အကောင်းဆုံးဖြစ်အောင် ကြိုးစားလျှက်ပါ
ပေါက်ကရ ဘလော့ဂ်တွင် Post များ ပြန်တင်နေပါသည်။ အားလုံး ကျေးဇူးတင်ပါတယ်။

July 21, 2008

မဲခေါင် ငါလာတယ် မင်းဆီကို

မဲခေါင် - ငါဟာ ကဗျာဆရာ
ငါလာတယ် မင်းဆီကို
မင်းရဲ့သဘာဝအလှတရားတွေကို ခံစားဖို့
မင်းရဲ့အတွင်းရေးတွေကိုစုံစမ်းဖို့
ပြီးတော့ မင်းနဲ့ချစ်ကြည်ရင်းနှီးဖို့
မင်းဆီကို ငါလာခဲ့ပေါ့

မဲခေါင်- မင်းဟာ လူသားတစ်ယောက်နဲ့တူရဲ့
မင်းမှာ ခေါင်းရှိတယ် ခန္ဒာကိုယ်ရှိတယ်
မင်းရဲ့ အရပ်က ကီလိုမီတာ ၄၈၀၀ ရှည်လျားပြီး
မင်းရဲ့ ခန္ဒာကိုယ်ထဲမှာတော့
သွေးဆဲလ်ပေါင်း ၆၅ သန်းကျော်စီးဆင်းလှုပ်ရှားနေကြပေါ့

မဲခေါင်- မင်းဟာမင်းရဲ့ဦးခေါင်းကို
တရုတ်ခေါင်းအုံးပေါ်တင်ပြီး အိပ်စက်လဲလျောင်းနေလေရဲ့
ဒါကြောင့် ရှည်လျားတဲ့မင်းရဲ့ဆံပင်တွေဟာ
ယူနန်က ထွက်တဲ့ လက်ဖက်ခြောက်ရနံ့သင်းနေတာပေါ့

မဲခေါင်- မင်းဟာ မင်းရဲ့ ပခုံးသားတွေကိုတော့
မြန်မာပြည်တောင်တန်းကြီးတွေပေါ်မှာ မှီထားတယ်
အဲဒီ တောင်တန်းကြီးတွေက
မင်းကိုသက်တောင့်သက်သာရှိစေတယ်

မဲခေါင်- မင်းရဲ့ရင်သားအစုံကတော့
လာအိုရဲ့ ကောက်ညှင်းဆန် လယ်ကွင်းတွေလိုပါပဲလား
ဖွံ့ထွားဝင်းမှည့်ပြီး အဝါရောင်တွေသန်းလို့
မင်းရဲ့ရင်နှမွှာကြားကလည်း လာအိုကော်ဖီရနံ့တွေ သင်းလို့

မဲခေါင် - မင်းရဲ့ ဝမ်းဗိုက်ဖြူဖြူဖွေးဖွေးကတော့
ခေတ်ဆန်လှတဲ့ ယိုးဒယားမလေးတွေရဲ့
အင်္ကျီတိုတိုနဲ့ ဂျင်းန်ပန်ဘောင်းဘီကျပ်ကျပ်ကြားမှာ
လှပ်ထားတဲ့ဗိုက်သားနဲ့ တူလှရဲ့
မင်းကတော့မင်းရဲ့ဗိုက်သားပေါ်မှာ
သစ်ခွရောင်စုံတွေ စီခြယ်ထားခဲ့သပေါ့

မဲခေါင် - မင်းရဲ့တင်သားတွေကတော့
ကမ္ဘောဒီးယား အန်းကောဝပ်က သဲကျောက်တုံးကြီးတွေလိုပဲ
ကြီးမားတယ်၊ ခိုင်ခံ့တယ်၊ ဆန်းကျယ်တယ်
ပြီးတော့ အနုပညာလည်းဆန်လှသေးတယ်

မဲခေါင် - မင်းဟာ မင်းရဲ့ သွယ်လျတဲ့ ခြေတံတွေကိုတော့
ဗီယက်နန် မြစ်ကျွန်းပေါ်ဒေသက
စိမ်းစိုနေတဲ့ စပါးခင်းတွေကြားထဲမှာ
အလှပဆုံး ပုံသဏ္ဌန်နဲ့ကွေးညွတ်ခွဲဖြာချထားခဲ့လေပေါ့

မဲခေါင် - မင်းဟာ လူသားတစ်ယောက်နဲ့ တကယ်ကိုတူလှရဲ့
မင်းမှာ ခန္ဓာကိုယ် အစိတ်အပိုင်းတွေသာမက
စိတ်ဝိညာဉ်၊ အသည်းနှလုံးနဲ့ ဦးနှောက်လည်းရှိသေးရဲ့
ဒါကြောင့်လည်း မင်းခံစားတက်ခဲ့၊ မင်းဖန်တီးတက်ခဲ့
ပြီးတော့ မင်းစဉ်းစားတွေးခေါ်တတ်ခဲ့တာပါ

မဲခေါင် - လူ့ယဉ်ကျေးမှု ထွန်းကားခဲ့တဲ့
နှစ်ပေါင်း ၃၀၀၀ ကျော်အတွင်း မင်းဖြတ်သန်းရင်း
မင်းဖန်ဆင်း မင်းချန်ထားခဲ့တာတွေ အများကြီးရှိပါလား

မဲခေါင် - မင်းမှာ သမိုင်းအဖြစ်အပျက်တွေ ရှိတယ်
ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်တွေရှိတယ်
ဘာသာအယူဝါဒတွေ ရှိတယ်
အစဉ်အလာဓလေ့ထုံးတမ်းတွေ ရှိတယ်
ပြီးတော့ ဒဏ္ဍာရီပုံပြင်တွေနဲ့ ကျေးလက်သီချင်းဂီတတွေရှိတယ်
ဒါတွေဟာ မင်းဖြတ်သန်းခဲ့တဲ့
မင်းဘဝရဲ့ မှတ်တိုင်တွေနဲ့ ဒိုင်ယာရီတွေပဲ

မဲခေါင် - မင်းရဲ့ ဒဏ္ဍာရီပုံပြင်တွေ ငါနားထောင်ခဲ့ရ
အထူးသဖြင့် နဂါးပုံပြင်တွေ လင်းပိုင်ပုံပြင်တွေပေါ့
နဂါးဟာ မင်းခန္ဓာကိုယ်ထဲကနေ မွေးဖွားခဲ့သလို
လူသားလင်းပိုင်ဟာလည်း မင်းရင်ခွင်ထဲမှာ နေထိုင်ဆဲပါပဲ
ဒါတွေဟာ မင်းဘဝသမိုင်းမှာ တကယ်ဖြစ်ခဲ့တာတွေပဲလား
ဒါမှမဟုတ် ပုံပြင် ဒဏ္ဍာရီသက်သက်ပဲလား
ဘယ်လိုပဲဖြစ်ပါစေ လူတွေကတော့
ဒီပုံပြင်တွေကို ဒီကနေ့အထိ ပြောနေကြတုန်း
ကြိုက်နေကြတုန်း၊ ယုံကြည်နေကြတုန်း
ငါ ကြားခဲ့ရ ငါမြင်ခဲ့ရ
ငါ့အတွက်တော့ ဒါဟာ စိတ်ဝင်စားစရာ
သဘာဝလွန် ဆန်းကျယ်မှုတစ်ခုဖြစ်ခဲ့ပေါ့

မဲခေါင် - မင်းဟာ ဗုဒ္ဓဘာသာကိုလည်း သက်ဝင်ယုံကြည်ခဲ့
ဟိန္ဒူမူလအစပြုလို့ ဗုဒ္ဓဘာသာဖြစ်လာတဲ့
ယုံကြည်ကိုးကွယ်မှု ဝိညဉ်ကို
မင်းအသွေးအသားထဲမှာ ငါတွေ့ခဲ့ရ
ဝပ်ဖူး၊ အန်းကောဝပ်၊ ပုဂံ - ရှေးဟောင်းဘုရားကျောင်းတော်ကြီးတွေ
ဒါတွေဟာရင့်ကျက်ခိုင်မာလှတဲ့ မင်းရဲ့ ယဉ်ကျေးသိမ်မွေ့မှုတွေ
ပြီးတော့ အိန္ဒိယတောင်ပိုင်းက ဆင်းသက်လာခဲ့တဲ့ ဘာသာစကား
မင်းနှလုံးသားထဲမှာ ပြောကြားနေကြ၊ ရေးသားနေကြ
ကွဲပြားပေမယ့် အခြေခံက အတူတူသာပ

မဲခေါင် - မင်းနှလုံးသားထဲမှာ
ကျေးလက်သီချင်းဂီတတွေလည်း မြူးကြွလို့
မင်းရဲ့ သိမ်မွေ့လှတဲ့ အနုပညာကို ငါခံစားခဲ့ရ
ငါ့စိတ်တွေ တိမ်းညွတ်ပျော့ပျောင်းလန်းဆန်းခဲ့ရ
မင်းရဲ့ပွဲတော်ညတွေမှာလည်း ငါပျော်ရွှင်ခဲ့ရပေါ့

မဲခေါင် - ရိုးစင်းလှတဲ့ လူမှုဘဝတွေကိုလည်း
မင်းနှလုံးသားထဲမှာ ငါတွေ့ခဲ့ရပြန်ပေါ့
မင်းရဲ့ခန္ဓာကိုယ်ကို အမှီပြုပြီး ရှင်သန်နေကြရတဲ့
လယ်သမားတွေ၊ တံခါသည်တွေ၊ လက်လုပ်လက်စားတွေပေါ့
သူတို့ဟာ မင်းရဲ့ သားသမီးတွေနဲ့ တူရဲ့
ဒါကြောင့်လည်း သူတို့က မင်းကို
“မိခင်မြစ်မကြီး” လို့ အမြတ်တနိုး ခေါ်ခဲ့ကြတာမဟုတ်လား

မဲခေါင် - တကယ်တော့လည်း မင်းဟာ
အကြင်နာတရား၊ ကရုဏာတရား၊ မေတ္တာတရားတွေ အပြည့်ရှိတဲ့
ပီဘီမိခင်တစ်ယောက်ပါပဲ

မဲခေါင် - မင်းဟာ မင်းရဲ့ ခန္ဓာကိုယ်ပေါ်မှာ
တောင်တန်းတွေ၊ သစ်တောတွေ၊ လယ်ကွင်းတွေ
မြစ်လက်တက်တွေ၊ ရေလယ်သောင်ကျွန်းတွေ၊ ရေတံခွန်တွေ
ပြီးတော့ ရိုးစင်းတဲ့ လူမှုဘဝတွေနဲ့
သဘာဝအလှတရားကို ဖွဲ့သည်းထားခဲ့ရဲ့
မင်းရဲ့ အလှတရားမှာ ဘာခေတ်မီဆန်းသစ်မှုတွေမှ မပါ
သဘာဝ သဘာဝအတိုင်းသာ ဖွဲ့စည်းထားခဲ့
ရိုးစင်းမှုဟာ အဆန်းကျယ်ဆုံးနဲ့ အလှပဆုံးဆိုတာ
အခုတော့ ငါတော့ ငါ သိခဲ့ရပြီ

မဲခေါင် - မင်းနှလုံးသားနဲ့ မင်းခန္ဓာကိုယ်ဟာ
အမှန်တကယ်ကို လှပလွန်းရဲ့
ဒါပေမယ့် မင်းရဲ့ ခန္ဓာကိုယ်ပေါ်မှာ
ဒဏ်ရာ အနာတရ တချို့ဖြစ်နေတာကိုလည်း ငါတွေ့ခဲ့ရ
မင်းရဲ့ သွေးကြောတချို့ပိတ်နေတာကိုလည်း ငါစုံစမ်းသိရှိခဲ့ရ
ဘယ်သူတွေကများ မင်းကို အနာတရဖြစ်အောင် လုပ်နေကြသလဲ
ဘယ်သူတွေကများ မင်းရဲ့ သွေးကြောတွေကို ပိတ်ဆို့နေကြသလဲ
ငါသိပြီ - လူတချို့က မင်းကို ပိုပြီး တိုးတတ်ခေတ်မီအောင် ဆိုပြီး
ခေတ်မီနည်းပညာတွေနဲ့ အလှဆင်ပေးချင်နေတာကိုး
မင်းရဲ့မျက်နှာပေါ်မှာ မိတ်ကပ်တွေ လူးပေးချင်နေကြတာကိုး
ရိုးသားတဲ့ မဲခေါင်ရေ
သူတို့ကို မယုံစားလိုက်လေနဲ့
သူတို့က မင်းရဲ့ ခန္ဓာကိုယ်ပေါ်မှာ
ခေတ်မီ အဝတ်အစားသစ်တွေ ဝတ်ဆင်ပေးပြီး
မင်းကို ဈေးကွက်တင်ကြမှာ၊ ရောင်းစားကြမှာ
မိစ္ဆာတွေလို မင်းရဲ့ သွေးတွေကို စုပ်ပြီး အမြတ်ထုတ်ကြမှာ
မင်းရဲ့ အပျိုရည် သဘာဝတရားကို ဖျတ်ဆီးပစ်ကြမှာ

မဲခေါင် - ဒီမှာ ငါ ပြောမယ်
သူတို့ကို မယုံကြည်လေနဲ့
ခေတ်ဆန်ပြီးလည်း မလှချင်ပါနဲ့
ဒီလိုမှ မဟုတ်ရင်တော့
မင်းရဲ့ သဘာဝ အလှတရားဟာ ပျက်စီးသွားလိမ့်မယ်
မင်းရဲ့ ခန္ဓာကိုယ်ဟာ ခမ်းခြောက်သွားလိမ့်မယ်
မင်းရဲ့ ဘဝဟာ သေဆုံးသွားလိမ့်မယ်

မဲခေါင် - မင်းသေလို့တော့ မဖြစ်ဘူး
မင်းသေသွားရင်
မင်းရဲ့ သမိုင်း၊ မင်းရဲ့ ယဉ်ကျေးမှု
မင်းရဲ့ သားသမီးတွေ အားလုံးသေဆုံးသွားလိမ့်မယ်

မဲခေါင် - ငါဟာ မင်းရဲ့ ဈာပနကို မမြင်ချင်ဘူး
ကျန်းမာသန်စွာ လှုပ်ရှားနေတဲ့
မင်းရဲ့ သဘာဝအလှတရားကိုသာ ငါထာဝရမြင်လိုတယ်
ဒါကြောင့် ငါ မင်းကို ကယ်ဆယ်ရလိမ့်မယ်

မဲခေါင် - ငါလာတယ် မင်းဆီကို
ငါဟာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းတဲ့
ပညာရှင်တစ်ယောက် မဟုတ်ဘူး
ငါဟာ ကဗျာဆရာဆိုတာ သဘာဝတရားကို
သူများတကာထက်ပိုပြီး ချစ်မြတ်နိုးတတ်တဲ့သူ မဟုတ်လား။ ။

မင်းထက်မောင်

Apple


ကုမ္ပဏီအမည်ပေးဖို့ Steve Job တစ်ယောက် သုံးလတိုင်တိုင် စဉ်းစားမရခဲ့ပါဘူး။ စီးပွားရေးလုပ်ငန်းကြီးတစ်ခုလည်း ဖြစ်လာစေချင်တယ်။ ကုမ္ပဏီအသစ်လည်း ဖြစ်နေတယ်။ ဖြစ်ချင်တော့ ကုမ္ပဏီရယ်လို့ တည်ထောင်ဖွဲ့စည်းပြီးခဲ့ပြီ။ တရားဝင် စာရွက်စာတမ်းတွေနဲ့တကွ ရုံးဌာနတွေကို မလျှောက်ရသေးတာသာ ရှိတာ ဝန်ထမ်းတွေလည်း ခန့်အပ်ထားခဲ့ပြီ။ ဒါပေမယ့် နာမည်ကလည်း စဉ်းစားမရ။ အဲဒီလိုနဲ့နေရင်း တစ်နေ့တော့ သူ့ဝန်ထမ်းကို ခေါ်ပြီးပြောတယ်။ တကယ်လို့ ဒီနေ့ ငါးနာရီမှာ ကျွန်တော့်ကို အကောင်းဆုံး အမည်ပေးနိုင်တဲ့လူရှိရင် အဲဒီနာမည်နဲ့ ကျွန်တော်လိုင်စင်လျှောက်လိုက်တော့မယ်ဗျာ။

ဒါပေမယ့် ကံဆိုးချင်တော့ ညနေ ငါးနာရီသာ ထိုးသွားရော။ ဘယ် လူတစ်ယောက်ကြောင်တစ်မြီးကမှ သူလိုချင်တဲ့အကောင်းဆုံးအမည်ကို စဉ်းစားမပေးနိုင်ခဲ့ဘူး။

အဲဒီအချိန်မှာ နာမည်လာပေးနိုး လာပေးနိုးနဲ့ စတိဗ်ဂျော့ဘ်တစ်ယောက် 'ပန်းသီး' တစ်လုံးကို ထိုင်စားရင်း စောင့်နေခဲ့တယ်။ ကံကောင်းချငတော့ သူ့ကုမ္ပဏီအတွက် အကောင်းဆုံးအမည်ကို စဉ်းစားလို့ ရသွားခဲ့တယ်။ အဲဒီမှာ 'Apple' ဖြစ်လာခဲ့တယ်။

July 20, 2008

ကွန်ပျူတာဟာ အထီးလား၊ အမလား.....

အထီးဖြစ်နိုင်တဲ့ အကြောင်းအရင်း

- သံသယဖြစ်လောက်စရာ အချက်အလက်တွေ အများအပြား ရှိနေတယ်။ ဒါပေမယ့် သဲလွန်စ ရှာမတွေ့ဘူး။
- ပြဿနာတွေကို ကူညီဖြေရှင်းပေးတယ်။ ဒါပေမယ့် အဲဒီအကူအညီတွေက ပြဿနာတွေ ဖြစ်နေပြန်တယ်။
- ပစ္စည်းအသစ်ကောင်းကောင်းလေး တပ်ဆင်ခါစမှာ အမိန့်ကို ကျိုးနွံ နာခံတတ်တယ်။ အဲ….. ပြီးရင်တော့ ပစ္စည်းအသစ် ကောင်းကောင်းလေးကို ပြန်လည်တောင်းဆိုပြန်လေရော…။
- သူတို့ရဲ့ အာရုံစူးစိုက်မှုရရှိဖို့ ဇက်ကြိုးနာနာ တင်းပေးဖို့ လိုတယ်။ သူတို့ဟာ အာရုံတွေ ထွေပြားနေတတ်ကြတယ်။
- ညတွေမှာ သိမ်မွေ့စွာ အားကြီးနေတတ်သည်။ မီးပလပ်ကြိုးကို ဖြုတ်ပြီး အနားပေးထားတာတောင် ပင်လယ်လှိုင်းလုံးတွေကို တအိအိနဲ့ စွမ်းအားပြည့်နေတတ်တယ်။

အမဖြစ်နိုင်တဲ့ အကြောင်းအရင်း

- အတွင်းပိုင်းစိတ်သဘောထားကို နားလည်တဲ့ လူတစ်ယောက်မှ မရှိဘူး။ ဖန်တီးသူတွေ ကိုယ်တိုင်တောင် နားမလည်ဘူး။
- လူတွေသဘောမပေါက်နိုင်တဲ့ ဘာသာစကားတွေ သုံးစွဲပြီး တခြားကွန်ပျူတာတွေနဲ့ ဆက်သွယ်တတ်လေ့ရှိတယ်။
- အမိန့် မှားယွင်းပေးမိရင် 'မင်းလုပ်တာ ငါရူးသွားပြီ။ ဒါပေမယ့် အဲဒါကို ငါ…… ဘယ်တော့မှ ပြောမှာ မဟုတ်ဘူး' ဆိုတဲ့ အဓိပ္ပါယ်နှစ်ခွ စကားတွေကို ပြောတတ်ကြတယ်။
- တကယ်သေးဖွဲ့တဲ့ အမှားအယွင်းကလေးတစ်ခုပဲရှိတာ တောင် နှစ်ရှည်လများ သိမ်းဆည်းထားတတ်တယ်။
- သူတို့ကို တာဝန်စယူလိုက်ပြီဆိုတာနဲ့ ယုယမှုပေးရတော့ မယ်။ အချိန်ပေးရတော့မယ်။ ငွေကုန်ရတော့မယ်။ ပစ္စည်းတွေ ဝယ်ပေးရတော့မယ်။

မင်းမရှိတဲ့အခါ

အတိတ်ဆိုတာ
ပြန်လည်တူးဖော်ယူလို့ရခဲ့ရင်
မင်းနဲ့အတူ ရှိခွင့်ရတဲ့
အချိန်တွေကို
ပြန်လည်ပိုင်ဆိုင်ချင်ပါတယ်။

မင်းနဲ့ဝေးသွားခဲ့ပေမယ့်
မင်းရဲ့အရိပ်ကလေးကတော့
ကိုယ့်ရင်ထဲမှာ
ထာဝရမပျောက်ကွယ်ဘဲ
ရှိနေမှာပါ။

အချစ်ဆိုတာကို
ခွဲခွာခါနီးမှာ သိလိုက်ရတော့
ကိုယ့်အတွက် ခံစားမှုက
ရင်နှင့်အမျှဆိုတာ
မင်းတစ်ယောက် သိနိုင်ပါ့မလား။

မင်းမရှိတော့တဲ့
နေရာဟောင်းလေးမှာ
မင်းထားခဲ့တဲ့
လွမ်းဆွတ်မှုတွေနဲ့
အားလုံးက ကိုယ်အတွက်တော့
အချိန်တိုင်း သတိရစရာတွေပါ။

ရင်ထဲက မပြောဖြစ်ခဲ့တဲ့
စကားတစ်ခွန်းအတွက်
မင်းကြားနိုင်ခွင့်ရှိမယ်ဆိုရင်
ကိုယ်တိုးတိုးလေး ပြောလိုက်ချင်ပါတယ်
"ကိုယ်မင်းကို သိပ်ချစ်တယ်"

KZML
(အဲဒီကဗျာလေးကိုတော့ ဒီနေရာမှ ကူးယူတင်ပြထားပါတယ်)

သို့..............

ရင်မှာတိတ်တခိုး ခံစားစိတ်နဲ့
အချစ်များကို ဖွင့်ပြောမည်ကြံ
ခင်မင်မှုစည်းခြားထားလေတော့
ရင်မှာသိုဝှက် မျိုသိပ်လျက်
နှောင်တွယ်ရစ်ငင် သံယောဇဉ်တွေ
တဖြည်းဖြည်းတိုး စိတ်မှာစိုးမိုး
တစ်နေ့မှမေ့မရ ငါ့ရဲ့ဘဝ
ဝေဒနာကိုပြေရာပြေကြောင်း
ဘုရားမြတ်ထံတောင်းဆုပန်မယ်
အဖြူရောင်အသည်း မပြောင်းလဲဘဲ
ဒီအတိုင်းပဲကောင်းပါတယ်………

zattlike

July 19, 2008

၁၉ ဂျူလိုင်သို့

၁၉ ဂျူလိုင်
ဘယ်မှာမေ့နိုင်မှာတုန်း
တို့တွေရဲ့ ကြမ္မာနတ်ဆိုး
ဂျူလိုင်မိုးစက်တွေနဲ့အတူ
အဲ့ဒီနေ့ကစရောက်လာခဲ့တော့
ဒီသမိုင်း အရိုင်းဖြစ်
အားလုံးသွတ်ချာပါဒ မီးလောင်
တို့ပြည်သူခမျာ ငိုကျွေးနေခဲ့ရ
အဲ့ဒီနေ့ကစလို့ (၆၁) နှစ်တိုင်ခဲ့ပြီ
အာဇာနည် အဘတို့ရေ။ ။

သခင်အောင်ဆန်း
သခင်… သခင်… သခင်
သခင်များလက်နဲ့ရေးခဲ့တဲ့သမိုင်း
အာဏာရူးတို့ ခြေနဲ့ဖျက်လို့
တို့ပြည်သူဘဝ
စစ်ကျွန်ဘဝရောက်ခဲ့ရပြီလေ။ ။

ဗိုလ်ချုပ်ရေ….
ဗိုလ်ချုပ်ရေ…..
ဗိုလ်ချုပ်ရေ….. လို့
တကြော်ကြော်
ရင်ထဲက အော်ခေါ်ရင်း
ဒီ အဓမ္မလှိုင်းတွေအောက်
တို့တွေ ဘဝလုကူးခတ်နေခဲ့ရတာ
ဖတ်ဖတ်ကိုမော လုံးပါးပါးလို့
အသက်ဝအောင်တောင် မရှူနိုင်ကြတော့ပေ။ ။

(အို)
“ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ
အာဇာနည်ခေါင်းဆောင်ကြီးများ
သားခွပ်ဒေါင်းပျိုတို့အား
အမှန်ဆုံး အမြန်ဆုံးနဲ့
မြန်မာ့သမိုင်း တခေတ်ဆန်းအောင်
အလင်းရောင် ခွန်အားများပေး
လမ်းပြကြပါခင်ဗျာ”

ရဲဝင့်သူ

July 18, 2008

အတ္တမှန်တစ်ချပ် ဖြတ်ကနဲကွဲပြန့်ချိန်

လူတွေကို ငါမယုံဘူး
ငါ့ကိုငါမယုံတာ ပိုခက်တယ်၊
ငါမှန်မကြည့်ရဲဘူး
မှန်တစ်ချပ်
ငါ့....ကြောင့်....
အထိတ်တလန့်ဖြစ်သွားမှာ
ကြောက်...တယ်။

ကောင်းတာတွေမှလိုချင်တတ်တဲ့
ငါ့ရဲ့အကောင်းမြင်စိတ်ဓါတ်ကို
ငါမမြင်ခဲ့မိဘူး သူငယ်ချင်း။

ငါ့အတွေးနဲ့ငါ
ငါခံစားမိသမျှတွေ
ငါရေးချင်ရာရေး
မကြိုက်ဘူးပြောရင်
ငါ့စိတ်ထဲမှာ
စာတစ်ပုဒ်ရဲ့အကြောင်း
ဘယ်လောက်သိသလဲ။

စာတစ်ပုဒ်ကိုဖန်တီးရတာ
ဘယ်လောက်ခက်သလဲ
ပြန်ပြောမိတယ် သူငယ်ချင်း။

ဖြစ်နေတာတွေဟာ
အမှန်တရားတွေဘဲ
လိုချင်တာမရတာ
ငါ့အရည်အချင်းဘဲ
ငါမမြင်နိုင်ဘူး။

လော...က...ကြီး....ကို....သာ
တစောင်းမြင်မိတယ်သူငယ်ချင်း။
ငါထမင်းငတ်ခဲ့ဘူးတယ်
ငါအိပ်ရေးပျက်ခဲ့ဘူးတယ်။

အခု
ငါထမင်းငတ်မှာ ကြောက်တယ်
ငါအိပ်ရေးပျက်မှာ ကြောက်တယ်
ငါအဲယားကွန်းပျက်မှာ ကြောက်တယ်
ငါပင်ပန်းတဲ့ အလုပ်ကိုကြောက်တယ်
ငါအင်တာနက်ကို ချစ်တယ်
ငါကွန်ပြူတာကို စွဲလန်းတယ်
ငါဒေါ်လာကို တမ်းတတယ်
ငါစတိုင်ဘောင်းဘီကို ကြိုက်တယ်
ငါမိန်းမလှလေးတွေကို မြတ်နိုးတတ်တယ်။

မဲညစ်နေတဲ့ ငါ့ကိုယ်ကြီးကို
သက်တန့်ရောင်စုံတွေတောင်
လက်မှိုင်ချသွားတယ်။

တိမ်ဖြူဖြူတွေကြားငါဖြတ်သွားလဲ
ငါ့ခန္ဓာကိုယ်ကြီးတောက်ပမလာဘူး။

မိုးတိမ်တွေကြားငါဖြတ်သွားလဲ
ငါ့ခန္ဓာကိုယ်ကြီးသန့်ရှင်းမလာဘူး။

ကမ္ဘာလုံးကြီးကို ဆပ်ပြာတစ်လုံးအလား
ငါ့ကိုယ်ပေါ်ခပ်ကြမ်းကြမ်းပွတ်တိုက်လည်း
ဘာမှထူးမလာဘူး သူငယ်ချင်း။

ငါမှန်မကြည့်ရဲဘူး
မှန်ထဲမှာငါ့အရိပ်
မည်းနက်သိပ်သည်းနေလိမ့်မယ်။

Ko Ko Gyi

July 17, 2008

မင်းတစ်ယောက်တည်း

အချိန်တိုင်း စက္ကန့်တိုင်း မဟုတ်ပေမယ့်
နေ့တစ်နေ့ရဲ့ အစိတ်အပိုင်း အတော်များများမှာ
မင်းကိုသတိရနေမိတယ်။

ငါ့ရဲ့မျှော်လင့်ခြင်းနဲ့ လိုအပ်ခြင်းဟာလဲ
မင်းတစ်ယောက်တည်းပါ။

မင်းမရှိရင် မနေနိုင်တာ မဟုတ်ပေမယ့်
ငါမနေတတ်ဘူးဆိုတာ ၀န်ခံပါတယ် ချစ်သူ
တိုက်ဆိုင်မှုမရှိဘဲ သတိရခဲ့တာ
မင်းကလွဲလို့ ဘယ်သူမှ မရှိခဲ့ပါဘူး။

မင်းနဲ့တွေ့မှ နိုးထလာတဲ့ ငါ့နှလုံးသား
မင်းရဲ့အချစ်နဲ့ နိုးထခွင့်ပြုပါ။

zattlike

July 16, 2008

တန်ဖိုး

ကျွန်မထင်တာ လူ့ဘ၀ပာာ မီးပုံးပျံတစ်ခုလိုပါပဲ။ တချိန်ကျရင် မီးလောင်ပြီး ပျောက်ဆုံးသွားမယ် ဆိုတာသိရက်နဲ့ လည်း မီးပုံးပျံကို လွတ်တင်တဲ့ သူတွေပာာ သူတို့ရဲ့ မီးပုံးပျံတွေကို အမြင့်တကာ့ အမြင့်ဆုံးကို လှလှပပလေး ရောက်ပြီးမှ ပေါက်ကွဲ ပျက်စီးစေချင်ကြတာပါ။ အဲ့ဒီလိုပါပဲ လူတွေပာာလည်း တနေ့သေကြရမယ်ဆိုတာ သိနေပေမယ့်လည်း ကိုယ်အသက်ရှင်နေသေးသရွေ့ ဘ၀ရဲ့ အအောင်မြင်နိုင်ဆုံး ထိပ်ဆုံးကို ရောက်ပြီးမှ သေဆုံးသွားရရင် ပိုမကောင်းဘူးလား။ မီးပုံးပျံပာာ ပိာုးအမြင့်ကြီးကို လှလှပပလေး ရောက်ပြီးမှ ပေါက်ကွဲသွားခဲ့ ရင်တောင်မှ အဲ့ဒီမီးပုံးပျံရဲ့ နာမည်နဲ့ ပြုလုပ်သူနာမည်ပာာ လူတိုင်းရင်ထဲမှာ ကျန်နေခဲ့မှာပါ။ အရည်အချင်း ပြည့်တဲ့ တန်ဖိုးရှိတဲ့ လူတစ်ယောက် လူ့ဘ၀ထဲက အပြီးအပိုင် ထွက်သွားဦးတော့ အဲ့ဒီလူရဲ့ မိဘ၊ ညီအကို ဆွေမျိုး အသိုင်းအဝိုင်းနဲ့ အဲ့ဒီလူကိုယ်တိုင်ရဲ့နာမည်ပာာ လူတွေရဲ့ ရင်ထဲမှာ ကျန်ခဲ့ဦးမှာပါ။ “လူပင်သေ သော်ငြား၊ နာမည်ကတော့ မသေဘူး” ဆိုတာလိုပေါ့။ အဲ… နာမည်ဆိုးကြီး မသေဘူး ဆိုရင်တော့ ရှက်စရာ တော်တော်ကောင်းသား……….

လူတွေရင်ထဲမှာ ကိုယ်နဲ့ပတ်သတ်လို့ အကောင်းမကျန်ခဲ့ရင်တောင်မှ အဆိုးမကျန်စေခဲ့ဖို့ အရင်ကြိုးစားသင့် ပါတယ်။ ငါကတော့ လူတွေကို သိပ်ဂရုမစိုက်ပါဘူးလို့ သဘောထားခဲ့ရင်တောင်မှ ကိုယ်ရဲ့ Generationတွေ ကိုယ်ရဲ့ အရိပ်အမည်းကြီးအောက် မရောက်မိစေဖို့တော့ စဉ်းစားပေးကြပါ။

ကျွန်မကို လူတွေက အရမ်း Seriousထားတတ်တဲ့လူလို့ ပြောကြတယ်။ seriousထားလွန်းတာ မကောင်းပေမယ့် ကျွန်မရဲ့ အပြုအမူ အပြောအဆို အနေအထိုင်ဟာ ပေါ့ပျက်ပျက်နိုင်တယ်လို့ လူတွေမပြောကြတာကိုပဲ ကျေနပ်လှပါပြီ။ ပေါ့ပျက်ပျက်လူတွေကို ကျွန်မအရမ်းမုန်းပါတယ်။ သူတို့ရဲ့ပေါ့ပျက်တဲ့ အပြုအမူတွေ အပြောအဆိုတွေကြောင့် သူတပါး စိတ်ဒုက္ခရောက်ကြရပါတယ်။ ကျွန်မကိုယ်တိုင်လည်း အဲ့လိုလူမျိုးတွေကြောင့် စိတ်အနှောင့်အယှက် ခဏခဏဖြစ်ရလွန်းလို့ပါ။ ငယ်ငယ်ကဆို အမေက “ဆားမပါတဲ့ ဟင်းလို ပေါ့ပျက်ပျက်နဲ့” လို့ဆူတိုင်း ခြေဆောင့်ခဲ့မိတာ အခုတော့ အမေပြောတဲ့ ဆားမပါတဲ့ လူတွေတွေ့ရတိုင်း အမေ့ကို အတိုင်းမသိကျေးဇူးတင်မိပါတယ်။ သေသေချာချာ စဉ်းစားကြည့်ရင်တော့ ဆားဆိုတာ မီးဖိုချောင်မှာ ဈေးအပေါဆုံးအရာပါ။ အဲ့လိုဈေးပေါပါတယ်ဆိုတဲ့ ဆားမပါခဲ့ရင် အဲ့ဒီဟင်းဟာ ဟင်းကောင်းတစ်ခွက် မဖြစ်နိုင်တော့ပါဘူး။ လူတွေဆိုရင်တော့…….

"လူတိုင်းတန်ဖိုးရှိသော စကားကိုဆို၍ တန်ဖိုးရှိသော လူဖြစ်နိုင်ကြပါစေ။"

သစ္စာတရား ဆိုတဲ့စကားစုကို
ခပ်လွယ်လွယ်ပြောပြီး
အတွင်းစိတ်က ဖောက်ပြန်နေသူတွေ
လူတွေရဲ့ ယုံကြည်မှုတွေကို
သကာရည်လောင်းထားတဲ့ စကားချိုချိုနဲ့ ရယူပြီး
ပုပ်ပွနေတဲ့ အနံ့ဆိုးတွေ ပြန်ထုတ်ပေးနေသူတွေ
မင်းတို့ရဲ့ ညီစော်နံနေတဲ့
အရေခွံကိုခွာလို့
မင်းတို့ရဲ့ လိပ်ပြာဆီမှာ
မင်းတို့ ဘာသာ ဝန်ခံကြည့်လိုက်ပါ။
မင်းရှက်တယ်ပြီဆိုရင်တော့
ပြင်ဆင်ဖို့ အချိန်ဟာ နောက်မကျပါဘူး။
မင်းမရှက်တက်ဘူးဆိုရင်တော့
……………………………………
သေချာပါတယ်
မင်းဟာ လူ့ပြည်မှားရောက်လာတဲ့
ခပ်ပိန်ပိန် မြေခွေးတကောင်ပေါ့။

May 15

ချစ်သူ့ ဒိုင်ယာလော့စ်

ကို့ကို့… ကို ချစ်ပါသလား?
ချစ်ပါတယ် ကိုကိုရယ်။

ဘယ်လောက်တောင် ချစ်ပါသလဲ?
မိုးလောက်ကြီးချစ်ပါတယ်။

ဘယ်ထဲက ချစ်ပါသလဲ?
နှလုံးသားထဲက ချစ်ပါတယ်။

ဘယ်လောက်ကြာကြာ ချစ်မှာလဲ?
ကမ္ဘာတည်သ၍ ချစ်ပါ့မယ်။

နတ်ပြည်သွားရင်ကော
လိုက်မှာပေါ့

ငရဲပြည်သွားရင်ကော
လိုက်မှာပဲ

မြို့ထဲက အနှိပ်ခန်းတွေသွားရင်ကော
သွားရဲသွားကြည့်…. အကြောင်းသိရမည်။