အကောင်းဆုံးဖြစ်အောင် ကြိုးစားလျှက်ပါ
ပေါက်ကရ ဘလော့ဂ်တွင် Post များ ပြန်တင်နေပါသည်။ အားလုံး ကျေးဇူးတင်ပါတယ်။

August 2, 2008

မြန်မာပြည်


ဒီဗွီဒီယိုလေးကိုတော့ ဝိညာဉ်သစ်ဝဘ်ဆိုက်ကနေပြီးတော့ ကူးယူတင်ပြထားပါတယ်။



August 1, 2008

ပန်းချီကားများ

ဒီပန်းချီကားများကို ပဒုမ္မာ သူငယ်ချင်းတွေဆီကနေပြီး ကူးယူတင်ပြထားခြင်းဖြစ်ပါသည်။ အားလုံးကို ကျေးဇူးတင်ပါတယ်။








July 31, 2008

လူငယ်နဲ့အချစ်

July 30, 2008

ကဗျာဆန်ခြင်းနှင့် ကျွန်တော်

သူမကို စတွေ့တော့
ဆံပင်ရှည် ကျောမှာချ
ကဗျာဆန်တဲ့ အလှများနဲ့ . . .

သူမနဲ့ စဆုံတော့
ငှက်ကလေးတွေ တေးဆိုကြ
ပန်းတွေကလည်းပွင့်
ကဗျာဆန်ဆန်ပဲလေ . .

ဒါနဲ့ပဲ . .
အချစ်နတ်သမီးရှေ့မှာ
ဒူးထောက်ပါတယ် ပြောမိကာမှ
တလက်စတည်း
ဘောလ်ပင်လေး ကျနေတာ ကောက်ပေးပါလားတဲ့
တောက် . . ကဗျာမဆန်လိုက်တဲ့ မိန်းမ
လမ်းမှာတွေ့ရင် ငါ့လာမခေါ်နဲ့။

ပီတိ (စိတ်ပညာ)

ကွေကွင်းမှု

မင်းရဲ့ ကျေးကျွန်အဖြစ်နဲ့ ငါ့မှာ ဘာများလုပ်စရာ ရှိလို့လဲ
နာရီတိုင်း အချိန်တိုင်း မင်းရဲ့ လိုအင်ဆန္ဒတွေကို
ဖြည့်ဆည်းပေးဖို့က လွဲရင်လေ
ငါ့မှာ အဖိုးတန်တဲ့ အချိန်ရယ်လို့ ဖြုန်းတီးပစ်စရာ
နတ္ထိပါပဲ၊
လုပ်စရာလည်း မရှိပါဘူး၊ မင်းလိုအပ်တဲ့အချိန်ထိ
ပေါ့လေ။

အဆုံးနာရီမရှိတဲ့ ကမ္ဘာကြီးရယ်လို့ မကျေမချမ်း
လည်း မဖြစ်ဝံ့ပါဘူး၊
ငါ့မင်း င့ါချင်း ငါက မင်းအတွက် နာရီကို စောင့်ကြည့် နေရခိုက်မှာလေ၊
ခွဲခွာခြင်းရဲ့ ရင်နာစရာတွေကိုလည်း ခါးသည်း
နာကျည်းစွာ တွေးတော မနေခဲ့ပါဘူး၊
မင်းရဲ့ လက်ပါးစေကို မင်းက နှုတ်ဆက်စကား
ပြောသွားခဲ့စဉ်မှာလေ။

သဝန်တိုအတွေးနဲ့ မေးလဲ မမေးရဲခဲ့ပါဘူး၊
မင်းဘယ်မှာလဲ ဘာကိစ္စလဲဆိုတာတွေကိုလေ၊
ဝမ်းနည်းနေတဲ့ ကျွန်တစ်ယောက်လို ထားရာမှာနေပြီး
ဘာမှ မတွေးပါဘူး၊
မင်းဘယ်မှာလဲ ဘယ်လောက်စိတ်ချမ်းသာနေသလဲ
ဆိုတောတွေက လွဲရင်ပေါ့လေ

အချစ်ဆိုတာ တကယ်မိုက်မဲတဲ့ အရာတစ်ခုပဲ၊ မင်းရဲ့
စိတ်ထဲမှာလေ
မင်းဘာပဲလုပ်နေနေ၊ သူကတော့ဖြင့် အပြစ်မမြင်နိုင်ပေ။

ဝီလျံ ရှိတ်စပီးယား

ယောက်ျားနှင့် မိန်းမ

ယောက်ျားဟာ မီးရထားနဲ့ တူတယ်

၂၀ အရွယ်မှာ သူဟာ လော်ကယ်ရထားနဲ့ တူတယ်။
ဘူတာစဉ်တိုင်းမှာ ရပ်နားတယ်။

၃၀ အရွယ်မှာ သူဟာ အထူးရထားနဲ့ တူတယ်။
မြို့ကြီးတွေမှာသာ ရပ်နားတယ်။

၄၀ အရွယ်မှာ သူဟာ အမြန်ရထားနဲ့ တူတယ်။
မြို့တော်ကြီးတွေမှာသာ ရပ်နားတယ်။

၅၀ အရွယ်မှာ သူဟာ စက်ခေါင်းအိုကြီးနဲ့ တူတယ်။
ခဏ ခဏ ရပ်ပြီး ရေထည့်ရတယ်။

၆၀ အရွယ်မှာတော့ သူ ဘယ်မှ မထွက်တော့ဘူး။
မီးရထားဝင်းထဲမှာသာ နေတော့တယ်။

မိန်းမဟာ ကမ္ဘာကြီးနဲ့ တူတယ်

၂၀ အရွယ်မှာ သူမဟာ အာဖရိကတိုက်နဲ့ တူတယ်။
တစ်ပိုင်းတစ်စသာ စူးစမ်းရှာဖွေရသေးတယ်။

၃၀ အရွယ်မှာ သူမဟာ အိန္ဒိယနဲ့ တူတယ်။
ပူးနွေးတယ်၊ ရင့်ကျက်တယ်၊ အသိရခက်တယ်။

၄၀ အရွယ်မှာ သူမဟာ အမေရိကနဲ့ တူတယ်။
အတတ်ပညာမှာ ပြည့်ဝတယ်။

၅၀ အရွယ်မှာ သူမဟာ ဥရောပတိုက်နဲ့ တူတယ်။
အားလုံး ပျက်စီးယိုယွင်းနေတယ်။

၆၀ အရွယ်မှာတော့ သူမဟာ ဆိုက်ဘေးရီးယားနဲ့ တူတယ်။
ဘယ်နေရာမှာရှိမှန်း လူတိုင်းသိကြတယ်။
ဒါပေမယ့် ဘယ်သူမှ မသွားချင်ကြဘူး။

မူရင်းကဗျာ- မည်မသိစာဆို (ဘာသာပြန်သူ ဝင်းဇော်)
လူထုစိန်ဝင်းရဲ့ လူငယ်နဲ့အချစ် စာအုပ်မှ ကောက်နှုတ်တင်ပြ

July 28, 2008

အို ငါ့အချစ်ဟာ အနီရောင် နှင်းဆီနီလိုပဲ။
ဂျွန်လမှာ ပြိုင်းရရိုင်း ထွက်လာတဲ့ ပွင့်သစ်လေး လိုပေါ့၊
အို ငါ့အချစ်ဟာ တေးသွားလေးလိုပဲ၊
ငြိမ့်ငြောင်းသာယာတဲ့ သံစဉ်နဲ့ တီးခတ်လို့ပေါ့။

လှပါပေ့ ချောပါပေ့ ငါ့ရဲ့ ချစ်စရာ မိန်ကလေး၊
ငါဖြင့် အသည်းနစ်အောင် စွဲချစ်နေမိပြီလေ၊
မပြယ်တဲ့အချစ်နဲ့ ချစ်နေမှာပါ အချစ်ကလေး၊
ပင်လယ်တွေအားလုံး ခမ်းခြောက်သွားတဲ့အထိလေ။

ပင်လယ်တွေ အားလုံး ခမ်းခြောက်သွားတဲ့အထိပါ
အချစ်ရယ်၊
ကျောက်ဆောင်တွေအားလုံး နေရှိန်နဲ့ အရည်ပျော် သွားတဲ့အထိပေါ့၊
မပြယ်တဲ့အချစ်နဲ့ ချစ်နေမှာပါ အချစ်ရယ်၊
ဘဝဆိုတဲ့ သဲပွင့်ကလေးတွေ ထွက်ပြေးသွားတဲ့
အထိပေါ့။

နှုတ်ဆက်လိုက်ပါရဲ့ အချစ်ဆုံးရယ်၊
ခဏငယ်လေးအဖြစ် နှုတ်ဆက်လိုက်ပါရဲ့၊
ပြန်လာခဲ့ဦးမှာပါ အချစ်ဆုံးရယ်၊
မိုင်ပေါင်း တစ်သောင်းရှိနေပါစေကွဲ့။ ။

ရောဘတ် ဘန်း

အချစ်ရဲ့ ဒဿန

စမ်းချောင်းကလေးတွေ မြစ်နဲ့ပေါင်းစည်းသွားကြ၊
မြစ်တွေကျတော့ ပင်လယ်နဲ့ပေါ့။
မိုးကောင်းကင်က လေတွေကျ အမြဲထာဝရ
ပေါင်းစည်းကြ။
သာယာကြည်နူးနေတဲ့ စိတ်နဲ့ပေါ့။

လောကမှာ ဘယ်အရာမှ တစ်ခုတည်း မရှိပါ။
ဘုရားသခင်ရဲ့ ဥပဒေတော်အရပဲ၊
တစ်ခုနဲ့တစ်ခု ပေါင်းစည်းတည်နေတာ၊
ဘာကြောင့် ငါနဲ့ မင်းနဲ့ မပေါင်းစည်းရမှာလဲ။

ကြည့်၊ တောင်ကြီးတွေက
မိုးကောင်းကင်ကို နမ်းလို့၊
လှိုင်းတွေက တစ်ခုနဲ့တစ်ခု ထွေးပိုက်လို့၊
ဘယ်ပန်းနှမလေးမှ ခွင့်လွှတ်ခံရမယ် မဟုတ်ဘူး၊
သူ့မောင်တော်ကို အမုန်းပိုခဲ့ရင်လေ။

ပြီးတော့ နေခြည်က ကမ္ဘာမြေကို ထွေးပိုက်လို့၊
လရောင်ကလည်း ပင်လယ်ပြင်ကို နမ်းလို့၊
ဒီအနမ်းတွေအားလုံး အချည်းနှီးပေါ့၊
မင်းက ငါ့ကို မနမ်းဘူး ဆိုရင်တော့။

ပီ၊ ဘီ၊ ရှယ်လီ