စမ်းချောင်းကလေးတွေ မြစ်နဲ့ပေါင်းစည်းသွားကြ၊
မြစ်တွေကျတော့ ပင်လယ်နဲ့ပေါ့။
မိုးကောင်းကင်က လေတွေကျ အမြဲထာဝရ
ပေါင်းစည်းကြ။
သာယာကြည်နူးနေတဲ့ စိတ်နဲ့ပေါ့။
လောကမှာ ဘယ်အရာမှ တစ်ခုတည်း မရှိပါ။
ဘုရားသခင်ရဲ့ ဥပဒေတော်အရပဲ၊
တစ်ခုနဲ့တစ်ခု ပေါင်းစည်းတည်နေတာ၊
ဘာကြောင့် ငါနဲ့ မင်းနဲ့ မပေါင်းစည်းရမှာလဲ။
ကြည့်၊ တောင်ကြီးတွေက
မိုးကောင်းကင်ကို နမ်းလို့၊
လှိုင်းတွေက တစ်ခုနဲ့တစ်ခု ထွေးပိုက်လို့၊
ဘယ်ပန်းနှမလေးမှ ခွင့်လွှတ်ခံရမယ် မဟုတ်ဘူး၊
သူ့မောင်တော်ကို အမုန်းပိုခဲ့ရင်လေ။
ပြီးတော့ နေခြည်က ကမ္ဘာမြေကို ထွေးပိုက်လို့၊
လရောင်ကလည်း ပင်လယ်ပြင်ကို နမ်းလို့၊
ဒီအနမ်းတွေအားလုံး အချည်းနှီးပေါ့၊
မင်းက ငါ့ကို မနမ်းဘူး ဆိုရင်တော့။
ပီ၊ ဘီ၊ ရှယ်လီ
July 28, 2008
Subscribe to:
Post Comments (Atom)
0 ဝေဖန်ပေးပြီးပြီ:
Post a Comment