဖွင့်လှစ်မည်

ရန်ကုန်မြို့တွင်းရှိ သဘာဝဓာတ်ငွေ့ အရောင်းဆိုင်တစ်ဆိုင်အား တွေ့မြင်ရစဉ် မြန်မာနိုင်ငံတွင် သဘာဝ ဓာတ်ငွေ့အရောင်းဆိုင် ဖွင့်လှစ်မှု အနေဖြင့် ၄၅ ဆိုင် ဖွင့်လှစ်ထားပြီး ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် တွင် ပြည်ပသို့တင်ပို့မည့် ရွှေသဘာဝ ဓာတ်ငွေ့စီမံကိန်းမှ သဘာဝဓာတ်ငွေ့များ ရရှိပါက ရန်ကုန်မြို့မှ သဘာဝဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းရာ လမ်းတစ်လျှောက်တွင် သဘာဝဓာတ်ငွေ့ အရောင်းဆိုင်များ ဖွင့်လှစ်သွားနိုင်မည် ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြပါသည...

September 10, 2012

မဂ္ဂါဝပ်နှင့် လူရှစ်ထောင်ကျော်တို့၏ အနာဂတ်

သတင်း ဆောင်းပါး - မင်းထက်စံ မြို့တော် သက်တမ်း ခြောက်နှစ်ကျော် လာပြီဖြစ်သော နေပြည်တော်၏ အရှေ့ဘက် မိုင် ၃၇ မိုင်ခန့် (၆၀ ကီလိုမီတာ) အကွာတွင် ‘လျှပ်စစ်စွမ်းအားဖြင့် ခေတ်မီဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော်သစ်ဆီသို့’ ဟူသော အပြာရောင် စာတမ်းကြီးကို ထင်ရှားစွာ တွေ့မြင်ရမည် ဖြစ်သည်။ ကွန်ကရစ် ကျောက်နံရံကြီးများကိုလည်း အခိုင်အမာ တည်ဆောက်ထားသည...

၂၃၇ ဧကကျော်ရှိသည့် တညင်းကုန်းအုတ်စက်ရုံကို မြေတစ်ဧကလျှင် တစ်လငှားရမ်းခကျပ် ၇၄၀၀၀ ကျော်ဖြင့် Mother Industrial ကုမ္ပဏီလီမိတက်သို့ စက်မှုဝန်ကြီးဌာနမှ တင်ဒါမခေါ်ဘဲ လုပ်ကိုင်ခွင့်ပေး

၂၃၇ ဧကကျော် ကျယ်ဝန်းသည့် တညင်းကုန်းအုတ်စက်ရုံကို မြေတစ်ဧကလျှင် တစ်လငှားရမ်းခ ကျပ် ၇၄၀၀၀ ကျော်ဖြင့် စက်မှုဝန်ကြီးဌာနမှ Mother Industrial ကုမ္ပဏီလီမိတက်သို့ လုပ်ကိုင်ခွင့်ပြုခဲ့ကြောင်း စက်မှုဝန်ကြီးဌာနနှင့် Mother Industrial တို့ လက်မှတ်ရေးထိုးချုပ်ဆိုသည့် သဘောတူစာချုပ်ပါ အချက်များအရ သိရသည...

August 28, 2012

အမည်မည်းစာရင်း (Black List ) အဖြစ် သတ်မှတ်ထားခံထားရသော ပြည်ပရောက် မြန်မာနိုင်ငံသား ၆၁၆၅ ဦးအနက် ၂၀၈၂ ဦးကို စာရင်းမှ ပယ်ဖျက်

ပြည်ပရောက် မြန်မာနိုင်ငံသားများအနက် အမည်မည်း စာရင်း (Black List ) သတ်မှတ်ခံထားရသည့် ၆၁၆၅ ဦးအနက် ၂၀၈၂ ဦးကို စာရင်းမှ ပယ်ဖျက်ပေးလိုက်ကြောင်း သြဂုတ်လ ၂၈ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြခဲ့ပါသည်။ ထိုသို့ ပယ်ဖျက်ပေးလိုက်သည့် နည်းတူ မြန်မာနိုင်ငံသို့ ပြန်လာနိုင်ရေး အတွက်လည်း ခွင့်ပြုပေးသွားမည် ဖြစ်ကြောင်း သိရပါသည်။ ယခင်အစိုးရလက်က နိုင်ငံတော်၏ အမျိုးသား အကျိုးစီးပွားကို ကာကွယ် စောင့်ရှောက်နိုင်ခြင်း အလို့ငှာ ကုမ္ပဏီများ၊ နယ်ပယ် အသီးသီးမှ လူပုဂ္ဂိုလ်များ၊ သတင်းမီဒီယာ သမားများ အပါအ၀င် အချို့အား အကြောင်း အမျိုးမျိုးကြောင့် အမည်မည်း စာရင်း...

August 23, 2012

ထိုင်းဝန်ကြီးချုပ် မြန်မာနိုင်ငံသို့ စက်တင်ဘာတွင် လာရောက်မည်

ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စယင်လပ်ရှင်နာဝပ်သည် မြန်မာနိုင်ငံသို့ ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် ပတ်သက်သောကိစ္စများ ဆက်လက်ဆွေးနွေးရန်နှင့် နှစ်နိုင်ငံသဘောတူထားသည့်ကတိက၀တ်များကို ဆက်လက်ဆွေးနွေးရန် စက်တင်ဘာလအတွင်း လာရောက်မည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်ကို ကိုးကားကာ သည်နေရှင်းသတင်းစာက ဖော်ပြသည်။ ထိုင်းဝန်ကြီးချုပ်သည် မြန်မာနိုင်ငံ၊ နေပြည်တော်သို့ နှစ်ရက်တာလာရောက်မည်ဖြစ်ပြီး ရက်အတိအကျကိုမူ ပြောဆိုထားခြင်း မရှိသေးပေ။ ဇူလိုင်လအတွင်းက ထိုင်းနိုင်ငံသို့ လာရောက်ခဲ့သော နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ခရီးစဉ်အတွင်း နှစ်ဦးသဘောတူခဲ့သည့် ထားဝယ်...

August 22, 2012

ကမ္ဘာတစ်ဝန်းရှိ ရာသီဥတု အဆိုးရွားဆုံး ခံစားရမည့် ထိပ်ဆုံး ၁၀ နိုင်ငံ စာရင်းတွင် မြန်မာနိုင်ငံမှာ ဒုတိယနေရာ ရောက်ရှိနေပြီး အာရှမှ ခြောက်နိုင်ငံပါဝင်

ကမ္ဘာတစ်ဝန်းရှိ ရာသီဥတု ဆိုးရွားမှုများကို ခံစားရမည့်နိုင်ငံများ စာရင်းတွင် မြန်မာနိုင်ငံအနေဖြင့် ဒုတိယနေရာတွင် ရပ်တည်နေကြောင်း မြန်မာ့စွမ်းအင် လိုအပ်ချက်စစ်တမ်းတွင် ဖော်ပြထားပါသည်။ သြဂုတ်လ ၁၇ ရက်နေ့က နေပြည်တော်တွင် ကျင်းပသည့် The National Seminar Wrokshop on Energy, Enviroment and Climate Change တွင် အဆိုပါ မြန်မာ့စွမ်းအင် လိုအပ်ချက်စစ်တမ်းကို ဆွေးနွေး ခဲ့ကြခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။ အဆိုပါအခမ်းအနားတွင် “ဂျာမန် စောင့်ကြည့်ကမ္ဘာလုံးဆိုင်ရာ...

August 16, 2012

ရှင်တောင့်ပုံ စေတီ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့တွင် တည်ရှိသော ရှင်တောင့်ပုံ ဘုရားဖြစ်ပါတယ်။ ရှင်ကိုးရှင် သမိုင်းဝင် ဘုရားထဲက တခု အပါအဝင်ဖြစ်ပါတယ်။ ရှင်တောင့်ပုံ စေတီ ရှင်တောင့်ပုံ ဘုရား ရှင်တောင့်ပုံ စေတီပေါ်ကနေပြီး သရက်ချောင်းမြို့ကို တွေ့ရစဉ်...

August 14, 2012

ထားဝယ်ရေနက်ဆိပ်ကမ်း သိပ်အရေးကြီး

တနင်္သာရီတိုင်းဒေသ၏ ထားဝယ်မြို့ရှိ ရေနက်ဆိပ်ကမ်းစီမံကိန်းအပေါ် ပြည်သူ့လွှတ်တော်၌ ဦးသိန်းညွှန့်က ယနေ့ထိတိုင်အောင် လိပ်ခဲတည်းလဲ ဖြစ်နေရသည့် အကျိုးအမြတ်ကိစ္စနိုင်ငံသား ကုမ္ပဏီက မည်သို့အခန်းကဏ္ဍမည်မျှ စွမ်းဆောင်နိုင်သလဲနှင့် သဘာဝပတ်ဝန်းကျင် အလုပ်သမားများ၏အလုပ်အကိုင်ရရှိရေး အလားအလာများအား ပြည်သူ့လွှတ်တော်သို့ မေးမြန်းရာ ရထားပို့ဆောင်ရေး ဒုတိယ၀န်ကြီး သူရဦးအောင်လွင်မှ လွှတ်တော် ရှေ့မှောက်တွင် ပြောကြားခဲ့သည်မှာကြား သိခဲ့ရသော်လည်း တွက်ချက်မှုအရ စီမံကိန်းသက်သက် မဟုတ်စေဘဲ အကျိုးခံစားမှုအရ နိုင်ငံနှင့် နိုင်ငံသားများအတွက် ဟုဆိုချင်ပါသည်။ ၁။ ထားဝယ်ရေနက်ဆိပ်ကမ်းနှင့်...

August 13, 2012

မြန်မာပြည်မှာ ပညာမရှိဘူးလား

Facebook မှ ကူးယူဖေါ်ြ...

လောကသရဖူလျောင်းတော်မူ ဘုရားကြီး

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ကနိုင်းတာကျေးရွာတွင် တည်ရှိသော လောကသရဖူလျောင်းတော်မူ ဘုရားကြီး ဖြစ်ပါတယ်။ ...

ဧရာရွှေဝါကုမ္ပဏီမှ ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ လယ်မြေ ဧက ၄၀၀၀၀ ကျော်အား တောင်သူများသို့ ခွဲဝေပေးနိုင်ရန် နိုင်ငံတော်သို့ တရားဝင်ပြန်အပ် လယ်မြေများစွာပိုင်သည့် ကုမ္ပဏီအချို့မှ လက်ငုတ်လက်ရင်း တောင်သူဖြစ်ပါက အကျိုးတူ လယ်ယာလုပ်ကွက် ပြန်ပေးရန်ရှိနေ

ဧရာရွှေဝါကုမ္ပဏီမှ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ရေကြီးကွင်းရေနက်ကွင်းများအား ပြုပြင်ထားသည့် လယ်မြေ ဧက ၄၀၀၀၀ ကျော်အား ဒေသခံတောင်သူများသို့ ခွဲဝေလုပ်ကိုင်ခွင့်ပေးပြီး ကုမ္ပဏီ၏မြေ လုပ်ပိုင်ခွင့်များအား နိုင်ငံတော်သို့ တရားဝင်ပြန်လည်အပ်နှံခဲ့ကြောင်း သတင်း ရရှိပါသည်။ ဇူလိုင်လ ၂၆ ရက်နေ့က ဧရာရွှေဝါကုမ္ပဏီ လီမိတက်၏ ဥက္ကဋ္ဌဖြစ်သူ ဦးတေဇမှ လက်မှတ်ရေးထိုးကာ တင်ပြခဲ့ခြင်းဖြစ်ပြီး ဧရာရွှေဝါကုမ္ပဏီအနေဖြင့် တောင်သူများသို့ ခွဲဝေလုပ်ကိုင်ခွင့်ပေးရာတွင် ကုမ္ပဏီနှင့် အတူအကျိုးတူ...

ဟာသများ (၂)

၁။ ဖော်ကောင် နေရာ ... စိတ္တဇဆေးရုံ ဆေးရုံအုပ်.... "မနက်ဖြန်က အရေးကြီးတဲ့နေ့ တစ်နေ့နော်။ ဘာလို့လဲ သိလား? နိုင်ငံတော် အကြီးအကဲ လာစစ်ဆေးလိမ့်မယ်။ လာစစ်ဆေးပြီး ငါက "အဟမ်း" လို့ ချောင်းဟန့်လိုက်ရင် မင်းတို့အားလုံး လက်ခုပ်တီးရမယ် ကြားလား.. လက်ခုပ်တီးတဲ့လူကို အသားဟင်းကျွေးမယ်" နောက်တစ်နေ့ .... နိုင်ငံတော် အကြီးအကဲ လာရောက်စစ်ဆေးခဲ့သည်။ မိန့်ခွန်းပြောအပြီးတွင် ဆေးရုံအုပ်က ကြိုတင်မှာကြားထားသည့်အတိုင်း ချောင်းဟန့်လိုက်သည်နှင့် လူနာအားလုံး လက်ခုပ်တီးကြသည်။ ထိုအချိန်တွင် လူနာတစ်ယောက်က ရုတ်တရက်ရှေ့ထွက်ပြီး အကြီးအကဲကို ပါးတစ်ချက်ရိုက်လိုက်ပြီး ပြောလိုက်သည်မှာက...

August 11, 2012

ဦးတေဇ ပိုင်ဆိုင်သောအဓိကလုပ်ငန်းများ

၁။ အဲပုဂံ (Air Bagan) မြန်မာနိုင်ငံ၏ ပထမဆုံးသော ပုဂ္ဂလိက လေကြောင်းလိုင်း ဖြစ်ပြီး ATR42-320, ATR72-500 နှင့် FOKKER-100 လေယာဉ်များ အပါအဝင် လေယာဉ် (၁၂) စင်းပါဝင်သည်။ ပြန်လည်ရောင်း ချမည်ဆိုပါက အမေရိကန် ဒေါ်လာ (၂၅) သန်းမှ သန်း (၃၀) အကြားတွင် ရရှိ နိုင်သည်ဟု ခန့်မှန်းရသည်။ ရန်ကုန်မြို့ရှိ အေးရှားဂရီးန် ဘဏ်ခွဲတခု ၂။ အေးရှားဂရီးန် ဖွံ့ဖြိုးရေးဘဏ် (Asia Green Development Bank) နေပြည်တော် ဇဗ္ဗူသီရိမြို့သစ်ရှိ နေပြည်တော်ဘဏ်ရပ်ဝန်း၌ (၂၀၁၀) သြဂုတ်လ ၆ ရက်နေ့တွင် စတင် ဖွင့်လှစ်ခဲ့သည်။ Aureum Palace ဟိုတယ်တခု ၃။ ဟိုတယ်လုပ်ငန်းများ အော်ရီယမ်နန်းတော် (Aureum Palace)...

လူ၊ မူ နှင့် လျော်ကြေး

ထားဝယ် စီမံကိန်း စတင်ပြီ ဆိုကတည်းက ယင်းဒေသရှိ ကျေးရွာ များကို အမြဲတမ်း ကူးချည် သန်းချည် သွားနေသည့် ကိုနေထွန်း တစ်ယောက် အားမလို အားမရ ဆိုသည်။ စီမံကိန်းကြောင့် ပြောင်းရွှေ့ပေးရမည့် နေအိမ်များကိစ္စ၊ ဥယျာဉ်ခြံမြေများ၊ သီးပင်စားပင်များအား လျော်ကြေးပေးသည့် ကိစ္စများ စံမတူ။ အထူး စီးပွားရေးဇုန် ဧရိယာ နဘုလယ်နှင့် ထားဝယ်-ထိုင်း လမ်းဖောက် လုပ်ရာ ကရင်တိုင်းရင်းသားအများစု နေထိုင်ရာ ဒေသတို့တွင် စီမံကိန်း တာဝန်ရှိ သူများ၏ စံနှုန်းမညီ လုပ်ကိုင်မှုနှင့် ပတ်သက်ပြီး...

မကျေဘူး

Facebook မှ ကူးယူဖေါ်ပြ...