ယောက်ျားဟာ မီးရထားနဲ့ တူတယ်
၂၀ အရွယ်မှာ သူဟာ လော်ကယ်ရထားနဲ့ တူတယ်။
ဘူတာစဉ်တိုင်းမှာ ရပ်နားတယ်။
၃၀ အရွယ်မှာ သူဟာ အထူးရထားနဲ့ တူတယ်။
မြို့ကြီးတွေမှာသာ ရပ်နားတယ်။
၄၀ အရွယ်မှာ သူဟာ အမြန်ရထားနဲ့ တူတယ်။
မြို့တော်ကြီးတွေမှာသာ ရပ်နားတယ်။
၅၀ အရွယ်မှာ သူဟာ စက်ခေါင်းအိုကြီးနဲ့ တူတယ်။
ခဏ ခဏ ရပ်ပြီး ရေထည့်ရတယ်။
၆၀ အရွယ်မှာတော့ သူ ဘယ်မှ မထွက်တော့ဘူး။
မီးရထားဝင်းထဲမှာသာ နေတော့တယ်။
မိန်းမဟာ ကမ္ဘာကြီးနဲ့ တူတယ်
၂၀ အရွယ်မှာ သူမဟာ အာဖရိကတိုက်နဲ့ တူတယ်။
တစ်ပိုင်းတစ်စသာ စူးစမ်းရှာဖွေရသေးတယ်။
၃၀ အရွယ်မှာ သူမဟာ အိန္ဒိယနဲ့ တူတယ်။
ပူးနွေးတယ်၊ ရင့်ကျက်တယ်၊ အသိရခက်တယ်။
၄၀ အရွယ်မှာ သူမဟာ အမေရိကနဲ့ တူတယ်။
အတတ်ပညာမှာ ပြည့်ဝတယ်။
၅၀ အရွယ်မှာ သူမဟာ ဥရောပတိုက်နဲ့ တူတယ်။
အားလုံး ပျက်စီးယိုယွင်းနေတယ်။
၆၀ အရွယ်မှာတော့ သူမဟာ ဆိုက်ဘေးရီးယားနဲ့ တူတယ်။
ဘယ်နေရာမှာရှိမှန်း လူတိုင်းသိကြတယ်။
ဒါပေမယ့် ဘယ်သူမှ မသွားချင်ကြဘူး။
မူရင်းကဗျာ- မည်မသိစာဆို (ဘာသာပြန်သူ ဝင်းဇော်)
လူထုစိန်ဝင်းရဲ့ လူငယ်နဲ့အချစ် စာအုပ်မှ ကောက်နှုတ်တင်ပြ
July 30, 2008
Subscribe to:
Post Comments (Atom)








1 ဝေဖန်ပေးပြီးပြီ:
လန်းတယ်ဗျာshareသွားတယအနော်
Post a Comment