အကောင်းဆုံးဖြစ်အောင် ကြိုးစားလျှက်ပါ
ပေါက်ကရ ဘလော့ဂ်တွင် Post များ ပြန်တင်နေပါသည်။ အားလုံး ကျေးဇူးတင်ပါတယ်။

August 28, 2012

အမည်မည်းစာရင်း (Black List ) အဖြစ် သတ်မှတ်ထားခံထားရသော ပြည်ပရောက် မြန်မာနိုင်ငံသား ၆၁၆၅ ဦးအနက် ၂၀၈၂ ဦးကို စာရင်းမှ ပယ်ဖျက်

ပြည်ပရောက် မြန်မာနိုင်ငံသားများအနက် အမည်မည်း စာရင်း (Black List ) သတ်မှတ်ခံထားရသည့် ၆၁၆၅ ဦးအနက် ၂၀၈၂ ဦးကို စာရင်းမှ ပယ်ဖျက်ပေးလိုက်ကြောင်း သြဂုတ်လ ၂၈ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြခဲ့ပါသည်။ ထိုသို့ ပယ်ဖျက်ပေးလိုက်သည့် နည်းတူ မြန်မာနိုင်ငံသို့ ပြန်လာနိုင်ရေး အတွက်လည်း ခွင့်ပြုပေးသွားမည် ဖြစ်ကြောင်း သိရပါသည်။ ယခင်အစိုးရလက်က နိုင်ငံတော်၏ အမျိုးသား အကျိုးစီးပွားကို ကာကွယ် စောင့်ရှောက်နိုင်ခြင်း အလို့ငှာ ကုမ္ပဏီများ၊ နယ်ပယ် အသီးသီးမှ လူပုဂ္ဂိုလ်များ၊ သတင်းမီဒီယာ သမားများ အပါအ၀င် အချို့အား အကြောင်း အမျိုးမျိုးကြောင့် အမည်မည်း စာရင်း...

August 23, 2012

ထိုင်းဝန်ကြီးချုပ် မြန်မာနိုင်ငံသို့ စက်တင်ဘာတွင် လာရောက်မည်

ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စယင်လပ်ရှင်နာဝပ်သည် မြန်မာနိုင်ငံသို့ ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် ပတ်သက်သောကိစ္စများ ဆက်လက်ဆွေးနွေးရန်နှင့် နှစ်နိုင်ငံသဘောတူထားသည့်ကတိက၀တ်များကို ဆက်လက်ဆွေးနွေးရန် စက်တင်ဘာလအတွင်း လာရောက်မည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်ကို ကိုးကားကာ သည်နေရှင်းသတင်းစာက ဖော်ပြသည်။ ထိုင်းဝန်ကြီးချုပ်သည် မြန်မာနိုင်ငံ၊ နေပြည်တော်သို့ နှစ်ရက်တာလာရောက်မည်ဖြစ်ပြီး ရက်အတိအကျကိုမူ ပြောဆိုထားခြင်း မရှိသေးပေ။ ဇူလိုင်လအတွင်းက ထိုင်းနိုင်ငံသို့ လာရောက်ခဲ့သော နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ခရီးစဉ်အတွင်း နှစ်ဦးသဘောတူခဲ့သည့် ထားဝယ်...

August 22, 2012

ကမ္ဘာတစ်ဝန်းရှိ ရာသီဥတု အဆိုးရွားဆုံး ခံစားရမည့် ထိပ်ဆုံး ၁၀ နိုင်ငံ စာရင်းတွင် မြန်မာနိုင်ငံမှာ ဒုတိယနေရာ ရောက်ရှိနေပြီး အာရှမှ ခြောက်နိုင်ငံပါဝင်

ကမ္ဘာတစ်ဝန်းရှိ ရာသီဥတု ဆိုးရွားမှုများကို ခံစားရမည့်နိုင်ငံများ စာရင်းတွင် မြန်မာနိုင်ငံအနေဖြင့် ဒုတိယနေရာတွင် ရပ်တည်နေကြောင်း မြန်မာ့စွမ်းအင် လိုအပ်ချက်စစ်တမ်းတွင် ဖော်ပြထားပါသည်။ သြဂုတ်လ ၁၇ ရက်နေ့က နေပြည်တော်တွင် ကျင်းပသည့် The National Seminar Wrokshop on Energy, Enviroment and Climate Change တွင် အဆိုပါ မြန်မာ့စွမ်းအင် လိုအပ်ချက်စစ်တမ်းကို ဆွေးနွေး ခဲ့ကြခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။ အဆိုပါအခမ်းအနားတွင် “ဂျာမန် စောင့်ကြည့်ကမ္ဘာလုံးဆိုင်ရာ...

August 16, 2012

ရှင်တောင့်ပုံ စေတီ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့တွင် တည်ရှိသော ရှင်တောင့်ပုံ ဘုရားဖြစ်ပါတယ်။ ရှင်ကိုးရှင် သမိုင်းဝင် ဘုရားထဲက တခု အပါအဝင်ဖြစ်ပါတယ်။ ရှင်တောင့်ပုံ စေတီ ရှင်တောင့်ပုံ ဘုရား ရှင်တောင့်ပုံ စေတီပေါ်ကနေပြီး သရက်ချောင်းမြို့ကို တွေ့ရစဉ်...

August 14, 2012

ထားဝယ်ရေနက်ဆိပ်ကမ်း သိပ်အရေးကြီး

တနင်္သာရီတိုင်းဒေသ၏ ထားဝယ်မြို့ရှိ ရေနက်ဆိပ်ကမ်းစီမံကိန်းအပေါ် ပြည်သူ့လွှတ်တော်၌ ဦးသိန်းညွှန့်က ယနေ့ထိတိုင်အောင် လိပ်ခဲတည်းလဲ ဖြစ်နေရသည့် အကျိုးအမြတ်ကိစ္စနိုင်ငံသား ကုမ္ပဏီက မည်သို့အခန်းကဏ္ဍမည်မျှ စွမ်းဆောင်နိုင်သလဲနှင့် သဘာဝပတ်ဝန်းကျင် အလုပ်သမားများ၏အလုပ်အကိုင်ရရှိရေး အလားအလာများအား ပြည်သူ့လွှတ်တော်သို့ မေးမြန်းရာ ရထားပို့ဆောင်ရေး ဒုတိယ၀န်ကြီး သူရဦးအောင်လွင်မှ လွှတ်တော် ရှေ့မှောက်တွင် ပြောကြားခဲ့သည်မှာကြား သိခဲ့ရသော်လည်း တွက်ချက်မှုအရ စီမံကိန်းသက်သက် မဟုတ်စေဘဲ အကျိုးခံစားမှုအရ နိုင်ငံနှင့် နိုင်ငံသားများအတွက် ဟုဆိုချင်ပါသည်။ ၁။ ထားဝယ်ရေနက်ဆိပ်ကမ်းနှင့်...

August 13, 2012

မြန်မာပြည်မှာ ပညာမရှိဘူးလား

Facebook မှ ကူးယူဖေါ်ြ...

လောကသရဖူလျောင်းတော်မူ ဘုရားကြီး

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ကနိုင်းတာကျေးရွာတွင် တည်ရှိသော လောကသရဖူလျောင်းတော်မူ ဘုရားကြီး ဖြစ်ပါတယ်။ ...

ဧရာရွှေဝါကုမ္ပဏီမှ ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ လယ်မြေ ဧက ၄၀၀၀၀ ကျော်အား တောင်သူများသို့ ခွဲဝေပေးနိုင်ရန် နိုင်ငံတော်သို့ တရားဝင်ပြန်အပ် လယ်မြေများစွာပိုင်သည့် ကုမ္ပဏီအချို့မှ လက်ငုတ်လက်ရင်း တောင်သူဖြစ်ပါက အကျိုးတူ လယ်ယာလုပ်ကွက် ပြန်ပေးရန်ရှိနေ

ဧရာရွှေဝါကုမ္ပဏီမှ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ရေကြီးကွင်းရေနက်ကွင်းများအား ပြုပြင်ထားသည့် လယ်မြေ ဧက ၄၀၀၀၀ ကျော်အား ဒေသခံတောင်သူများသို့ ခွဲဝေလုပ်ကိုင်ခွင့်ပေးပြီး ကုမ္ပဏီ၏မြေ လုပ်ပိုင်ခွင့်များအား နိုင်ငံတော်သို့ တရားဝင်ပြန်လည်အပ်နှံခဲ့ကြောင်း သတင်း ရရှိပါသည်။ ဇူလိုင်လ ၂၆ ရက်နေ့က ဧရာရွှေဝါကုမ္ပဏီ လီမိတက်၏ ဥက္ကဋ္ဌဖြစ်သူ ဦးတေဇမှ လက်မှတ်ရေးထိုးကာ တင်ပြခဲ့ခြင်းဖြစ်ပြီး ဧရာရွှေဝါကုမ္ပဏီအနေဖြင့် တောင်သူများသို့ ခွဲဝေလုပ်ကိုင်ခွင့်ပေးရာတွင် ကုမ္ပဏီနှင့် အတူအကျိုးတူ...

ဟာသများ (၂)

၁။ ဖော်ကောင် နေရာ ... စိတ္တဇဆေးရုံ ဆေးရုံအုပ်.... "မနက်ဖြန်က အရေးကြီးတဲ့နေ့ တစ်နေ့နော်။ ဘာလို့လဲ သိလား? နိုင်ငံတော် အကြီးအကဲ လာစစ်ဆေးလိမ့်မယ်။ လာစစ်ဆေးပြီး ငါက "အဟမ်း" လို့ ချောင်းဟန့်လိုက်ရင် မင်းတို့အားလုံး လက်ခုပ်တီးရမယ် ကြားလား.. လက်ခုပ်တီးတဲ့လူကို အသားဟင်းကျွေးမယ်" နောက်တစ်နေ့ .... နိုင်ငံတော် အကြီးအကဲ လာရောက်စစ်ဆေးခဲ့သည်။ မိန့်ခွန်းပြောအပြီးတွင် ဆေးရုံအုပ်က ကြိုတင်မှာကြားထားသည့်အတိုင်း ချောင်းဟန့်လိုက်သည်နှင့် လူနာအားလုံး လက်ခုပ်တီးကြသည်။ ထိုအချိန်တွင် လူနာတစ်ယောက်က ရုတ်တရက်ရှေ့ထွက်ပြီး အကြီးအကဲကို ပါးတစ်ချက်ရိုက်လိုက်ပြီး ပြောလိုက်သည်မှာက...

August 11, 2012

ဦးတေဇ ပိုင်ဆိုင်သောအဓိကလုပ်ငန်းများ

၁။ အဲပုဂံ (Air Bagan) မြန်မာနိုင်ငံ၏ ပထမဆုံးသော ပုဂ္ဂလိက လေကြောင်းလိုင်း ဖြစ်ပြီး ATR42-320, ATR72-500 နှင့် FOKKER-100 လေယာဉ်များ အပါအဝင် လေယာဉ် (၁၂) စင်းပါဝင်သည်။ ပြန်လည်ရောင်း ချမည်ဆိုပါက အမေရိကန် ဒေါ်လာ (၂၅) သန်းမှ သန်း (၃၀) အကြားတွင် ရရှိ နိုင်သည်ဟု ခန့်မှန်းရသည်။ ရန်ကုန်မြို့ရှိ အေးရှားဂရီးန် ဘဏ်ခွဲတခု ၂။ အေးရှားဂရီးန် ဖွံ့ဖြိုးရေးဘဏ် (Asia Green Development Bank) နေပြည်တော် ဇဗ္ဗူသီရိမြို့သစ်ရှိ နေပြည်တော်ဘဏ်ရပ်ဝန်း၌ (၂၀၁၀) သြဂုတ်လ ၆ ရက်နေ့တွင် စတင် ဖွင့်လှစ်ခဲ့သည်။ Aureum Palace ဟိုတယ်တခု ၃။ ဟိုတယ်လုပ်ငန်းများ အော်ရီယမ်နန်းတော် (Aureum Palace)...

လူ၊ မူ နှင့် လျော်ကြေး

ထားဝယ် စီမံကိန်း စတင်ပြီ ဆိုကတည်းက ယင်းဒေသရှိ ကျေးရွာ များကို အမြဲတမ်း ကူးချည် သန်းချည် သွားနေသည့် ကိုနေထွန်း တစ်ယောက် အားမလို အားမရ ဆိုသည်။ စီမံကိန်းကြောင့် ပြောင်းရွှေ့ပေးရမည့် နေအိမ်များကိစ္စ၊ ဥယျာဉ်ခြံမြေများ၊ သီးပင်စားပင်များအား လျော်ကြေးပေးသည့် ကိစ္စများ စံမတူ။ အထူး စီးပွားရေးဇုန် ဧရိယာ နဘုလယ်နှင့် ထားဝယ်-ထိုင်း လမ်းဖောက် လုပ်ရာ ကရင်တိုင်းရင်းသားအများစု နေထိုင်ရာ ဒေသတို့တွင် စီမံကိန်း တာဝန်ရှိ သူများ၏ စံနှုန်းမညီ လုပ်ကိုင်မှုနှင့် ပတ်သက်ပြီး...

မကျေဘူး

Facebook မှ ကူးယူဖေါ်ပြ...

August 10, 2012

ခေတ်သစ် အဖော်မွန်

Facebook မှ ကူးယူဖေါ်...

သူ့တာဝန် အရေး(၃) ပါး

Facebook မှ ကူးယူဖေ...

မြစ်ဆုံစီမံကိန်းက စက်ယန္တရားတွေ ပြန်ပို့မယ်

ဧရာဝတီ မြစ်ဆုံ ရေအားလျှပ်စစ်ထုတ်လုပ်ရေး စီမံကိန်းမှာ အသုံးပြုတဲ့ တရုတ် စက်ပစ္စည်းနဲ့ ယန္တရားတွေကို တရုတ်နိုင်ငံကို ပြန်လည်ပို့ဆောင်ဖို့အတွက် မနေ့တုန်းက နေပြည်တော်မှာ ပြုလုပ်တဲ့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် အစည်းအဝေးက ဆုံးဖြတ်လိုက် ပါတယ်။ အခုလို ဆုံးဖြတ်လိုက်တာကို ကြည့်ခြင်းအားဖြင့် သမ္မတ ဦးသိန်းစိန် ကြေညာထားတဲ့အတိုင်း ၂ဝ၁၅ ခုနှစ်အတွင်းမှာ လုံးဝ ဆက်မလုပ်ဘူးဆိုတဲ့ သဘောရှိပါတယ်။ မြစ်ဆုံရေကာတာ ဆက်လုပ်ခွင့်ရမယ့် အခြေအနေ မရှိတာကြောင့်...

ကွန်ပြူတာစစ်ပွဲ (အပိုင်း-၁)

"သတင်းတွေကို ထုတ်ပြန်တဲ့အခါမှာ တယောက်နဲ့တယောက် လက်ဦးမှု အရင်လိုချင်ကြတယ်ပေါ့နော်။ အင်တာနက် စစ်ပွဲလို့ ခေါ်တယ်။ Cyber War ရဲ့ အဓိက ဦးတည်ချက်က အဲဒါပဲခင်ဗျ။" မေး။ ။ "အင်တာနက် စစ်ပွဲတွေ ဘယ်တုန်းကလောက် စဖြစ်တာလဲ၊ အဲဒါလေး ပြောပြပေးပါအုံး။" ဖြေ။ ။ "Cyber War တကယ်စဖြစ်တာက ၉၉ ခုနှစ် နောက်ပိုင်းလောက်မှာ ဖြစ်တာ။ ကိုရီးယားနဲ့ တရုတ်၊ နောက် အမေရိကန် တွေနဲ့ ပတ်သက်ပြီးတော့ cyber war စဖြစ်လာတာ ခင်ဗျ။ များသောအားဖြင့် ဖြစ်တာ နှစ်ခု ရှိတယ်။ တခုက သူတို့ အင်ဖော်မေးရှင်း (သတင်းအချက်အလက်တွေ)ကို ကိုယ်က သွားပြီးတော့ ဖျက်ဆီးချင်တာ။ နောက်တခုကျတော့ အဲဒီ imaformation...

ဒါမှ မီဒီယာသမားကွာ...

ခေါင်းစဉ်ကို ကိုယ်ဘာသာကိုယ် ပေးလိုက်တာပါ။ Facebook မှ ကူးယူဖေါ်ပြသ...

ကော့သောင်း ကျောက်မီးသွေးသုံး စက်ရုံ စမ်းသပ်လည်ပတ်ပြီး ရပ်နားထား

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့ပေါ်ရှိ ကျောက်မီးသွေး လောင်စာသုံး လျှပ်စစ်ဓါတ်အားပေး စက်ရုံကို သြဂုတ်လ ၆ ရက်နှင့် ၇ ရက်နေ့များက စတင်စမ်းသပ် လည်ပတ်ခဲ့ပြီးနောက် ပြန်လည် ရပ်နားထားလိုက်ရကြောင်း ဒေသခံများက ပြောသည်။ လျှပ်စစ်ဓါတ်အား ၈ မဂ္ဂါဝပ်ထုတ်လုပ်မည့် အဆိုပါစက်ရုံ စတင်လည်ပတ်ရာမှ ထွက်ပေါ်လာသည့် ကျယ်လောင်သံများ ကြောင့် အနီးဝန်းကျင်ရှိ နေအိမ်များ တုန်ခါခြင်းနှင့် စာသင်ကျောင်းမှ ကလေးငယ်များ ကြောက်လန့် ထွက်ပြေးခြင်းများ အပြင် အနံ့အသက်ဆိုးများကိုလည်း ရှူရှိုက်ရသည်ဟု သန်းဖြိုးသူ ကုမ္ပဏီ လိမိတက် ပိုင်ဆိုင်သည့် စက်ရုံရှိရာ ရွှေပြည်သာ ရပ်ကွက်နေသူတို့က ပြောသည်။ “၆...