အကောင်းဆုံးဖြစ်အောင် ကြိုးစားလျှက်ပါ
ပေါက်ကရ ဘလော့ဂ်တွင် Post များ ပြန်တင်နေပါသည်။ အားလုံး ကျေးဇူးတင်ပါတယ်။

July 17, 2008

မင်းတစ်ယောက်တည်း

အချိန်တိုင်း စက္ကန့်တိုင်း မဟုတ်ပေမယ့်
နေ့တစ်နေ့ရဲ့ အစိတ်အပိုင်း အတော်များများမှာ
မင်းကိုသတိရနေမိတယ်။

ငါ့ရဲ့မျှော်လင့်ခြင်းနဲ့ လိုအပ်ခြင်းဟာလဲ
မင်းတစ်ယောက်တည်းပါ။

မင်းမရှိရင် မနေနိုင်တာ မဟုတ်ပေမယ့်
ငါမနေတတ်ဘူးဆိုတာ ၀န်ခံပါတယ် ချစ်သူ
တိုက်ဆိုင်မှုမရှိဘဲ သတိရခဲ့တာ
မင်းကလွဲလို့ ဘယ်သူမှ မရှိခဲ့ပါဘူး။

မင်းနဲ့တွေ့မှ နိုးထလာတဲ့ ငါ့နှလုံးသား
မင်းရဲ့အချစ်နဲ့ နိုးထခွင့်ပြုပါ။

zattlike

0 ဝေဖန်ပေးပြီးပြီ: