အကောင်းဆုံးဖြစ်အောင် ကြိုးစားလျှက်ပါ
ပေါက်ကရ ဘလော့ဂ်တွင် Post များ ပြန်တင်နေပါသည်။ အားလုံး ကျေးဇူးတင်ပါတယ်။

July 20, 2008

မင်းမရှိတဲ့အခါ

အတိတ်ဆိုတာ
ပြန်လည်တူးဖော်ယူလို့ရခဲ့ရင်
မင်းနဲ့အတူ ရှိခွင့်ရတဲ့
အချိန်တွေကို
ပြန်လည်ပိုင်ဆိုင်ချင်ပါတယ်။

မင်းနဲ့ဝေးသွားခဲ့ပေမယ့်
မင်းရဲ့အရိပ်ကလေးကတော့
ကိုယ့်ရင်ထဲမှာ
ထာဝရမပျောက်ကွယ်ဘဲ
ရှိနေမှာပါ။

အချစ်ဆိုတာကို
ခွဲခွာခါနီးမှာ သိလိုက်ရတော့
ကိုယ့်အတွက် ခံစားမှုက
ရင်နှင့်အမျှဆိုတာ
မင်းတစ်ယောက် သိနိုင်ပါ့မလား။

မင်းမရှိတော့တဲ့
နေရာဟောင်းလေးမှာ
မင်းထားခဲ့တဲ့
လွမ်းဆွတ်မှုတွေနဲ့
အားလုံးက ကိုယ်အတွက်တော့
အချိန်တိုင်း သတိရစရာတွေပါ။

ရင်ထဲက မပြောဖြစ်ခဲ့တဲ့
စကားတစ်ခွန်းအတွက်
မင်းကြားနိုင်ခွင့်ရှိမယ်ဆိုရင်
ကိုယ်တိုးတိုးလေး ပြောလိုက်ချင်ပါတယ်
"ကိုယ်မင်းကို သိပ်ချစ်တယ်"

KZML
(အဲဒီကဗျာလေးကိုတော့ ဒီနေရာမှ ကူးယူတင်ပြထားပါတယ်)

0 ဝေဖန်ပေးပြီးပြီ: