...
July 31, 2008
July 30, 2008
ကဗျာဆန်ခြင်းနှင့် ကျွန်တော်
သူမကို စတွေ့တော့ ဆံပင်ရှည် ကျောမှာချကဗျာဆန်တဲ့ အလှများနဲ့ . . . သူမနဲ့ စဆုံတော့ငှက်ကလေးတွေ တေးဆိုကြပန်းတွေကလည်းပွင့်ကဗျာဆန်ဆန်ပဲလေ . . ဒါနဲ့ပဲ . . အချစ်နတ်သမီးရှေ့မှာဒူးထောက်ပါတယ် ပြောမိကာမှတလက်စတည်းဘောလ်ပင်လေး ကျနေတာ ကောက်ပေးပါလားတဲ့တောက် . . ကဗျာမဆန်လိုက်တဲ့ မိန်းမလမ်းမှာတွေ့ရင် ငါ့လာမခေါ်နဲ့။ပီတိ (စိတ်ပ...
ကွေကွင်းမှု
မင်းရဲ့ ကျေးကျွန်အဖြစ်နဲ့ ငါ့မှာ ဘာများလုပ်စရာ ရှိလို့လဲနာရီတိုင်း အချိန်တိုင်း မင်းရဲ့ လိုအင်ဆန္ဒတွေကိုဖြည့်ဆည်းပေးဖို့က လွဲရင်လေငါ့မှာ အဖိုးတန်တဲ့ အချိန်ရယ်လို့ ဖြုန်းတီးပစ်စရာနတ္ထိပါပဲ၊လုပ်စရာလည်း မရှိပါဘူး၊ မင်းလိုအပ်တဲ့အချိန်ထိပေါ့လေ။အဆုံးနာရီမရှိတဲ့ ကမ္ဘာကြီးရယ်လို့ မကျေမချမ်းလည်း မဖြစ်ဝံ့ပါဘူး၊ငါ့မင်း င့ါချင်း ငါက မင်းအတွက် နာရီကို စောင့်ကြည့် နေရခိုက်မှာလေ၊ခွဲခွာခြင်းရဲ့ ရင်နာစရာတွေကိုလည်း ခါးသည်းနာကျည်းစွာ တွေးတော မနေခဲ့ပါဘူး၊မင်းရဲ့ လက်ပါးစေကို မင်းက နှုတ်ဆက်စကားပြောသွားခဲ့စဉ်မှာလေ။သဝန်တိုအတွေးနဲ့ မေးလဲ မမေးရဲခဲ့ပါဘူး၊မင်းဘယ်မှာလဲ ဘာကိစ္စလဲဆိုတာတွေကိုလေ၊ဝမ်းနည်းနေတဲ့...
ယောက်ျားနှင့် မိန်းမ
ယောက်ျားဟာ မီးရထားနဲ့ တူတယ်၂၀ အရွယ်မှာ သူဟာ လော်ကယ်ရထားနဲ့ တူတယ်။ဘူတာစဉ်တိုင်းမှာ ရပ်နားတယ်။၃၀ အရွယ်မှာ သူဟာ အထူးရထားနဲ့ တူတယ်။မြို့ကြီးတွေမှာသာ ရပ်နားတယ်။၄၀ အရွယ်မှာ သူဟာ အမြန်ရထားနဲ့ တူတယ်။မြို့တော်ကြီးတွေမှာသာ ရပ်နားတယ်။၅၀ အရွယ်မှာ သူဟာ စက်ခေါင်းအိုကြီးနဲ့ တူတယ်။ခဏ ခဏ ရပ်ပြီး ရေထည့်ရတယ်။၆၀ အရွယ်မှာတော့ သူ ဘယ်မှ မထွက်တော့ဘူး။မီးရထားဝင်းထဲမှာသာ နေတော့တယ်။မိန်းမဟာ ကမ္ဘာကြီးနဲ့ တူတယ်၂၀ အရွယ်မှာ သူမဟာ အာဖရိကတိုက်နဲ့ တူတယ်။တစ်ပိုင်းတစ်စသာ စူးစမ်းရှာဖွေရသေးတယ်။၃၀ အရွယ်မှာ သူမဟာ အိန္ဒိယနဲ့ တူတယ်။ပူးနွေးတယ်၊ ရင့်ကျက်တယ်၊ အသိရခက်တယ်။၄၀ အရွယ်မှာ သူမဟာ အမေရိကနဲ့...
July 29, 2008
July 28, 2008
အို ငါ့အချစ်ဟာ အနီရောင် နှင်းဆီနီလိုပဲ။ဂျွန်လမှာ ပြိုင်းရရိုင်း ထွက်လာတဲ့ ပွင့်သစ်လေး လိုပေါ့၊အို ငါ့အချစ်ဟာ တေးသွားလေးလိုပဲ၊ငြိမ့်ငြောင်းသာယာတဲ့ သံစဉ်နဲ့ တီးခတ်လို့ပေါ့။လှပါပေ့ ချောပါပေ့ ငါ့ရဲ့ ချစ်စရာ မိန်ကလေး၊ငါဖြင့် အသည်းနစ်အောင် စွဲချစ်နေမိပြီလေ၊မပြယ်တဲ့အချစ်နဲ့ ချစ်နေမှာပါ အချစ်ကလေး၊ပင်လယ်တွေအားလုံး ခမ်းခြောက်သွားတဲ့အထိလေ။ပင်လယ်တွေ အားလုံး ခမ်းခြောက်သွားတဲ့အထိပါအချစ်ရယ်၊ကျောက်ဆောင်တွေအားလုံး နေရှိန်နဲ့ အရည်ပျော် သွားတဲ့အထိပေါ့၊မပြယ်တဲ့အချစ်နဲ့ ချစ်နေမှာပါ အချစ်ရယ်၊ဘဝဆိုတဲ့ သဲပွင့်ကလေးတွေ ထွက်ပြေးသွားတဲ့အထိပေါ့။နှုတ်ဆက်လိုက်ပါရဲ့ အချစ်ဆုံးရယ်၊ခဏငယ်လေးအဖြစ်...
အချစ်ရဲ့ ဒဿန
စမ်းချောင်းကလေးတွေ မြစ်နဲ့ပေါင်းစည်းသွားကြ၊ မြစ်တွေကျတော့ ပင်လယ်နဲ့ပေါ့။မိုးကောင်းကင်က လေတွေကျ အမြဲထာဝရပေါင်းစည်းကြ။သာယာကြည်နူးနေတဲ့ စိတ်နဲ့ပေါ့။လောကမှာ ဘယ်အရာမှ တစ်ခုတည်း မရှိပါ။ဘုရားသခင်ရဲ့ ဥပဒေတော်အရပဲ၊တစ်ခုနဲ့တစ်ခု ပေါင်းစည်းတည်နေတာ၊ဘာကြောင့် ငါနဲ့ မင်းနဲ့ မပေါင်းစည်းရမှာလဲ။ကြည့်၊ တောင်ကြီးတွေကမိုးကောင်းကင်ကို နမ်းလို့၊လှိုင်းတွေက တစ်ခုနဲ့တစ်ခု ထွေးပိုက်လို့၊ဘယ်ပန်းနှမလေးမှ ခွင့်လွှတ်ခံရမယ် မဟုတ်ဘူး၊သူ့မောင်တော်ကို အမုန်းပိုခဲ့ရင်လေ။ပြီးတော့ နေခြည်က ကမ္ဘာမြေကို ထွေးပိုက်လို့၊လရောင်ကလည်း ပင်လယ်ပြင်ကို နမ်းလို့၊ဒီအနမ်းတွေအားလုံး အချည်းနှီးပေါ့၊မင်းက...
July 27, 2008
မလာပါနဲ့....
ဝိုင်...မုန်းတယ်ဆိုတာ... ချစ်လို့ ဖြစ်လာတာပါမုန်းနေသေးသမျှ... ချစ်နေသေးလို့ပါ...အချစ်မကုန်သေးတဲ့ အမုန်းတွေသယ်ပြီး... ကိုယ်ဘဝထဲကိုမလာပါနဲ့...Ko (က...
July 25, 2008
ပုပ္ပါးတောင်
တခြမ်းစိမ်း တခြမ်းဝါတခြမ်းပူ တခြမ်းအေးပင်လယ်ရေမျက်နှာပြင်အထက် ၄၉၈၁ ပေမှာသင်ခံစားနေရတာတွေ အံ့သြမသွားလိုက်ပါနဲ့ဦး.....ဒီမှာ စကားဝါပန်းတွေ ရှိတယ်မျောက်မျက်ကွင်းဖြူတွေ ရှိတယ်ချစ်စဖွယ် ခပ်ရိုးရိုးပျံဝဲနေတဲ့ရှားရှားပါးပါး ရွှေလိပ်ပြာကြီးတွေလည်း ရှိတာပေါ့.....စာဖွဲ့ကြတယ် "အညာမြေရဲ့ အိုအေစစ်" တဲ့အပူပိုင်းဇုန်ထဲ ရေထွက်ပေါင်း ၁၀၃သုံးမကုန် ဖြုန်းမကုန် မဟုတ်ဘူးဖြုန်းရင်တော့ ကုန်မှာပဲတောပြုန်း တောင်ပြုန်းရေတွေ ပြုန်းပြီးအခွင့်အရေးအားလုံး ဆုံးရှုံးသွားလိမ့်မယ်.....အခုတော့ရှင်သန်နေတဲ့ သဘာဝတရားဟာ မမုန်းနိုင် မမေ့နိုင်စရာသင့်မျက်လုံးအစုံကို မှိတ်ထားပြီး စဉ်းစားကြည့်လိုက်စမ်းပါဒါဟာ...
July 23, 2008
အလွမ်း
ကြယ်တွေတောင်ခစားရတဲ့ခင်တွယ်သူရဲ့ အပြုံးကိုကဗျာတစ်ပုဒ်နဲ့ ပုံဖေါ်ရင်းအရိုးဆုံးနှလုံးအိမ်မှာ ထွင်းထုထားတယ်…..လောကဓံတွေ... နိယာမတွေနောက်မလွှဲသာလိုက်နေလဲငှက်ကလေးရဲ့အိမ်ပြန်ချိန်ရောက်ရင်ဖွဲ့နွဲ့မရတဲ့ အနက်ရှိုင်းဆုံးထဲမှာသူ့ရင်ခွင်ဆီပြန်ချင်တာ ဘယ်သူမှမမြင်တဲ့အနာတစ်ခုပါ….."ကိုငှက်ကြီး" ရဲ့ ''မငြိမ်းသောမီး'' ထဲအကြိမ်ကြိမ်... အခါခါခုန်ဆင်းရင်းအိမ်မက်မက်တဲ့ညတိုင်း''အလုပ်များတယ်'' ဆိုတဲ့ သူ့ကိုဖွေရှာရင်းငါ့မနက်ခင်းတိုင်းက ခရမ်းရောင်အပြည့်နဲ့ပေါ့…..ဝေးနေတဲ့ရာသီမှာ လက်သီးကိုဆုတ်ရင်းတင်းခဲ့ရတဲ့ ''မာန်'' ကတို့ထိကစားတဲ့ မျက်လုံးဝိုင်းတွေထဲတသောသောကြွေကျတော့ဖွေရှာမိတဲ့အဓိပ္ပါယ်ကအလွမ်းပါတဲ့...
July 21, 2008
မဲခေါင် ငါလာတယ် မင်းဆီကို
မဲခေါင် - ငါဟာ ကဗျာဆရာငါလာတယ် မင်းဆီကိုမင်းရဲ့သဘာဝအလှတရားတွေကို ခံစားဖို့မင်းရဲ့အတွင်းရေးတွေကိုစုံစမ်းဖို့ပြီးတော့ မင်းနဲ့ချစ်ကြည်ရင်းနှီးဖို့မင်းဆီကို ငါလာခဲ့ပေါ့မဲခေါင်- မင်းဟာ လူသားတစ်ယောက်နဲ့တူရဲ့မင်းမှာ ခေါင်းရှိတယ် ခန္ဒာကိုယ်ရှိတယ်မင်းရဲ့ အရပ်က ကီလိုမီတာ ၄၈၀၀ ရှည်လျားပြီးမင်းရဲ့ ခန္ဒာကိုယ်ထဲမှာတော့သွေးဆဲလ်ပေါင်း ၆၅ သန်းကျော်စီးဆင်းလှုပ်ရှားနေကြပေါ့မဲခေါင်- မင်းဟာမင်းရဲ့ဦးခေါင်းကိုတရုတ်ခေါင်းအုံးပေါ်တင်ပြီး အိပ်စက်လဲလျောင်းနေလေရဲ့ဒါကြောင့် ရှည်လျားတဲ့မင်းရဲ့ဆံပင်တွေဟာယူနန်က ထွက်တဲ့ လက်ဖက်ခြောက်ရနံ့သင်းနေတာပေါ့မဲခေါင်- မင်းဟာ မင်းရဲ့ ပခုံးသားတွေကိုတော့မြန်မာပြည်တောင်တန်းကြီးတွေပေါ်မှာ...
Apple

ကုမ္ပဏီအမည်ပေးဖို့ Steve Job တစ်ယောက် သုံးလတိုင်တိုင် စဉ်းစားမရခဲ့ပါဘူး။ စီးပွားရေးလုပ်ငန်းကြီးတစ်ခုလည်း ဖြစ်လာစေချင်တယ်။ ကုမ္ပဏီအသစ်လည်း ဖြစ်နေတယ်။ ဖြစ်ချင်တော့ ကုမ္ပဏီရယ်လို့ တည်ထောင်ဖွဲ့စည်းပြီးခဲ့ပြီ။ တရားဝင် စာရွက်စာတမ်းတွေနဲ့တကွ ရုံးဌာနတွေကို မလျှောက်ရသေးတာသာ ရှိတာ ဝန်ထမ်းတွေလည်း ခန့်အပ်ထားခဲ့ပြီ။ ဒါပေမယ့် နာမည်ကလည်း စဉ်းစားမရ။ အဲဒီလိုနဲ့နေရင်း တစ်နေ့တော့ သူ့ဝန်ထမ်းကို ခေါ်ပြီးပြောတယ်။ တကယ်လို့ ဒီနေ့ ငါးနာရီမှာ ကျွန်တော့်ကို အကောင်းဆုံး အမည်ပေးနိုင်တဲ့လူရှိရင်...
July 20, 2008
ကွန်ပျူတာဟာ အထီးလား၊ အမလား.....

အထီးဖြစ်နိုင်တဲ့ အကြောင်းအရင်း
- သံသယဖြစ်လောက်စရာ အချက်အလက်တွေ အများအပြား ရှိနေတယ်။ ဒါပေမယ့် သဲလွန်စ ရှာမတွေ့ဘူး။
- ပြဿနာတွေကို ကူညီဖြေရှင်းပေးတယ်။ ဒါပေမယ့် အဲဒီအကူအညီတွေက ပြဿနာတွေ ဖြစ်နေပြန်တယ်။
- ပစ္စည်းအသစ်ကောင်းကောင်းလေး တပ်ဆင်ခါစမှာ အမိန့်ကို ကျိုးနွံ နာခံတတ်တယ်။ အဲ….. ပြီးရင်တော့ ပစ္စည်းအသစ် ကောင်းကောင်းလေးကို ပြန်လည်တောင်းဆိုပြန်လေရော…။
- သူတို့ရဲ့ အာရုံစူးစိုက်မှုရရှိဖို့ ဇက်ကြိုးနာနာ တင်းပေးဖို့ လိုတယ်။ သူတို့ဟာ အာရုံတွေ ထွေပြားနေတတ်ကြတယ်။
-...
မင်းမရှိတဲ့အခါ
အတိတ်ဆိုတာပြန်လည်တူးဖော်ယူလို့ရခဲ့ရင်မင်းနဲ့အတူ ရှိခွင့်ရတဲ့အချိန်တွေကိုပြန်လည်ပိုင်ဆိုင်ချင်ပါတယ်။မင်းနဲ့ဝေးသွားခဲ့ပေမယ့်မင်းရဲ့အရိပ်ကလေးကတော့ကိုယ့်ရင်ထဲမှာထာဝရမပျောက်ကွယ်ဘဲရှိနေမှာပါ။အချစ်ဆိုတာကိုခွဲခွာခါနီးမှာ သိလိုက်ရတော့ကိုယ့်အတွက် ခံစားမှုကရင်နှင့်အမျှဆိုတာမင်းတစ်ယောက် သိနိုင်ပါ့မလား။မင်းမရှိတော့တဲ့နေရာဟောင်းလေးမှာမင်းထားခဲ့တဲ့လွမ်းဆွတ်မှုတွေနဲ့အားလုံးက ကိုယ်အတွက်တော့အချိန်တိုင်း သတိရစရာတွေပါ။ရင်ထဲက မပြောဖြစ်ခဲ့တဲ့စကားတစ်ခွန်းအတွက်မင်းကြားနိုင်ခွင့်ရှိမယ်ဆိုရင်ကိုယ်တိုးတိုးလေး ပြောလိုက်ချင်ပါတယ်"ကိုယ်မင်းကို သိပ်ချစ်တယ်"KZML(အဲဒီကဗျာလေးကိုတော့...
သို့..............
ရင်မှာတိတ်တခိုး ခံစားစိတ်နဲ့အချစ်များကို ဖွင့်ပြောမည်ကြံခင်မင်မှုစည်းခြားထားလေတော့ရင်မှာသိုဝှက် မျိုသိပ်လျက်နှောင်တွယ်ရစ်ငင် သံယောဇဉ်တွေတဖြည်းဖြည်းတိုး စိတ်မှာစိုးမိုးတစ်နေ့မှမေ့မရ ငါ့ရဲ့ဘ၀ဝေဒနာကိုပြေရာပြေကြောင်းဘုရားမြတ်ထံတောင်းဆုပန်မယ်အဖြူရောင်အသည်း မပြောင်းလဲဘဲဒီအတိုင်းပဲကောင်းပါတယ်………zattl...
July 19, 2008
၁၉ ဂျူလိုင်သို့
၁၉ ဂျူလိုင်ဘယ်မှာမေ့နိုင်မှာတုန်းတို့တွေရဲ့ ကြမ္မာနတ်ဆိုးဂျူလိုင်မိုးစက်တွေနဲ့အတူအဲ့ဒီနေ့ကစရောက်လာခဲ့တော့ဒီသမိုင်း အရိုင်းဖြစ်အားလုံးသွတ်ချာပါဒ မီးလောင်တို့ပြည်သူခမျာ ငိုကျွေးနေခဲ့ရအဲ့ဒီနေ့ကစလို့ (၆၁) နှစ်တိုင်ခဲ့ပြီအာဇာနည် အဘတို့ရေ။ ။သခင်အောင်ဆန်းသခင်… သခင်… သခင်သခင်များလက်နဲ့ရေးခဲ့တဲ့သမိုင်းအာဏာရူးတို့ ခြေနဲ့ဖျက်လို့တို့ပြည်သူဘဝစစ်ကျွန်ဘဝရောက်ခဲ့ရပြီလေ။ ။ဗိုလ်ချုပ်ရေ….ဗိုလ်ချုပ်ရေ…..ဗိုလ်ချုပ်ရေ….. လို့တကြော်ကြော်ရင်ထဲက အော်ခေါ်ရင်းဒီ အဓမ္မလှိုင်းတွေအောက်တို့တွေ ဘဝလုကူးခတ်နေခဲ့ရတာဖတ်ဖတ်ကိုမော လုံးပါးပါးလို့အသက်ဝအောင်တောင် မရှူနိုင်ကြတော့ပေ။ ။(အို)“ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွအာဇာနည်ခေါင်းဆောင်ကြီးများသားခွပ်ဒေါင်းပျိုတို့အားအမှန်ဆုံး...
July 18, 2008
အတ္တမှန်တစ်ချပ် ဖြတ်ကနဲကွဲပြန့်ချိန်
4:33 PM
No comments
လူတွေကို ငါမယုံဘူး ငါ့ကိုငါမယုံတာ ပိုခက်တယ်၊ငါမှန်မကြည့်ရဲဘူးမှန်တစ်ချပ်ငါ့....ကြောင့်....အထိတ်တလန့်ဖြစ်သွားမှာကြောက်...တယ်။ကောင်းတာတွေမှလိုချင်တတ်တဲ့ငါ့ရဲ့အကောင်းမြင်စိတ်ဓါတ်ကိုငါမမြင်ခဲ့မိဘူး သူငယ်ချင်း။ငါ့အတွေးနဲ့ငါငါခံစားမိသမျှတွေငါရေးချင်ရာရေးမကြိုက်ဘူးပြောရင်ငါ့စိတ်ထဲမှာစာတစ်ပုဒ်ရဲ့အကြောင်းဘယ်လောက်သိသလဲ။စာတစ်ပုဒ်ကိုဖန်တီးရတာဘယ်လောက်ခက်သလဲပြန်ပြောမိတယ် သူငယ်ချင်း။ဖြစ်နေတာတွေဟာအမှန်တရားတွေဘဲလိုချင်တာမရတာငါ့အရည်အချင်းဘဲငါမမြင်နိုင်ဘူး။လော...က...ကြီး....ကို....သာတစောင်းမြင်မိတယ်သူငယ်ချင်း။ငါထမင်းငတ်ခဲ့ဘူးတယ်ငါအိပ်ရေးပျက်ခဲ့ဘူးတယ်။အခုငါထမင်းငတ်မှာ...
July 17, 2008
မင်းတစ်ယောက်တည်း
အချိန်တိုင်း စက္ကန့်တိုင်း မဟုတ်ပေမယ့်နေ့တစ်နေ့ရဲ့ အစိတ်အပိုင်း အတော်များများမှာ မင်းကိုသတိရနေမိတယ်။ငါ့ရဲ့မျှော်လင့်ခြင်းနဲ့ လိုအပ်ခြင်းဟာလဲမင်းတစ်ယောက်တည်းပါ။မင်းမရှိရင် မနေနိုင်တာ မဟုတ်ပေမယ့် ငါမနေတတ်ဘူးဆိုတာ ၀န်ခံပါတယ် ချစ်သူ တိုက်ဆိုင်မှုမရှိဘဲ သတိရခဲ့တာမင်းကလွဲလို့ ဘယ်သူမှ မရှိခဲ့ပါဘူး။မင်းနဲ့တွေ့မှ နိုးထလာတဲ့ ငါ့နှလုံးသားမင်းရဲ့အချစ်နဲ့ နိုးထခွင့်ပြုပါ။zattl...
July 16, 2008
တန်ဖိုး
ကျွန်မထင်တာ လူ့ဘ၀ပာာ မီးပုံးပျံတစ်ခုလိုပါပဲ။ တချိန်ကျရင် မီးလောင်ပြီး ပျောက်ဆုံးသွားမယ် ဆိုတာသိရက်နဲ့ လည်း မီးပုံးပျံကို လွတ်တင်တဲ့ သူတွေပာာ သူတို့ရဲ့ မီးပုံးပျံတွေကို အမြင့်တကာ့ အမြင့်ဆုံးကို လှလှပပလေး ရောက်ပြီးမှ ပေါက်ကွဲ ပျက်စီးစေချင်ကြတာပါ။ အဲ့ဒီလိုပါပဲ လူတွေပာာလည်း တနေ့သေကြရမယ်ဆိုတာ သိနေပေမယ့်လည်း ကိုယ်အသက်ရှင်နေသေးသရွေ့ ဘ၀ရဲ့ အအောင်မြင်နိုင်ဆုံး ထိပ်ဆုံးကို ရောက်ပြီးမှ သေဆုံးသွားရရင် ပိုမကောင်းဘူးလား။ မီးပုံးပျံပာာ ပိာုးအမြင့်ကြီးကို လှလှပပလေး ရောက်ပြီးမှ ပေါက်ကွဲသွားခဲ့ ရင်တောင်မှ အဲ့ဒီမီးပုံးပျံရဲ့ နာမည်နဲ့ ပြုလုပ်သူနာမည်ပာာ လူတိုင်းရင်ထဲမှာ...
ချစ်သူ့ ဒိုင်ယာလော့စ်
ကို့ကို့… ကို ချစ်ပါသလား?ချစ်ပါတယ် ကိုကိုရယ်။ဘယ်လောက်တောင် ချစ်ပါသလဲ?မိုးလောက်ကြီးချစ်ပါတယ်။ဘယ်ထဲက ချစ်ပါသလဲ?နှလုံးသားထဲက ချစ်ပါတယ်။ဘယ်လောက်ကြာကြာ ချစ်မှာလဲ?ကမ္ဘာတည်သ၍ ချစ်ပါ့မယ်။နတ်ပြည်သွားရင်ကောလိုက်မှာပေါ့ငရဲပြည်သွားရင်ကောလိုက်မှာပဲမြို့ထဲက အနှိပ်ခန်းတွေသွားရင်ကောသွားရဲသွားကြည့်…. အကြောင်းသိရမ...
July 14, 2008
Ideal Marriage
ဆရာသမားတစ်ယောက်ကပြောဖူးတာပေါ့…..
Ideal Marriage ဆိုတဲ့ စံပြုလောက်တဲ့ အိမ်ထောင်ရေးမျိုးရချင်ရင်တဲ့…..
သူပြောတဲ့ စံငါးခုနဲ့ ကိုက်ရွေးတဲ့
သူပြောတာက…..
1- loving each other
2- mature brain
3- proper income
4- good health and
5- acceptable both sides
1.loving each other ဒါကတော့ရှင်းပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ချစ်မြတ်နိုးခြင်း၊ အပြန်အလှန် လေးစားနားလည်မှု ပေးခြင်းတို့ ရှိမှသာ ပျော်ရွင်စရာကောင်းတဲ့ အိမ်ထောင်ရေးမျိုးကို ရမှာပါ။2.mature brainကိုယ်အိမ်ထောင်ဘက်က အတွေးအခေါ် ရင့်ကျက်တဲ့သူမျိုးဖြစ်မှသာ တစ်ယောက်နဲ့ တစ်ယောက်နားလည်မှု ကူညီမှုတွေ ပေးနိုင်မှာပါ။ စိတ်ဓာတ်မရင့်ကျက်တဲ့သူ...
မချစ်တက် မမုန်းတက်တဲ့သူ
သက်ရှိသက်မဲ့
ဘယ်အရာကိုမဆို
တဏှာနဲ့ချစ်ရင်
စိတ်ပူလောင်ရတယ်၊
သဒ္ဒါမေတ္တာနဲ့ချစ်ရင်
စိတ်အေးချမ်းရတယ်။
ဒေါသနဲ့မုန်းရင်
စိတ်ဆင်းရဲရတယ်၊
သတိဥာဏ်နဲ့မုန်းရင်
စိတ်ချမ်းသာရတယ်။
တဏှာနဲ့မချစ်တက်တဲ့သူ
ဒေါသနဲ့မမုန်းတက်တဲ့သူ
ဘ၀တိုင်းဖြစ်ရပါစေ။
Just Over Doze
လက်ဆောင်ရထားတဲ့ “အရှင်ဆန္ဒာဓိက” ရေးသားတော်မူထားတဲ့ “မချစ်တက် မမုန်းတက်တဲ့သူ” စာအုပ်ထဲ...
ပြောချင်တာတွေ
ဘာအလုပ်ပဲလုပ်လုပ် ကိုယ်ချင်းစာတရားနဲ့ ဆင်ခြင်တုံတရားကို ရှေ့တန်းတင်ရပါမယ်။ကိုယ်အလုပ်ကြောင့် သူတစ်ပါးကောင်းကျိုး မထိခိုက်မဆုံးရှံးမှ ကိုယ့်အလုပ်ကြောင့် သူတစ်ပါးလိုအပ်ချက် ကွက်တိပြည့်စုံသွားမှ ကိုယ့်အလုပ်ရဲ့အရည်အသွေးမွှေးပျံ့သန့်စင် ကြီးကျယ်မြင့်မြတ်နိုင်ပါတယ်။ အရှင်ဆန္ဒာ...
July 12, 2008
တကယ်…
တကယ်…..ငါအခုတလော ဘာတွေဖြစ်နေမှန်းမသိမင်းရဲ့ အပြုံးလေးတွေကို ဆတိုးပွားစေချင်တဲ့ဆန္ဒတွေ ဖြစ်နေတယ်…..ငါရဲ့ နှလုံးသားလည်းမိုဘိုင်းဖုန်း ကိုင်ပြီးဂြိုလ်တုနဲ့ ရောနှောပြီးလာတဲ့မင်းလေးရဲ့ အသံနဲ့ SMS ကိုမျှော်လင့်တောင်တနေမိတယ်…..Jaidev (အိပ်မက်များ ၀ဘ်ဆိုက်မှ ကူးယူတင်ြ...
July 10, 2008
July 8, 2008
July 7, 2008
ကဗျာ....
၁ နှစ်ပတ်လုံး ၂ လုံးသားမှာ ၃ သပ်ကြည့်တော့ ၄ လံလှတဲ့ ၅ ရဲ့စိတ်မှာ ၆ ကပ်နေလို့ ၇ အားတွေနဲ့ ၈ ရှားပင်လို ၉ ကွယ်ခဲ့တယ် ၁၀ ကမ္ဘာထိတိုင်...ချစ်... မယ် လင်းယ...
July 6, 2008
Subscribe to:
Posts (Atom)