အကောင်းဆုံးဖြစ်အောင် ကြိုးစားလျှက်ပါ
ပေါက်ကရ ဘလော့ဂ်တွင် Post များ ပြန်တင်နေပါသည်။ အားလုံး ကျေးဇူးတင်ပါတယ်။

July 28, 2008

အို ငါ့အချစ်ဟာ အနီရောင် နှင်းဆီနီလိုပဲ။
ဂျွန်လမှာ ပြိုင်းရရိုင်း ထွက်လာတဲ့ ပွင့်သစ်လေး လိုပေါ့၊
အို ငါ့အချစ်ဟာ တေးသွားလေးလိုပဲ၊
ငြိမ့်ငြောင်းသာယာတဲ့ သံစဉ်နဲ့ တီးခတ်လို့ပေါ့။

လှပါပေ့ ချောပါပေ့ ငါ့ရဲ့ ချစ်စရာ မိန်ကလေး၊
ငါဖြင့် အသည်းနစ်အောင် စွဲချစ်နေမိပြီလေ၊
မပြယ်တဲ့အချစ်နဲ့ ချစ်နေမှာပါ အချစ်ကလေး၊
ပင်လယ်တွေအားလုံး ခမ်းခြောက်သွားတဲ့အထိလေ။

ပင်လယ်တွေ အားလုံး ခမ်းခြောက်သွားတဲ့အထိပါ
အချစ်ရယ်၊
ကျောက်ဆောင်တွေအားလုံး နေရှိန်နဲ့ အရည်ပျော် သွားတဲ့အထိပေါ့၊
မပြယ်တဲ့အချစ်နဲ့ ချစ်နေမှာပါ အချစ်ရယ်၊
ဘဝဆိုတဲ့ သဲပွင့်ကလေးတွေ ထွက်ပြေးသွားတဲ့
အထိပေါ့။

နှုတ်ဆက်လိုက်ပါရဲ့ အချစ်ဆုံးရယ်၊
ခဏငယ်လေးအဖြစ် နှုတ်ဆက်လိုက်ပါရဲ့၊
ပြန်လာခဲ့ဦးမှာပါ အချစ်ဆုံးရယ်၊
မိုင်ပေါင်း တစ်သောင်းရှိနေပါစေကွဲ့။ ။

ရောဘတ် ဘန်း

0 ဝေဖန်ပေးပြီးပြီ: